ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ဘက်ကတော့ စည်းမျဉ်းစည်းကမ်းတွေကို များစွာ ဖောက်ဖျက်ထားတဲ့ ကွင်းလယ်ဒိုင် ဒေးဗစ်ကုကို ဒိုင်အဖွဲ့ကနေ ထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒိုင်လူကြီးဟာ အယူခံဝင်ခွင့်တော့ ရှိမှာ ဖြစ်ပါတယ်။ ဂျီရိုနာပွဲအတွက် စပိန်ကို ထွက်ခွာသွားတဲ့ ကစားသမား ၁၉ ဦးထဲမှာ ဂျိုတာ ပါဝင်သွားခြင်း မရှိပါဘူး။ လီဗာပူးအသင်းတွင်းမှာ ဆာလာနဲ့ ဗန်ဒိုက်တို့ […]
လီဗာပူးအသင်းဟာ တိုက်စစ်သမား မိုဆာလာကိုလည်း စာချုပ်သစ်အတွက် ကမ်းလှမ်းမှု ပေးအပ်ခဲ့ပြီလို့ ယုံကြည်ရတဲ့ ဗြိတိန်သတင်းထောက် David Ornstein ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ၂၀၂၅ နွေမှာ စာချုပ်ကုန်တော့မယ့် မိုဆာလာနဲ့ ဗန်ဒိုက်တို့ကို လီဗာပူးဘက်က အလွတ်ဖြင့် လက်လွတ်ရမယ့် အခြေအနေ ရှိနေတာပါ။ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေအရ […]
လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဆာလာကို စာချုပ်သစ်အတွက် တရားဝင် ကမ်းလှမ်းမှု ပေးခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဘက်က ဘယ်လို ဆုံးဖြတ်မလဲ စောင့်ကြည့်ရပါမယ်။ ဗန်ဒိုက်ကို စာချုပ်သစ် ပေးထားပြီဖြစ်တဲ့ လီဗာပူးဟာ ညာအစွန်လူ ထရန့်အတွက်ပါ ကမ်းလှမ်းမှု လုပ်ထားခဲ့ပြီလို့လည်း နားလည်ရပါတယ်။ ၃ ယောက်လုံးနဲ့ ကလပ်ဟာ ဆက်လက် စကားပြောနေကြဆဲဖြစ်ပါတယ်။ […]
မာဆေးဆိုဒ်ဒါဘီပွဲကို ရွှေ့ဆိုင်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကောင်း၊ အဆိုးတွေအား ၃ ချက်စီ ရွေးထုတ်ပြသွားပါမယ်။ ဒါကိုတော့ TIA ရဲ့ ဖော်ပြချက်ကို ကိုးကားထားတာ ဖြစ်ပါတယ်။ (အကောင်း) ကစားသမားတွေ ပြန်သက်သာလာဖို့ အချိန်ရခြင်း ဂူဒီဆန်ပက်ခ်ပွဲ မတိုင်ခင်မှာ အယ်လီဆန်၊ ကိုနတေး၊ ဘရတ်ဒလေ၊ ကိုစတက်၊ ခီယေဆာနဲ့ […]
လီဗာပူးအသင်းဟာ မိုဆာလာကို စာချုပ်သစ် ပေးနိုင်ရေး ညိနှိုင်းနေပြီး သဘောတူညီမှု ရရှိသွားတော့မယ့် အခြေအနေလို့ ဗြိတိန်သတင်းထောက်တွေ ရေးသားလာနေပါတယ်။ မိုဆာလာက လီဗာပူးအသင်းမှာပဲ ဆက်နေလိုသလို လီဗာပူးဘက်ကလည်း မိုဆာလာကို စာချုပ်သစ်ပေးလိုနေပါတယ်။ လုပ်ခပိုင်းအတွက် ကြီးကြီးမားမား ပွတ်တိုက်မှုမရှိပေမယ့် နှစ်ဖွဲ့ကြား အဓိက ပြဿနာက စာချုပ်သက်တမ်းဖြစ်နေတာပါ။ ၂၀၂၅ နွေမှာ […]
