ကာတစ်ဂျုံးဟာ လီဗာပူးအသင်းမှာ ထိုးဖောက်ကျော်လွှားရမယ့် အခိုက်အတန့်တစ်ခု ကြုံတွေ့နေတာ ဖြစ်နိုင်တယ်လို့ ဂျေမီကာရေဂါက ပြောဆိုခဲ့ပါတယ်။ လက်စတာကို ၃-၀ နဲ့ အနိုင်ရရာမှာ ၂ဂိုး သွင်းယူပေးခဲ့တဲ့ ကာတစ်ဂျုံးဟာ ကလော့ပ်ရဲ့ စနစ်သစ်မှာ ၉ ပွဲဆက်တိုက် နေရာရနေသလို အဓိကကျတဲ့ အသင်းသား ဖြစ်လာနေပါပြီ။ အသက် ၂၂ […]
ကင်းပါဝါမှာ လက်စတာက လီဗာပူးကို ၃-၀ ဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဒိုင်တွေကြောင့် ရှုံးရတာလို့ နည်းပြ ဒမ်စမစ်က ဝေဖန်သွားပါတယ်။ လီဗာပူးအသင်းရဲ့ အဖွင့်ဂိုး ၂ ဂိုးမှာ ကာတစ်ဂျုံးက ပိတ်သွင်းခဲ့တာဖြစ်ပြီး လှည့်ထွက်ပြီး အပြင်းကန်သွင်းတဲ့ ဒုတိယဂိုးက တော်တော်ကောင်းသလို လူကျွံကနေ ကပ်သီးလေး လွတ်သွားခဲ့တာပါ။ […]
နည်းပြရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းပြတဲ့ ပွဲထွက် ၁၁ ဦး ယာဂင်ကလော့ပ်ဟာ ဒီရာသီအတွက် သူအကြိုက်ဆုံး ပွဲထွက် ၁၁ ဦးကို ရှာတွေ့ခဲ့ပြီဖြစ်ကာ နောက်ပိုင်းပွဲတွေမှာ ဒီလူစာရင်းကို ဆက်တိုက် ပွဲထုတ်လာခဲ့ပါတယ်။ တိုက်စစ်ပိုင်း စတင်မှု နှေးကွေးပေမယ့်လို့ ဘောလုံးကို ကောင်းကောင်းထိန်းချုပ်ပြီး ပွဲကို လွှမ်းမိုးဖို့ရာ လီဗာပူးအသင်း […]
လက်ကျန် ပွဲစဉ် ၂ ပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့် လီဗာပူးအသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လက်စတာကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး ပထမပိုင်းမှာ ကာတစ်ဂျုံးရဲ့ သွင်းဂိုး ၂ ဂိုး၊ ဒုတိယပိုင်းမှာ ထရန့်ရဲ့ တည်ကန်ဘောတွေကနေ ဂိုးရခဲ့တာဖြစ်ပါတယ်။ […]
မက် အယ်လစ္စတာဟာ ဒီနွေမှာ ဘရိုက်တန်က ထွက်ခွာခဲ့ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရ ကလပ်ကို ရွေးချယ်လိုနေကြောင်း The Athletic က ဖော်ပြလာပါတယ်။ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ နွေစျေးကွက် အကြိုမှာ ကမ္ဘာ့ဖလား ချန်ပီယံကို ချိတ်ဆက်ဖို့ ပြိုင်ဆိုင်နေကြတာပါ။ ဘရိုက်တန်နဲ့ အယ်လစ္စတာကြား စာချုပ်ဟာ […]
လီဗာပူးအသင်းဟာ ဒီနွေအတွက် ကွင်းလယ်လူပေါင်း များစွာကို ပစ်မှတ်ထားနေပြီး ဘောလုံးရာသီ မပြီးခင်ထိတော့ တရားဝင် လှုပ်ရှားမှုတွေ ရှိလာဦးမှာ မဟုတ်ပါဘူး။ ဘရိုက်တန်မှ အယ်လစ္စတာ၊ ချယ်ဆီးမှ မောင့်နဲ့ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်တို့ဟာ အသင်းနဲ့ သတင်းအထွက်ဆုံး ကစားသမားတွေ ဖြစ်ပါတယ်။ အယ်လစ္စတာကိုဆိုရင် ဘောလုံးရာသီ ပြီးဆုံးမယ့် မေလ […]
လီဗာပူး ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာနန်ဒို တောရက်စ်နဲ့ အဘီလိုအာတို့ဟာ ဘောလုံးသမားဘဝတွေကနေ အနားယူခဲ့ပြီးနောက် လက်ရှိမှာတော့ လူငယ်အသင်း နည်းပြတွေအဖြစ် ဒါဘီပြိုင်ဘက်တွေမှာ တာဝန်ယူနေကြပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တည်းက မက်ဒရစ် အခြေစိုက် အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ယူ-၁၉ အသင်းကို တောရက်စ် ကိုင်တွယ်နေတာပါ။ […]
လီဗာပူးအသင်းဟာ ဒီရာသီမှာ တတ်နိုင်သလောက် ရမှတ်တွေ ရယူနိုင်ဖို့ကို အာရုံစိုက်နေပြီး လာမယ့်ရာသီ မန်စီးတီးကို အနိုင်ယူရေးအတွက် သီးသန့်ကြီး စဉ်းစားနေတာမျိုး မရှိပါဘူး။ ကလော့ပ်ကတော့ မန်စီးတီးနဲ့ပွဲတွေမှာ နိုင်ရမယ် ဆိုတာထက် တစ်ရာသီ ပွဲပေါင်း ၂၅ ပွဲလောက်ကို အနိုင်ယူဖို့ကိုပဲ အာရုံစိုက်လိုနေတယ်။ ဒါဟာ ချန်ပီယံလိဂ် ဝင်ခွင့် […]
လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ ဥရောပဝင်ခွင့် တစ်နေရာရရေး အရေးကြီးပွဲအဖြစ် လက်စတာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရပါမယ်။ ချန်ပီယံလိဂ် ဝင်ခွင့် မသေချာပေမယ့် ယူရိုပါလိဂ် ဝင်နိုင်ဆဲ လီဗာပူးအသင်းဟာ ဒီပွဲမှာ အနိုင် ၃ မှတ်သေချာပေါက် ရယူထားဖို့ လိုအပ်နေပါတယ်။ Team news ဖာမင်နို ပွဲကစားနိုင်ဖို့ […]
ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၃ ပွဲပဲ ကစားရတော့မယ့် အချိန်မှာ အဆင့် ၃ က နယူးကာဆယ်နဲ့ လီဗာပူးကြားမှာ ၄ မှတ်ကွာဟနေသလို အဆင့် ၄ က ယူနိုက်တက်နဲ့ လီဗာပူးကြားလည်း ၄ မှတ် ကွာဟနေပါတယ်။ လူငယ်အစွန်လူ လုချမ်ဘာက သူလက်ရှိ အငှားထွက်နေတဲ့ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!