မနက်က ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချယ်ဆီးအသင်းက ပထမအကျော့ ရှုံးထားမှုကို ခြေဖျက်ပြီး ၆-၁ ဖြင့် အနိုင်ရခြင်းကြောင့် ဖိုင်နယ်ထံ တက်သွားခဲ့ပါပြီ။ ၎င်းတို့ဟာ လီဗာပူး vs ဖူလ်ဟမ် အတွဲကနေ တက်လာမယ့် အသင်းနဲ့ ဖိုင်နယ် ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့မှာ လီဗာပူးက ဖူလ်ဟမ်ကို […]
လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေကို ဒီအပတ် ကြာသပတေးနေ့ည ကာရာဘောင်း ပွဲကြိုမှာ လက်ထောက်နည်းပြ ပပ်လင်ဒါးက သတင်းကောင်းတွေ ပေးလာခဲ့ပါတယ်။ Robertson မနေ့ကပဲ အသင်းရဲ့ လေ့ကျင့်ရေးမှာ ရော်ဘတ်ဆန် ပြန်ပြီး ပါဝင်ခဲ့ပါတယ်။ အခုက သူ ဒဏ်ရာကြောင့် နားခဲ့ရတာ ၁၃ ပတ်ရှိပါပြီ […]
ဒါဝင် နူးညက်စ်ရဲ့ သူ့ရဲ့ ကံဆိုးလှတဲ့ အဆုံးသတ်ချက်တွေကို သူကိုယ်တိုင်လည်း သိထားပြီး အသင်းဖော်ဖြစ်သူ လူချိုကို အားငယ်စွာနဲ့ ညည်းတွားမှု လုပ်ခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဒါဝင်ဟာ လီဗာပူးကစားကွက်ကို တက်ကြွစေခဲ့သလို ထူးချွန်တဲ့ လှုပ်ရှားမှုတွေဖြင့် တိုက်စစ်ပိုင်းအား အကူအညီပေးခဲ့ပါတယ်။ […]
ကြာသပတေးမနက် မြန်မာစံတော်ချိန် ၂ နာရီခွဲမှာတော့ လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးအသင်းဟာ ဆာလာ၊ အန်ဒိုတို့ကို လက်ရွေးစင်တွေအတွက် လက်လွတ်ပေးထားရပြီး ထရန့်ကလည်း ဒဏ်ရာရသွားပါပြီ။ ရော်ဘတ်ဆန်၊ ကိုစတက်၊ သီယေဂိုတို့ ပြန်ကစားနိုင်ဖို့လည်း လကုန်ထိ စောင့်ရမှာမို့ လူငယ်တွေကို နေရာပေးဖို့ […]
လီဗာပူးအသင်းက အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ နည်းပြကလော့ပ်ဟာ ပွဲချိန်တွင်းမှာပဲ စနစ်တွေကို ပြောင်းလဲကစားခဲ့ပါတယ်။ ပထမပိုင်းတုန်းက ဗန်ဒိုက် မပါဝင်ပေမယ့် ကိုနတေး၊ ကွမ်းဆက်တို့နဲ့အတူ ခံစစ်ကနေ ဘောလုံးထုတ်နိုင်ဖို့ အားပြုခဲ့ပြီး သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။ အာဆင်နယ်ရဲ့ တရစပ် ဖိအားပေးမှုတွေကြောင့် ခံစစ်ကနေ ဘောလုံးထုတ်ရာမှာ လီဗာပူးဘက်က အေးအေးဆေးဆေး မလုပ်နိုင်ဘဲ […]
အမ်းမရိတ်မှာ အာဆင်နယ်ကို အဝေးကွင်း သွားရောက်ရင်ဆိုင်ကစားပြီး လီဗာပူးအသင်းဟာ ကီဝီအာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိမှု၊ ဒီယက်စ်ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးတွေဖြင့် ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြကလော့ပ်ဟာ တိုက်စစ်သမားတွေအဖြစ် ဒီယက်စ်၊ ဒါဝင်၊ ဂက်ပိုတို့ကို ထုတ်သုံးပေမယ့် ဂက်ပိုကို ကွင်းလယ်ပို့ပြီး ဟာဗေးကို ညာတောင်ပံတင် […]
လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ညမှာ အာဆင်နယ်နဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားပြီး ကြာသပတေးနေ့မှာတော့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ကာရာဘောင်းဖလားပွဲ ဧည့်ခံ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Team news ဆိုဘိုစလိုင် ဒဏ်ရာကြောင့် အက်ဖ်အေပွဲနဲ့ ကာရာဘောင်းပွဲတွေ လွဲပါမယ်။ အာဆင်နယ်ပွဲကို တောင့်တင်းတဲ့ လူစာရင်းဖြင့် ပွဲထုတ်မယ်လို့ […]
တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲမှာ လူငယ်တွေကိုပဲ အဓိက ပွဲထုတ်တာမျိုး မလုပ်ဘဲ တောင့်တင်းတဲ့ လူစာရင်းမျိုးကို ခင်းကျင်းလာနိုင်ကြောင်း နည်းပြကလော့ပ်က ထုတ်ပြောလာပါတယ်။ လီဗာပူးအသင်းမှာ တိုက်စစ်သမား ဆာလာနဲ့ ကွင်းလယ်လူ အန်ဒိုတို့ လက်ရွေးစင် အသင်းတွေနဲ့ သွားရောက် ပူးပေါင်းနေကြတာကလွဲလို့ အဓိက ကစားသမား အများအပြား ရှိနေဆဲပါ။ […]
လီဗာပူးနည်းပြကလော့ပ်ကတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ဆာလာ မပါဘဲ ကစားရမှာဖြစ်ပေမယ့် နိုင်ပွဲအတွက် နည်းလမ်းရှာနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဆာလာဟာ အာဖရိကဖလားပွဲတွေအတွက် အီဂျစ်အသင်းနဲ့ ပူးပေါင်းနေကာ ဖိုင်နယ်ထိ တက်ရောက်နိုင်မယ်ဆိုရင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နောက်ပိုင်းမှ လီဗာပူးနဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ နည်းပြကလော့ပ်ကပဲ ‘ အခု ကျနော်တို့တွေ […]
လီဗာပူးပရိသတ်တွေကြား ရေပန်းစားမှု နည်းပါးပေမယ့်လို့ ဇန်နဝါရီမှာ နည်းပြအဖွဲ့ဝင်တွေ ထောက်ခံခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဘယ်အစွန်လူ အိုဝင်ဘက်ဟာ စကော်တလန်လိဂ်ကနေ အသင်းထံ ပြန်လာခဲ့ပါပြီ။ လီဗာပူးအသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဟောင်း အီရန်ရှပ်ရဲ့ မြေးဖြစ်တဲ့ အိုဝင်ဘက်ဟာ ဒီနွေမှာ စကော်တလန်ကလပ် Dundee အသင်းထံ အငှားထွက်နေခဲ့ပြီး ထူးထူးချွန်ချွန်ကို […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!