လီဗာပူးအသင်းနဲ့ ထရန့်ကြား စာချုပ်သစ်ကိစ္စ စကားပြောမှုဟာ တိုးတက်မှုရှိနေတယ်လို့ အသံထွက်လာပါတယ်။ ဒါဟာ စပိန်ဘက်က သတင်းတွေနောက်ပိုင်း မာဆေးဆိုဒ် သတင်းထောက်တွေဘက်က ပထမဆုံး အသံပြန်ထွက်လာတာပါ။ ထရန့် ကိုယ်တိုင်ကတော့ ငယ်မွေးခြံပေါက်ကလပ်ဖြစ်တဲ့ လီဗာပူးမှာပဲ ဆက်နေလိုနေဆဲဖြစ်ပါတယ်။ ခီယေဆာက ဒီအပတ် ချယ်ဆီးပွဲအတွက် သူ အဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ကြောင်း လီဗာပူးဒေသတွင်း […]
အမေရိကန် ရာသီကြိုတုန်းက လီဗာပူးကစားသမားတွေဟာ ကမ္ဘာကျော် မင်းသားကြီး စတားလုံးရဲ့ နာမည်ကျော် ရုပ်ရှင် ရော်ကီ ပေါက်ဖွားရာ Philadelphia မြို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ရော်ကီဇာတ်ကောင်ဟာ ဘောက်ဆင်သမားတစ်ယောက်ရဲ့ ဘဝကို အခြေခံတာဖြစ်တာကြောင့် အဆိုပါ ဂန္တဝင်ဂုဏ်ပုဒ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဇာတ်ကား ရိုက်ကူးရာ လက်ဝှေ့ရုံနဲ့ မြို့တော်ခန်းမတွေထံ […]
လီဗာပူးအသင်းရဲ့ ပရော်ဂျက်တွေက သူ့ကို ဆွဲဆောင်ခဲ့ကြောင်းနဲ့ လက်ရှိ ဂိုးသမားတွေ မထွက်ခွာရင်တောင် နောက်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ မာမာဒီရှီဗီလာက ပြောပါတယ်။ လီဗာပူးနဲ့ ကိုနတေးကြား စာချုပ်သစ်ကိစ္စဟာ အတော်လေး အဆင်ပြေပြေဖြစ်နေပြီး အသေးစိတ်ကျတဲ့ အချို့ကိစ္စတွေ သဘောတူညီမှုရရင် လက်မှတ်ထိုးမှု ပြုလုပ်မှာဖြစ်ပါတယ်။ စပိန်သတင်းဌာန မာကာကတော့ […]
လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့တုန်းက ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရခဲ့ပေမယ့် အကောင်အထည် ဖော်ခါနီးမှာ ပျက်ပြယ်ခဲ့ရပါတယ်။ ရီးရဲလ်ဆိုစီဒက်ဘက်က သူတို့ရဲ့ နောက်ထပ် အဓိက ကစားသမားကို လက်မလွတ်လိုတာကြောင့် ဇူဘီမန်ဒီကို ခေါ်ယူရေး အသည်းအသန် အားထုတ်သွားကာ ကွင်းလယ်လူနဲ့ လီဗာပူးကြားမှာ ဆက်ဆံရေး တင်းမာတဲ့ထိ […]
အင်္ဂလန်အသင်းနည်းပြသစ်ဟာ သောမက်စ် တူချယ်ဖြစ်လာခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလကစလို့ တရားဝင် တာဝန်ယူခွင့်ရမှာဖြစ်ပါတယ်။ ကွင်းလယ်လူ နိုင်ယွန်နီဟာ သူ့ရဲ့ ပထမဆုံးသော ပရော်ဖက်ရှင်နယ်စာချုပ်ကို လီဗာပူးအသင်းနဲ့ ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ဖီယင်နုအသင်းမှ video analyst ဗန်ဒါဟမ်ဟာ မကြာခင်မှာပဲ လီဗာပူးကို ရောက်လာပြီး ဆလော့နဲ့ ပူးပေါင်းသွားမှာပါ။ ဆလော့ လက်ထက်မှာ […]
