ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ လီဗာပူးရဲ့ အခြေအနေ အားလုံးအပေါ် လွှမ်းမိုးထားခဲ့ပါတယ်။ ဒါပေမယ့် ကလပ်ရဲ့ အရှိတရားဟာ ဒီအပတ်မှာ စတင်ပါတော့မယ်။ တနင်္ဂနွေနေ့မှာ ကလော့ပ်ရဲ့ အသင်းဟာ အရေးပါတဲ့ ဘောလုံးရာသီတွေထဲက တစ်ခုကို စတင် ကျော်ဖြတ်မှာ […]
ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် လီဗာပူးနဲ့ ဘရိုက်တန် သဘောတူညီမှု ရသွားခြင်းကို အတော်လေး အရှိုက်ထိသွားခဲ့ပါတယ်။ အပြောင်းအရွှေ့ မဖြစ်ရေး ဘရို်က်တန်ထံ ကမ်းလှမ်းမှု ထပ်ဝင်နိုင်ဖို့ ကိုင်ဆီဒိုရဲ့ အေးဂျင့်အဖွဲ့ဖြစ်တဲ့ Futbol Division ထံ ချက်ခြင်း ဆက်သွယ်ခဲ့တယ်။ အေးဂျင့်အဖွဲ့ကလည်း အပြောင်းအရွှေ့ လက်မခံဖို့ ကိုင်ဆီဒိုကို တားဆီးခဲ့ကာ […]
မနက်ဖြန် ည ၁၀ နာရီမှာတော့ လီဗာပူးအသင်းဟာ ချယ်ဆီးအသင်း အိမ်ကွင်းထံ သွားပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကို စတင် ယှဉ်ပြိုင်ပါမယ်။ ဒီရက်တွေမှာ လာဗီယာ၊ ကိုင်ဆီဒိုအတွက် အပြိုင် လုနေကြခြင်းနဲ့အတူ ရာသီ အဖွင့်ပွဲဟာ မျှော်လင့်ထားတာထက် ပိုမို ပြင်းထန်လာနိုင်ဖွယ် ရှိနေပါတယ်။ […]
ဆော်ဒီကလပ် Al-Ahli အသင်းက သီယာဂိုကို ယူရို ၁၂ သန်းဖြင့် ခေါ်ယူလိုပေမယ့် လီဗာပူးဘက်က ကွင်းလယ်လူကို ရာသီကုန်ထိ ဆက်ထိန်းသွားဖို့ပဲ ရည်ရွယ်ထားပါတယ်။ သီယာဂို ကိုယ်တိုင်ကလည်း ဥရောပမှာပဲ ဆက်ကစားလိုပြီး တူရကီနဲ့ ဆော်ဒီကလပ်တွေရဲ့ ချိတ်ဆက်မှုကို ငြင်းဆန်ထားပါတယ်။ လက်ရှိ လီဗာပူး ကွင်းလယ်မှာ အသက်အကြီးဆုံး […]
ဆော်ဒီကလပ်နဲ့ အခြားသော လိဂ်တွေဘက်က ကမ်းလှမ်းကြပေမယ့်လို့ သီယာဂိုဟာ လီဗာပူးမှာပဲ ဆက်နေမှာဖြစ်ကြောင်း နည်းပြကလော့ပ်က အတည်ပြုပါတယ်။ ကစားသမား တစ်ယောက်အတွက် ပေါင် သန်း ၁၀၀ ပေးပြီး မခေါ်သင့်ဘူးလို့ သူပြောခဲ့တာ မှားတယ်လို့ ကလော့ပ်က ဝန်ခံပါတယ်။ ဒါပေမယ့်လို့ ဘောလုံး မြင်ကွင်းကျယ်က ပြောင်းလဲသွားတာကလည်း အကြောင်းရင်းတစ်ရပ်လို့ […]
လီဗာပူးအသင်းနဲ့ ဘရိုက်တန်ကြား အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှု ရခဲ့ခြင်းကို တော့ဘိုးလီနဲ့ ချယ်ဆီး တာဝန်ရှိသူတွေ အကြီးအကျယ် ပေါက်ကွဲခဲ့ကြပါတယ်။ ၎င်းတို့ဟာ ကိုင်ဆီဒိုအတွက် ပြိုင်ဘက် မရှိဘူးလို့ ယူဆထားခဲ့ကြပြီး မနေ့ကစလို့ လီဗာပူး ပါဝင်လာချိန်ထိ သူတို့ပေးမယ့် ပမာဏမျိုး ပေးနိုင်မယ် မထင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်၊ […]
လီဗာပူးအသင်းဟာ ကိုင်ဆီဒိုကို ခေါ်ယူရေး ဘရိုက်တန်နဲ့ သဘောတူညီမှု ရခဲ့ပေမယ့် ကစားသမားရဲ့ ကိုယ်စားလှယ်တွေ ပါဝင်လာခြင်းနဲ့အတူ ခက်ခဲတဲ့ အခြေအနေကို ဆိုက်ရောက်လာပါတယ်။ ဒီမနက်မှာ လီဗာပူးနဲ့ ဘရိုက်တန်တို့ဟာ ကိုင်ဆီဒိုအတွက် ပေါင် ၁၁၁ သန်းဖြင့် သဘောတူညီမှုရခဲ့ပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမှုဟာ မနက် ၃ နာရီမှာ […]
လီဗာပူးသတင်းထောက်တွေထဲမှာ ပရိသတ်တွေဘက်က လက်ခံပြီး လူလေးစားခံ သတင်းထောက် တစ်ဦးရှိပါတယ်။ အဲ့သတင်းထောက်က ထူးထူးခြားခြားပဲ အမျိုးသမီးဖြစ်ပါတယ်။ သူမကို Melissa Reddy လို့ ခေါ်ပါတယ်။ Melissa Reddy ဟာ Echo မှာ James Pearce လုပ်နေတည်းကကို လီဗာပူးပရိသတ်တွေကြား လူသိများပါတယ်။ ဒါပေမယ့် […]
လီဗာပူးအသင်းက ကိုင်ဆီဒိုအတွက် ဘရိုက်တန်အသင်းကို ပေါင် ၁၁၁ သန်း ပေးပြီး အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ပေမယ့် ချယ်ဆီးဘက်က နောက်ထပ် ကြိုးစားမှု ဝင်ဖို့ အားစိုက်လာကြောင်း လန်ဒန်သတင်းထောက် Nizaar Kinsella က ဆိုပါတယ်။ မနက်တုန်းက ကိုင်ဆီဒိုအတွက် လီဗာပူး၊ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့ […]
လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ သမိုင်းမှာ ပြောစမှတ်တွင်မယ့် ညတစ်ညကို ကျော်ဖြတ်ခဲ့အပြီးမှာ ဗြိတိန်စံချိန်တင်ကြေး ပေါင် သန်း ၁၁၀ ဖြင့် ကိုင်ဆီဒိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ဟာ အခုချိန်ထိ အီကွေဒေါ ကွင်းလယ်လူနဲ့ စကားမပြောရသေးပါဘူး။ အချိန်သိပ်မရတာကြောင့် ကလပ်ဟာ ကိုင်ဆီဒိုနဲ့ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!