အပြင်ဘက်က အသံတွေ အရမ်း ကျယ်လောင်နေလို့ဆိုပြီး ဂရူးမူးထိုး လူသစ်ခေါ်ယူခြင်းမျိုး လီဗာပူးအသင်း ပြုလုပ်မှာ မဟုတ်ကြောင်း David Ornstein က ပြောပါတယ်။ ဘော်ဘီကလက်ဟာ ဆဲလ်ဘတ်ကို ပြောင်းဖို့ ပုဂ္ဂိုလ်ရေးပိုင်း သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြားမှာ ယူရို ၁၁.၆၅ သန်းအပြင် အနာဂတ် အပြောင်းအရွှေ့ အကျိုးခံစားခွင့်တွေဖြင့် […]
ပရီးမီးယားလိဂ်အဖွင့်ပွဲအတွက် LFCTV ကနေ သုံးသပ်စကားပြောရာမှာ လီဗာပူးကစားသမားဟောင်း Gary Gillespie ရဲ့ ထင်မြင်ချက်တွေဟာ အသင်းပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ တကယ်တော့ Gary Gillespie ဟာ နည်းနည်းရရ မဟုတ်ပါဘူး။ ၈၀ နဲ့ ၉၀ ခုနှစ်တွေအတွင်း လီဗာပူးအတွက် ၉ နှစ်ဝန်းကျင်ကစားခဲ့ရာမှာ အမှတ်ပေးဖလား […]
အစ်ဝစ်ချ်ပွဲ ဒုတိယပိုင်းမှာတော့ နည်းပြအာနယ်ဟာ ခံစစ် ၄ ယောက်နဲ့ ကွင်းလယ် ၂ ယောက် ပေါင်းစပ်ကာ ကစားကွက် ဖန်တီးနေမှုကို လက်လျော့ပြီး ခံစစ် ၃ ယောက်တန်း ပုံစံမှာ ထရန့်ကို ကွင်းလယ်ဝင်စေတဲ့ ပုံစံကို ပြန်ပြောင်းခဲ့တာဖြစ်ပါတယ်။ အာနယ် ဆလော့ဟာ ၂၆ နှစ်အတွင်း […]
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် တန်းတက်ကလပ် အစ်ဝစ်ချ်နဲ့ ယှဉ်ပြိုင်ရာမှာ လီဗာပူးအသင်းက ၂-၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ နည်းပြအာနယ် ဆလော့ရဲ့ လီဗာပူးနည်းပြ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ပွဲထွက်လူစာရင်းက အယ်လီဆန်၊ ထရန့်၊ ကွမ်းဆက်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ မာကာ၊ ဂရာဗင်ဘက်ချ်၊ ဆိုဘို၊ […]
ဒီကနေ့ည မြန်မာစံတော်ချိန် ၆ နာရီမှာ လီဗာပူးအသင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ပထမဆုံး အမှတ်ပေးပွဲအဖြစ် အစ်ဝစ်ချ်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ပါမယ်။ နည်းပြအာနယ် ဆလော့က ရစ်ချက်ဟုချ်ဟာ လူသစ်ခေါ်ယူနိုင်ရေး အားထုတ်နေဆဲပါလို့ အစ်ဝစ်ချ်ပွဲကြိုမှာ ပြောပါတယ်။ The Times သတင်းထောက် Paul Joyce […]
ဒီအပတ်မှာ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်တော့မှာဖြစ်ကာ လီဗာပူးက ပရီးမီးယားလိဂ်တန်းတက် အစ်ဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။ လိဂ်ဝမ်းကနေ ချန်ပီယံရှစ်နဲ့ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ၂ ရာသီဆက် တန်းတက်လာတဲ့ အစ်ဝစ်ချ်ကို လီဗာပူး အနိုင်ရမှာဖြစ်ပေမယ့် ကစားသမား ၂ ဦးနေရာ အင်အားမဖြည့်ထားရင် ဖလားစိန်ခေါ်မှု ဝေးနိုင်တယ်လို့ ပေါမာဆန်က […]
ဗန်ဒုတ်၊ ဂေါ်ဒန်၊ မက်ကော်နယ်တို့ဟာ ယူ-၂၁ အသင်းထံ ပြန်ရောက်သွားပြီဖြစ်ကာ မော်တန်၊ ဘာ့ဂျ်ဆဲတစ်နဲ့ နိုင်ယွန်နီတို့ကတော့ စီနီယာအသင်းနဲ့အတူ ဆက်လက် လေ့ကျင့်နေပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီမှာ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ကွာဟသွားမှုကို ပြန်ကျဉ်းမြောင်းအောင် အားထုတ်ဖို့ လီဗာပူးအသင်း ကြိုးစားနေကြောင်း နည်းပြအာနယ်က ပြောပါတယ်။ စျေးကွက် […]
လီဗာပူးအသင်းက ဇူဘီမန်ဒီကို ခေါ်ယူရေး ကိစ္စမှာ အောင်မြင်အောင် မစည်းရုံးနိုင်ခဲ့တာဟာ နည်းပြအာနယ် ဆလော့ကြောင့်လည်း သက်ဆိုင်တယ်လို့ ကာရေဂါက မှတ်ချက်ပေးလာပါတယ်။ လီဗာပူးအသင်းဟာ ဂန္တဝင်နည်းပြကြီး ကလော့ပ် မရှိတော့တဲ့ ပထမဆုံး ဘောလုံးရာသီကို ကျော်ဖြတ်ရမယ့် အနေအထားမှာ ကစားသမားကောင်းတွေ ခေါ်ယူနိုင်စွမ်းမရှိ ဖြစ်နေပါတယ်။ အပြောင်းအရွှေ့မှာ ထက်မြက်မှုတွေအတွက် လီဗာပူးအပြောင်းအရွှေ့ […]
လီဗာပူးအသင်း တာဝန်ရှိသူတွေရဲ့ ခေါင်းမာမှုကြောင့် နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းဟာ အပြောင်းအရွှေ့ ကိစ္စ စကားပြောဆိုမှုတွေကနေ နောက်ဆုတ်ခဲ့ကြောင်း ဒတ်ချ်သတင်းတွေက ဖော်ပြလာပါတယ်။ လီဗာပူးအသင်းနဲ့အတူ ရာသီကြိုမှာ ပါဝင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်နိုင်ချေတွေကြောင့် ခံစစ်မှူး ဗန်ဒန်ဘတ်ဟာ ဒီအပတ် အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ လာပါမက်စ်နဲ့ ခြေစမ်းပွဲအတွင်း အရန်ခုံမှာပဲ ထိုင်ခဲ့ရတာပါ။ […]
အစ်ဝစ်ချ်အသင်းနဲ့ပွဲစဉ်ကို ဒိုင်လူကြီးအဖြစ် Tim Robinson ကိုင်မှာဖြစ်ကာ VAR ဒိုင်ကတော့ Stuart Attwell ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဇူဘီမန်ဒီ အပြောင်းအရွှေ့ ကိစ္စ ညိနှိုင်းနေစဉ် ဘာ့ဂျ်ဆဲတစ်ကို အငှားချပေးဖို့ပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ စပိန်သတင်းဌာနတွေကတော့ လီဗာပူးနဲ့ ဗလန်စီယာဂိုးသမားအကြောင်း စျေးနှုန်း ၂ […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!