နည်းပြအာနယ် ဆလော့ဟာ အရမ်းကို အသေးစိတ်ကျတဲ့သူ ဖြစ်ပြီး ဒါကို သူ့ရဲ့ ပထမဆုံး နေ့ရက်တည်းက အသင်းသားတွေ သိခဲ့ကြတယ်လို့ ထရန့်က ပြောပါတယ်။ ဟာဗေး၊ ဂျိုတာနဲ့ အယ်လီဆန်တို့ဟာ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဗာတန်ပွဲမှာတော့ ဟာဗေးကလွဲလို့ ကျန် ကစားသမားတွေ ထုတ်သုံးသေးဖွယ် မရှိပါဘူး။ […]
လီဗာပူးအသင်းဟာ စနေနေ့မှာတော့ အစောဆုံးပွဲအဖြစ် အဲဗာတန်ကို ပရီးမီးယားလိဂ် အဝေးကွင်းပွဲ သွားရောက် ရင်ဆိုင်ကစားရပါမယ်။ နယူးကာဆယ်ပွဲမှာ အဝါကတ်ရခဲ့တဲ့ မာကာဟာ ဒါဘီပွဲကို လွဲချော်သွားဖို့ ရှိနေသလို ရီးရဲလ်ပွဲမှာရခဲ့တဲ့ အဝါကြောင့်ပါ ချန်ပီယံလိဂ်မှာလည်း ၁ ပွဲပယ်ခံထားရသေးတာပါ။ ဒါကြောင့် မာကာဟာ အဲဗာတန်ပွဲမှာကော ကြားရက် ဂျီရိုနာပွဲမှာပါ ပါဝင်ကစားနိုင်မှာ […]
နယူးကာဆယ် နည်းပြ အတ်ဒီဟောင်ကတော့ လီဗာပူးကို ၃-၃ သရေကျတဲ့ ပွဲမှာ သူ့ကို ခြောက်ခြားစေတဲ့ ကစားသမား တစ်ဦးရှိတယ်လို့ ထုတ်ဖော် ဝန်ခံပါတယ်။ ပထမပိုင်းမှာ လီဗာပူးကို ဖိနှိပ်ထားနိုင်ခဲ့တဲ့ နယူးကာဆယ်ဟာ ဒုတိယပိုင်းမှာ ဆာလာရဲ့ တစ်ဦးချင်း ကောင်းမွန်မှုနဲ့အတူ ပြိုလဲလုဖြစ်ခဲ့ကာ အမှားတစ်ချက်ကို အခွင့်အရေး ယူနိုင်ခဲ့လို့ […]
ဒီအပတ် လီဗာပူးနဲ့ အဲဗာတန်တို့ ဂူဒီဆန်ပက်ခ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲဟာ အဆိုပါကွင်းမှာ ကစားရမယ့် နောက်ဆုံးပွဲဖြစ်ပြီး လာမယ့်ရာသီမှာတော့ အဲဗာတန်ဟာ ကွင်းသစ်ထံ ပြောင်းသွားတော့မှာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဗန်ဒိုက်က ပြီးခဲ့တဲ့ပွဲတွေကို ဂရုမထားဘဲ လာမယ့် စနေနေ့ပွဲအပေါ်မှာပဲ အာရုံစိုက်ကြဖို့ တိုက်တွန်းပါတယ်။ အီဂျစ်သတင်းထောက် Haytham Farouk ကတော့ […]
လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကြယ်ပွင့် တိုက်စစ်သမားရဲ့ တောက်ပမှုကို ဖုံးကွယ်ဖို့ရာ လေ့ကျင့်ရေး ဗီဒီယိုတွေမှာ သီးသန့် ဖြတ်တောက်မှုတွေ ပြုလုပ်နေရပါတယ်။ လီဗာပူးအသင်းရဲ့ အသင်းလိုက် လေ့ကျင့်ရေးတွေမှာ ဒဏ်ရာက သက်သာလာတဲ့ ခီယေဆာအပြင် လူငယ်စတား အချို့လည်း ပါဝင်လာနိုင်ပေမယ့် မီဒီယာဖိအားတွေကို ရှောင်ရေး သူတို့နဲ့ ပက်သက်တဲ့ တိုးတက်မှုတွေကို […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!