ဘော့စနီးယားကို ဟန်ဂေရီအသင်း ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဆိုဘိုစလိုင်ဟာ ကိုယ်တိုင် ၂ ဂိုးလုံး သွင်းယူပေးခဲ့ပါတယ်။ သူဟာ ဘယ်တောင်ပံကနေ ပွဲထွက်သွားတာပါ။ အက်ဆာက Gym ခန်းထဲမှာ ဟာဗေးကို ပြန်မြင်နေရပါတယ်။ နိုင်ငံတကာသီတင်းပတ်အပြီး အသင်းလိုက် လေ့ကျင့်ရေးမှာ သူ ပါနိုင် မပါနိုင်ကတော့ မသေချာသေးပါဘူး။ […]
အင်တာမီလန် ကွင်းလယ်လူ ဇီလင်စကီးက ၂၀၁၆ မှာ သူ လီဗာပူးအသင်းထံ ပြောင်းလာဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပိုလန်ကြယ်ပွင့်ကို အလေးအနက် စိတ်ဝင်စားခဲ့ကာ ဆေးစစ်ဖို့ ပြင်ဆင်ခဲ့တဲ့ထိ သတင်းကြီးတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြီးသတ် ပြောင်းရွှေ့ဖို့ ဖြစ်မလာခဲ့သလို နောက်ပိုင်းမှာ […]
အင်္ဂလန်က ဖင်လန်ကို အနိုင်ရတဲ့ပွဲမှာ ဘယ်အစွန်လူနေရာက ပွဲထွက်သွားတဲ့ ထရန့်က ဖရီးကစ်ကနေ ကိုယ်တိုင် ဂိုးသွင်းခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုပါ ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ဂရာဗင်ဘက်ချ်ကို နေရာမပေးနိုင်ခဲ့တာက ကင်မစ်နဲ့ ဂေါ်ရက်စကာတို့လို ကွင်းလယ်လူတွေ ရှိနေတာကြောင့်ပါလို့ နာဂယ်စမန်းက ပြောပါတယ်။ မက်ကယ်လစ္စတာ ပွဲထွက်ကနေ ပြန်ကစားနိုင်တော့မယ်လို့ […]
ခံစစ်မှူးဟောင်း မာတစ်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာတဲ့နောက် အသင်းသစ် ရှာမတွေ့ခဲ့ခြင်းနဲ့အတူ ဘောလုံးကစားခြင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နိုင်ငံသီတင်းပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မာကာဟာ လက်ရွေးစင် အသင်းဖော်တွေနဲ့အတူ ပူးတွဲလေ့ကျင့်နေပြီဖြစ်ပါတယ်။ ဆာလာနဲ့ ဗန်ဒိုက်တို့ဟာ သက်ဆိုင်ရာ လက်ရွေးစင်တွေကနေ နှုတ်ထွက်ပြီး လီဗာပူးအသင်းထံ ခပ်စောစော ပြန်လာပူးပေါင်းမှာဖြစ်ပါတယ်။ ဆာလာဟာ ဒဏ်ရာရနိုင်တဲ့ […]
သောကြာနေ့မှာ အီဂျစ်အသင်းက Mauritania အသင်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ မိုဆာလာဟာ နောက်အပတ် လက်ရွေးစင်ပွဲမှာ ပါဝင်မကစားဘဲ နှုတ်ထွက်လာမယ် အသံထွက်နေပါတယ်။ အင်္ဂါနေ့မှာ အီဂျစ်အသင်းဟာ ပြိုင်ဘက်အသင်း အိမ်ကွင်းထံသွားပြီး နောက်တစ်ကျော့ ကစားရဖို့ ရှိနေတာပါ။ လူဦးရေ ၈၂၀၀ ပဲ ဆံ့တဲ့ […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!