အယ်လီဆန်နေရာ အပိုင်သိမ်းလိုက်တဲ့ ကလယ်ဟာ၊ ထိပ်သီး နည်းပြ ၂ ဦးအား အနိုင်ယူခြင်း၊ ဒီဇင်ဘာနဲ့တင် ဖလားမရကြောင်း သတိပေးချက်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

December 2, 2024 LFC2 0

အန်ဖီးကွင်းမှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို အနိုင်ရတဲ့နောက် လီဗာပူးအသင်းဟာ အမှတ်ပေးယား ဒုတိယနေရာကအသင်းကို ၉ မှတ် ဖြတ်လိုက်ပြီဖြစ်ပါတယ်။ အာနယ် ဆလော့ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၂ ဦးဖြစ်တဲ့ အန်ဆယ်လော့တီနဲ့ ဂွာဒီယိုလာတို့ကို ၄ ရက်အတွင်း အနိုင်ယူပြခဲ့ပါပြီ။ သွင်းဂိုးရှင် မိုဆာလာကတော့ ဒီနေ့ပွဲဟာ […]

ဂွာဒီယိုလာခေတ်မှာ မန်စီးတီးကို မျက်နှာ-အင-ယ်-ဆုံး ဖြစ်စေတဲ့ထိ ကစားပြခဲ့တဲ့ လီဗာပူး

December 2, 2024 LFC2 0

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ လက်ရှိ ချန်ပီယံတွေကို ၂-၀ ဖြင့် အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဒုတိယနေရာက အသင်းကို ၉ မှတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ နည်းပြအာနယ် ဆလော့ဟာ သူ့ရဲ့ အကောင်းဆုံး လူစာရင်းကို ရွေးချယ်ခွင့် မရပေမယ့် အဖြစ်သင့်ဆုံး လူစာရင်းကို ထုတ်သုံးသွားခဲ့ပါတယ်။ ဒါ့အပြင် […]

ထရန့်၊ ဆိုဘိုနဲ့ ဂိုးမက်စ်တို့ ပါလာမယ့် မန်စီးတီးပွဲအတွက် ဖြစ်လာနိုင်ဖွယ် ပွဲထွက်လူစာရင်း

December 1, 2024 LFC2 0

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှု ပြေးလမ်းမှာ လွတ်လွတ်ကျွတ်ကျွတ် ဆက်ပြေးနိုင်ဖို့ ဒီကနေ့ မန်စီးတီးကို ရင်ဆိုင်ရာမှာ ရလဒ်ကောင်း ယူနိုင်ဖို့ လိုပါတယ်။ ဒီပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်ဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ အချိုးအကွေ့ဖြစ်သွားနိုင်ပါတယ်။ Team News ဘရတ်ဒလေ လပိုင်း အနားယူရမှာဖြစ်ကာ ထရန့် ပွဲထွက်ကနေ […]

လီဗာပူး ပြိုလဲမယ့်အချိန်ကို စောင့်နေတယ် ဆိုလာတဲ့ အာဆင်နယ်နည်းပြ အာတီတာ

December 1, 2024 LFC2 0

အာဆင်နယ်နည်းပြ အာတီတာက သူတို့ဟာ လီဗာပူးအသင်း ဖလားပြိုင်ဆိုင်မှုကနေ ခြေချော်ကျလာမယ့် အချိန်ကို စောင့်နေမယ်လို့ mind game စတင်သွားပါတယ်။ အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ ရမှတ်ကွာဟမှု ကြီးမားသွားပေမယ့် ကာလရှည် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကြားမှာ အာနယ် ဆလော့တို့ အသင်းကလည်း အမြင့်ဆုံး စွမ်းဆောင်ရည်ကနေ ကျဆင်းလာမယ့် အချိန်ဆိုတာ […]

ကိုနတေး ကာလရှည် နားရဖို့ရှိခြင်း၊ ချန်ပီယံ ဘယ်အသင်းဖြစ်လာမလဲ တုန့်ပြန်မှု၊ ခံစစ်အတွက် လမ်းဖွင့်ထားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

November 30, 2024 LFC2 0

အာနယ် ဆလော့က သူဟာ ဂွာဒီယိုလာရဲ့ ပြိုင်ဘက်လား ဆိုတဲ့ မေးခွန်းအတွက် ပွဲတစ်ပွဲ ရလဒ်ထွက်ရေးဟာ သူနဲ့ ဂွာဒီယိုလာကြား မဟုတ်ဘဲ ကစားသမားတွေကြား ပြိုင်ဆိုင်ကြတာပါလို့ တုန့်ပြန်သွားပါတယ်။ ကိုနတေးဟာ ကျိုးပဲ့ဒဏ်ရာ မရပေမယ့် ကာလရှည် အနားယူရမှာဖြစ်ကာ အနည်းဆုံး ၆ ပတ်ထိ အသင်းအတွက် ပွဲထွက်ပေးနိုင်မှာ […]

NEWS: လီဗာပူးနဲ့ အာနယ် ဆလော့တို့ရဲ့ အပြောင်းအရွှေ့ကနေ ခေါ်ယူလိုတဲ့ အဓိက ပစ်မှတ် ကစားသမား

