ထရန့်ဟာ ဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ် နားရပါမယ်။ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲကို လွဲချော်မှာဖြစ်သလို မတ်လ ၁၀ ရက်နေ့ မန်စီးတီးပွဲမှာ ပါဝင်နိုင်ရေး အချိန်လုရမှာဖြစ်ပါတယ်။ ဆိုဘိုစလိုင်ရဲ့ ဒဏ်ရာဟာ ဘယ်အချိန် ပြန်သက်သာမယ်ဆိုတာ သေချာ မသိရသေးဘဲ ကာရာဘောင်းဖလား ဖိုင်နယ်ကိုပါ လွဲချော်နိုင်တယ်လို့ အသင်းနဲ့ နီးစပ်တဲ့ […]
လီဗာပူး ကစားသမားဟောင်း ကာရေဂါကတော့ ကလော့ပ်ရဲ့ နောက်ပိုင်း နည်းပြနေရာ ဆက်ခံသူဟာ အလွန်ဆိုပဲ ဖြစ်လာသင့်ပါတယ်လို့ စပိန်သားဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်ပါတယ်။ အလွန်ဆို၊ ဒီဇာဘီ၊ ပပ်လင်ဒါးနဲ့ အာမိုရင်းတို့ကို မန်နေဂျာရာထူးအတွက် လီဗာပူးအသင်းက စောင့်ကြည့်နေတာပါ။ ကာရေဂါကတော့ သူ့ရဲ့ ထောက်ခံမှု အားလုံးကို အလွန်ဆိုအပေါ် ပုံအပ်ပေးလိုက်ပါပြီ။ […]
လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီနဲ့ ရာသီကုန်ရင် လမ်းခွဲမှာဖြစ်ကာ အကြီးအကဲသစ် တစ်ဦးကို ကလပ်ပြင်ပကနေ ရှာဖွေသွားတော့မှာဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်းမှာတင် လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်း အားကစားဒါရိုက်တာ Tim Steidten နဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဂျာမာန်သားကတော့ တရားဝင် ကမ်းလှမ်းမှု မရသေးကြောင်း အခုလို […]
မနေ့က အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်မှာတော့ အဖျားကြောင်း ဘန်လေပွဲကို လွဲချော်ခဲ့တဲ့ အယ်လီဆန်နဲ့ ဂိုးမက်စ်တို့ ပြန်လည် ပါဝင်လာပါတယ်။ ဘန်လေပွဲမှာ အသေးစား ဒဏ်ရာကြောင့် လူစားဝင်ရခြင်း မရှိတဲ့ ဂရာဗင်ဘက်ချ်လည်း အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခဲ့သလို ပွဲအပြီး ခြေထောက်နာနေတဲ့ ဂျိုတာလည်း အေးအေးဆေးဆေးပဲ ဖြစ်ပါတယ်။ […]
ဘရန့်ဖိုဒ့်ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးမှာ ဆာလာ၊ အယ်လီဆန်၊ ဂိုးမက်စ်တို့ ပြန်ပါလာခဲ့ကာ ကွင်းလယ်လူ ဆိုဘိုစလိုင်ကတော့ ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။ ညာအစွန်လူ ထရန့်ကို လေ့ကျင့်ရေးမှာ မမြင်ရပေမယ့် ဖခင် ဆုံးပါးသွားလို့ ခွင့်ရက်ယူထားရတဲ့ ဘရတ်ဒလေကိုတော့ ပြန်ပြီး မြင်တွေ့နေရပါတယ်။ Time for today's session […]
ဒီရာသီကုန်ရင် လီဗာပူးနည်းပြရာထူးက နှုတ်ထွက်တော့မယ့် နည်းပြကလော့ပ်ဟာ မတ်လ ၁၀ ရက်နေ့ အန်ဖီးကွင်းမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရပါဦးမယ်။ ကုန်ခဲ့တဲ့ ဆယ်စုနှစ်မှာ ဒီနှစ်သင်းဟာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ သင်းပေါင်း ၅ ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးလောကကနေ […]
ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ရာ မျှော်လင့်ချက် အနည်းငယ် ရှိလာချိန်မှာပဲ ယူနိုက်တက်နည်းပြ တန်ဟက်က ဇယားထိပ်က အသင်းတွေကိုလည်း သူတို့ အနိုင်ယူနိုင်တယ်လို့ ဆိုလာခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ ၁၃ မှတ်အကွာ အဆင့် ၆ နေရာမှာ ရှိနေပေမယ့် အဆင့် […]
စပါးအသင်းဟာ ၎င်းတို့ နည်းပြ ပိုစတီကိုဂလူးကို လာမယ့်ရာသီ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး လီဗာပူးအသင်းဘက်က ကြိုးစားလာမှာကို စိတ်ပူနေခြင်း မရှိပါဘူး။ ပိုစတီကိုဂလူးက သူဟာ လီဗာပူးအသင်း အမာခံပရိသတ်ဖြစ်ကြောင်း ထုတ်ပြောထားခဲ့ပြီး အသင်းဟာ မန်နေဂျာလျာထားစာရင်းထဲ သူ့ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ အကြိုက်ဆုံးသော မန်နေဂျာအဖြစ် ဇာဗီအလွန်ဆို […]
လီဗာပူးမန်နေဂျာသစ် ဖြစ်လာနိုင်တဲ့ လျာထားစာရင်းမှာတော့ ပရိသတ်တွေနဲ့ အတော်လေး ရင်းနှီးတဲ့ နာမည်တစ်ခုကို တယ်လီဂရပ်က ထည့်သွင်းဖော်ပြလာပါတယ်။ နည်းပြကလော့ပ်ရဲ့ လက်ထောက်ဖြစ်တဲ့ ပပ်လင်ဒါးဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာမှာပါ။ ကလော့ပ် နှုတ်ဆက်ထွက်ခွာမှုနဲ့အတူ လင်ဒါးဟာလည်း လီဗာပူးကနေ အတူ နှုတ်ထွက်မှာဖြစ်ပေမယ့် သူတို့ နှစ်ဦးဟာ မတူညီတဲ့ လမ်းကြောင်းကို […]
ပရီးမီးယားလိဂ်ဆုဖလား ပြိုင်ဆိုင်မှုမှာ လီဗာပူးအသင်းဟာ သူ့အတွက်တော့ မန်စီးတီး၊ အာဆင်နယ်တို့လောက် ရေပန်းမစားပါဘူးလို့ ဂယ်ရီနဗီးက ပြောဆိုလာပါတယ်။ စကိုင်းစပေါ့ သုံးသပ်သူဖြစ်တဲ့ ဂယ်ရီနဗီးကတော့ ဖလားယှဉ်ပြိုင်မယ့် ကလပ် ၃ သင်းထဲက တစ်သင်းကို ရွေးချယ်ရမယ့် အခြေအနေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက် နှစ်သင်းထက် အာဆင်နယ်ကိုပဲ သူ့စိတ်ကြိုက်အသင်း […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!