အာနယ် ဆလော့က ဒီရာသီမှာ မိနစ် ၉၀ အပြည့် မကစားရသေးတဲံ ဂျိုတာအတွက် ပွဲချိန်တွေကို အကောင်းဆုံး စီမံပေးနေကြောင်း ထုတ်ပြောလာပါတယ်။ မနှစ်ကရာသီမှာ ဂျိုတာဟာ ပြိုင်ပွဲစုံ ၂၃ ပွဲထိ လွဲချော်ခဲ့ပါတယ်။ သူ ဒဏ်ရာရသွားတဲ့ ဘရန့်ဖိုဒ့်ပွဲဟာဆိုရင် လီဗာပူးအသင်း ဖလားလေးလုံး လမ်းကြောင်းမှာ အကောင်းဆုံး […]
ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ၅-၁ ဖြင့် အနိုင်ရပြီး နောက်အဆင့်ကို တက်သွားတဲ့နောက် လီဗာပူးအသင်းရဲ့ တိုက်စစ်အင်အားဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်လို့ရတယ်လို့ ပရိသတ်တွေဘက်က ကြွေးကြော်လိုက်ပါတယ်။ လီဗာပူးတိုက်စစ်မှာ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပို၊ ခီယေဆာတို့ ၆ ဦးထိ ရှိနေပြီး နေရာတိုင်းမှာ […]
လီဗာပူးအသင်းဟာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို စာချုပ်သက်တမ်းတိုးဖို့ အခုချိန်ထိ စကားမပြောသေးသလို ကစားသမားတွေနဲ့ စာချုပ်ကိစ္စတွေ မီဒီယာထက်မှာ ပျံ့နှံ့လာမှာကိုလည်း အလိုမရှိပါဘူး။ အသင်းဟာ နောက်ကွယ်မှာတော့ ဒီကစားသမား ၃ ဦးကို ဘယ်လို စာချုပ်ပေးမလဲ ဆိုတဲ့ ကိစ္စကို အကဲဖြတ်နေကြတယ်လို့ နားလည်ထားရပြီး ထရန့်ကလွဲရင် ကျန် […]
ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းပွဲမှာ ခံစစ်က ဘရတ်ဒလေနဲ့ ကွမ်းဆက်၊ ကွင်းလယ်မှာ ဂျုံးနဲ့ အန်ဒိုတို့ ပွဲထွက်ကစားခွင့်ရမယ်လို့ သိရပါတယ်။ တိုက်စစ်သမား ခီယေဆာဟာ လီဗာပူးကစားသမားဘဝ ပထမဆုံး ပွဲထွက်ခွင့်ကို ဒီညပွဲမှာ ရသွားဖွယ် ရှိနေပါတယ်။ နည်းပြဆလော့ဟာ ကွင်းလယ်လူ နိုင်ယွန်နီနဲ့ မော်တန်တို့ကို ယူ-၂၁ ပွဲစဉ်ကနေ ဖယ်ထုတ်ထားခဲ့ကာ […]
စနေနေ့က ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ခံစစ်မှူး အီဘူးက ထူးချွန်ခြေစွမ်း ပြသခဲ့ပြီး ဒီယက်ဇ်ရဲ့ အဖွင့်ဂိုးနဲ့ ဒါဝင်ရဲ့ သွင်းဂိုးတွေအတွက် ခံစစ်ကနေ ဘောလုံးထုတ်ပေးခဲ့ပါတယ်။ နည်းပြဆလော့ကတော့ ပြိုင်ဘက် ကစားသမားတွေက အီဘူးကို လူမကပ်ဘဲ ဗန်ဒိုက်လောက် လူကပ်နေကြတာကြောင့် အသင်းက လွတ်လပ်စွာ ကစားခွင့်ရနေတယ်လို့ […]
ဂရာဗင်ဘက်ချ်လို ကစားသမားကောင်းနဲ့ တွဲကစားရချိန်မှာ ကိစ္စတွေက ပိုပြီး လွယ်ကူသွားပါတယ်လို့ ကွင်းလယ်လူ မက်ကယ်လစ္စတာက ဆိုပါတယ်။ WhoScored ရဲ့ ဒီအပတ် အကောင်းဆုံးအသင်းထဲမှာ ထရန့်၊ ကိုနတေး၊ ဆာလာ၊ ဒီယက်ဇ်၊ ဒါဝင်တို့ ၅ ဦးထိ ပါဝင်သွားပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ တတိယအကောင်းဆုံးအသင်း ဖြစ်တယ်လို့ […]
မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုက အီတီဟတ်မှာ အာဆင်နယ်ကို ၂-၂ သရေကျတဲ့ပွဲအပြီး လီဗာပူးနဲ့ ဖလားပြိုင်ရတဲ့ နေ့ရက်တွေကို သတိရနေဟန် ရှိပါတယ်။ ပရီးမီးယားလိဂ်ဖလားကို အဓိက စိန်ခေါ်တဲ့ အသင်းတွေဟာ ဒီနှစ်နှစ်အတွင်း အပြောင်းအလဲ ဖြစ်လာပြီး မန်စီးတီးရဲ့ အဓိက စိန်ခေါ်သူက လီဗာပူးအစား အာဆင်နယ် ဖြစ်လာခဲ့တာပါ။ […]
ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ လီဗာပူးအသင်းဟာ ရမှတ် ၁၂ မှတ်ဖြင့် ဇယားထိပ်က မန်စီးတီးနောက် ၁ မှတ်အကွာ ဒုတိယနေရာက ကပ်လိုက်နေပါတယ်။ ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့က လီဗာပူးကနေ ထွက်လိုရိပ် မပြသဘဲ အသင်းမှာပဲ ဆက်နေလိုကြောင်း သဘောထားတွေရှိနေတာမို့ အကောင်းဖြစ်မယ့် နည်းလမ်းကို […]
အန်ဖီးမှာ ဘုန်းမောက်ကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း ဒါဝင် ဂိုးသွင်းမယ့် အနေအထားကို မြင်ခဲ့စဉ်မှာ သူ သဘောမကျခဲ့ကြောင်း နည်းပြ အာနယ် ဆလော့က ဝန်ခံလိုက်ပါတယ်။ နံပါတ် ၉ တိုက်စစ်သမားထံက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်ခဲ့ရပြီး နည်းပြသစ် လက်ထက် ပွဲထွက်က ပါဝင်ခွင့်ရတဲ့ […]
ဒါဝင် မကန်သွင်းခင်မှာ သူဘာလို့ ဒီအနေအထားကနေ ကန်တာလဲ မသိဘူးလို့ သဘောမကျခဲ့ပေမယ့် ဂိုးဝင်သွားချိန်မှာတော့ ဒါဝင်က သူ ကစားသမားဘဝကထက် ပိုကောင်းတဲ့သူဆိုတာ လက်ခံလိုက်တယ်လို့ ဆလော့က ရယ်ရယ်မောမော ပြောပါတယ်။ အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့က ဘုန်းမောက်ပွဲအပြီးမှာ ဒါဝင် နူးညက်စ် ဂိုးရသွားတာကို ကျေနပ်နေကြပြီး […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!