November 29, 2024 LFC2 0

လီဗာပူးအသင်းဟာ နည်းပြသစ် အာနယ် ဆလော့ လက်ထက်မှာ ကွင်းလယ်ခံစစ်ကို အားဖြည့်ရေးအား ဦးစားပေးအဖြစ် ရွေးချယ်ထားဆဲဖြစ်ပါတယ်။ နွေတုန်းက ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ယူရို သန်း ၆၀ ဖြင့် ခေါ်ယူခွင့်အား လီဗာပူးဘက်က အသက်သွင်းဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြောစရာဖြစ်လောက်တဲ့ ဂယက်တွေနဲ့အတူ မအောင်မြင်ခဲ့ပါဘူး။ အနာဂတ်မှာ […]

အဝတ်လဲခန်းကတော့ ကာရေဂါကို သိပ်မ-ကြ-ည်-ပါဘူးလို့ ပေါ်တင် ထုတ်ပြောတဲ့ ရိုဘို

November 29, 2024 LFC2 0

လီဗာပူးအသင်းသားတွေဟာ ကိစ္စတွေကို ပိုကြီးသွားစေတဲ့ ကာရေဂါရဲ့ သုံးသပ်ချက်ကို မကြည်ဘူးလို့ ရိုဘိုက နောက်နောက်ပြောင်ပြောင်ဖြင့် အသိပေးသွားပါတယ်။ ဆာလာရဲ့ သက်တမ်းမတိုးနိုင်ခြင်းကြောင့် နေဖို့ထက် ထွက်သွားဖို့ များပါတယ်လို့ ပြောဆိုမှုအား ကာရေဂါက စိတ်ပျက်မိကြောင်းနဲ့ ပွဲကြီးတွေ ရောက်လာချိန် အီဂျစ်သားက တစ်ကိုယ်ကောင်းဆန်စိတ် များနေတယ်လို့ ဝေဖန်ခဲ့တာပါ။ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို […]

ဘရတ်ဒလေ ဒီဇင်ဘာတစ်လလုံး နားရမည်၊ ကိုနတေး မန်စီးတီးပွဲ လွဲနိုင်ခြင်း စတဲ့ ဒဏ်ရာ ကိစ္စတွေ အပါအဝင် နံနက်ခင်း လီဗာပူးသတင်းတိုများ

November 29, 2024 LFC2 0

ညာအစွန်လူ ဘရတ်ဒလေဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဒီဇင်ဘာလ ပွဲစဉ်တွေကို လွဲချော်သွားဖို့ များနေပါတယ်။ ခံစစ်မှူး ကိုနတေးဟာ ပြင်းထန် ဒဏ်ရာ အခြေအနေကနေ ရှောင်လွဲနိုင်ခဲ့ပေမယ့် ဒီအပတ် မန်စီးတီးပွဲကို လွဲဖွယ်ရှိနေပါတယ်။ ကိုနတေးက ကွင်းပြင်ကို လမ်းလျှောက်ပြီးတောင် မထွက်သွားနိုင်ဘူးလို့ သိရပါတယ်။ ဒီအပတ် ချန်ပီယံလိဂ် အကောင်းဆုံးအသင်းထဲမှာ […]

ရီးရဲလ်ပွဲအပြီး မင်း လီဗာပူးမှာ ဆက်နေမှာလား? ဆိုတဲ့ တိုက်ရိုက် မေးခွန်းအား ဗန်ဒိုက် အဖြေပြန်

November 28, 2024 LFC2 0

ဆာလာ စာချုပ်ကိစ္စ ပွက်လောရိုက်နေချိန်မှာပဲ ရီးရဲလ်မက်ဒရစ်ပွဲအပြီး မီဒီယာသမားတွေက ဗန်ဒိုက်ကိုလည်း တူညီတဲ့မေးခွန်း မေးခဲ့ကြပါတယ်။ စပိန်သတင်းထောက် တစ်ဦးက တစ်ခုတည်းသော မေးခွန်းအဖြစ် မင်း လီဗာပူးမှာ ဆက်နေမှာလား? လို့ မေးရာမှာ ဗန်ဒိုက်က ရယ်မောပြီး ” မင်းက တိုက်ရိုက်ကြီးကို မေးတော့တာပါလား၊ ငါ့ကို ဒီလိုကြီး […]

NEWS: ဒဏ်ရာရခဲ့တဲ့ ကိုနတေးနဲ့ ဘရတ်ဒလေတို့ ကံကောင်းကြဖွယ်ရှိ

November 28, 2024 LFC2 0

ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်တဲ့ပွဲမှာ ဒဏ်ရာရခဲ့ကြတဲ့ ဘရတ်ဒလေနဲ့ ကိုနတေးတို့ဟာ အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။ ဘရတ်ဒလေက ဖြတ်ထုတ်ခံရရာကနေ ကြွက်တက်တဲ့ ပုံစံဖြစ်ခဲ့တာဖြစ်ကာ ကိုနတေးကလည်း ပွဲပြီးခါနီး ဝင်တိုးခံလိုက်ရရာက နာကျင်မှုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြဆလော့က “ အခုချိန်ထိ မသိသေးပါဘူး။ သူတို့ နာကျင်မှုတွေရှိခဲ့တာကို သိပေမယ့် ပွဲပြီးပြီးချင်း […]