လီဗာပူးဟာ ဒီနွေရာသီမှာ ကွင်းလယ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်တော့မယ်ဆိုတာ အားလုံးအသိပါပဲ။ လက်ရှိ ကွင်းလယ်မှာ တာဝန်ယူနေတဲ့သူတွေဟာလည်း လာမယ့်ရာသီ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်ထားကြမှာဖြစ်ပါတယ်။ တိုတောင်းတဲ့ ရာသီကြိုကာလ ပြီးကတည်းက ဖာဘင်ညိုဟာ တစ်ရာသီလုံး ရုန်းကန်နေခဲ့ရပါတယ်။ ဖူလ်ဟမ်နဲ့ အဖွင့်ပွဲမှာ သူ့ရဲ့ စိုးရိမ်ဖွယ် ပုံမှန်ခြေစွမ်းအောက် […]
ဒီအပတ် စနေနေ့မှာ အနိုင် ၃ မှတ် အရင် ရယူပြီးမှ ဘော်ဘီ အပါအဝင် အသင်းဖော်တွေကို စိတ်မကောင်းစွာ နှုတ်ဆက်ပါမယ်လို့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဖွင့်ဟပါတယ်။ ဟန်ဒါဆန်ကပဲ ဘော်ဘီကို ဆုံးရှုံးတာ အတော်လေး နစ်နာမှုပါပဲလို့ ထပ်လောင်း ပြောဆိုပါတယ်။ မန်နေဂျာ ပိုချက်တီနိုက လီဗာပူးပစ်မှတ်တွေဖြစ်တဲ့ […]
လီဗာပူး ညာအစွန်လူ ထရန့်ဟာ ဒီရာသီ သူ့ရဲ့ ၄ ဂိုးမြောက် သွင်းဂိုးကိုတော့ တည်ကန်ဘောကနေ လှလှပပ သွင်းယူခဲ့ပါတယ်။ ဒီလို သွင်းဂိုးကို စတမ်းဖိုဒ့်ဘရစ်ချ်မှာလည်း သူသွင်းယူခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကလည်း ပဲလေစ့်ပွဲမှာ ဒီပုံစံအတိုင်း ထရန့် ဂိုးရလု ဖြစ်ခဲ့ပေမယ့် အသင်းဖော် ဟန်ဒါဆန်နဲ့ ထိခဲ့တာမို့ […]
လီဗာပူးအသင်းရဲ့ အမှတ်ပေးပွဲစဉ် ၇ ပွဲဆက်တိုက် နိုင်ပွဲရယူလာမှုကို မြင်ပြီး တုန်လှုပ်လာသူကတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးပဲ ဖြစ်ပါတယ်။ ရာသီသိမ်းခါနီးမှာ ကလော့ပ်ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့အတူ အမှတ်တွေ ဆက်တိုက် ယူနေချိန်မှာ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ခြေချော်မှုတွေ ရှိနေတာပါ။ […]
ကာတစ်ဂျုံးဟာ လီဗာပူးအသင်းမှာ ထိုးဖောက်ကျော်လွှားရမယ့် အခိုက်အတန့်တစ်ခု ကြုံတွေ့နေတာ ဖြစ်နိုင်တယ်လို့ ဂျေမီကာရေဂါက ပြောဆိုခဲ့ပါတယ်။ လက်စတာကို ၃-၀ နဲ့ အနိုင်ရရာမှာ ၂ဂိုး သွင်းယူပေးခဲ့တဲ့ ကာတစ်ဂျုံးဟာ ကလော့ပ်ရဲ့ စနစ်သစ်မှာ ၉ ပွဲဆက်တိုက် နေရာရနေသလို အဓိကကျတဲ့ အသင်းသား ဖြစ်လာနေပါပြီ။ အသက် ၂၂ […]
ကင်းပါဝါမှာ လက်စတာက လီဗာပူးကို ၃-၀ ဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဒိုင်တွေကြောင့် ရှုံးရတာလို့ နည်းပြ ဒမ်စမစ်က ဝေဖန်သွားပါတယ်။ လီဗာပူးအသင်းရဲ့ အဖွင့်ဂိုး ၂ ဂိုးမှာ ကာတစ်ဂျုံးက ပိတ်သွင်းခဲ့တာဖြစ်ပြီး လှည့်ထွက်ပြီး အပြင်းကန်သွင်းတဲ့ ဒုတိယဂိုးက တော်တော်ကောင်းသလို လူကျွံကနေ ကပ်သီးလေး လွတ်သွားခဲ့တာပါ။ […]
နည်းပြရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းပြတဲ့ ပွဲထွက် ၁၁ ဦး ယာဂင်ကလော့ပ်ဟာ ဒီရာသီအတွက် သူအကြိုက်ဆုံး ပွဲထွက် ၁၁ ဦးကို ရှာတွေ့ခဲ့ပြီဖြစ်ကာ နောက်ပိုင်းပွဲတွေမှာ ဒီလူစာရင်းကို ဆက်တိုက် ပွဲထုတ်လာခဲ့ပါတယ်။ တိုက်စစ်ပိုင်း စတင်မှု နှေးကွေးပေမယ့်လို့ ဘောလုံးကို ကောင်းကောင်းထိန်းချုပ်ပြီး ပွဲကို လွှမ်းမိုးဖို့ရာ လီဗာပူးအသင်း […]
လက်ကျန် ပွဲစဉ် ၂ ပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့် လီဗာပူးအသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လက်စတာကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး ပထမပိုင်းမှာ ကာတစ်ဂျုံးရဲ့ သွင်းဂိုး ၂ ဂိုး၊ ဒုတိယပိုင်းမှာ ထရန့်ရဲ့ တည်ကန်ဘောတွေကနေ ဂိုးရခဲ့တာဖြစ်ပါတယ်။ […]
မက် အယ်လစ္စတာဟာ ဒီနွေမှာ ဘရိုက်တန်က ထွက်ခွာခဲ့ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရ ကလပ်ကို ရွေးချယ်လိုနေကြောင်း The Athletic က ဖော်ပြလာပါတယ်။ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ နွေစျေးကွက် အကြိုမှာ ကမ္ဘာ့ဖလား ချန်ပီယံကို ချိတ်ဆက်ဖို့ ပြိုင်ဆိုင်နေကြတာပါ။ ဘရိုက်တန်နဲ့ အယ်လစ္စတာကြား စာချုပ်ဟာ […]
လီဗာပူးအသင်းဟာ ဒီနွေအတွက် ကွင်းလယ်လူပေါင်း များစွာကို ပစ်မှတ်ထားနေပြီး ဘောလုံးရာသီ မပြီးခင်ထိတော့ တရားဝင် လှုပ်ရှားမှုတွေ ရှိလာဦးမှာ မဟုတ်ပါဘူး။ ဘရိုက်တန်မှ အယ်လစ္စတာ၊ ချယ်ဆီးမှ မောင့်နဲ့ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်တို့ဟာ အသင်းနဲ့ သတင်းအထွက်ဆုံး ကစားသမားတွေ ဖြစ်ပါတယ်။ အယ်လစ္စတာကိုဆိုရင် ဘောလုံးရာသီ ပြီးဆုံးမယ့် မေလ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!