မိုဆာလာဟာ အသင်းဖော်တွေနဲ့အတူ gym မှာ အတူလေ့ကျင့်နေပါပြီ။ ဒါပေမယ့် ဘန်လေပွဲမှာ ပါဝင်နိုင်ဖို့တော့ မသေချာသေးပါဘူး။ ဂျာမန်ဘက်က သတင်းတွေမှာတော့ အလွန်ဆိုဟာ ရာသီကုန်ရင် လီဗာပူးနည်းပြသစ် ရာထူးကို လက်ခံလိမ့်မယ်လို့ ဖော်ပြလာနေပါတယ်။ သီယေဂိုဟာ ကြွက်သား ဒဏ်ရာ ပြန်ခံစားနေရတာမို့ ဘန်လေပွဲကို လွဲချော်ပါမယ်။ ဒီပွဲမှာ ဆိုဘိုစလိုင်လည်း […]
ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ရော်ဘတ်ဆန်က ဘယ်ခြမ်းနေရာမှာ နေရာပြိုင်ဆိုင်ရမယ့် ဂိုးမက်စ်နဲ့ ပတ်သက်လို့ သတိပေးစကား ပြောဆိုပါတယ်။ သူ သတိပေးလိုက်တာက နေရာပြိုင်ဆိုင်တာထက် အသင်းအတွက် ပွဲပေါင်း ၂၀၀ ကစားထားပြီး အခုချိန်ထိ ဂိုးမသွင်းနိုင်သေးတဲ့ ဂိုးမက်စ်ရဲ့ အဝေးကန်ချက်တွေဖြင့် အရမ်း အားထုတ် ကြိုးစားနေမှုကို ဖြစ်ပါတယ်။ ဒီတလောမှာ […]
လီဗာပူးအသင်းဟာ နည်းပြကလော့ပ် နေရာ ရေရှည် အစားထိုးဖို့ ရှာဖွေရာမှာ အလွန်ဆို တစ်ဦးတည်းကိုပဲ ကြိုးစားသွားမှာ မဟုတ်ပါဘူး။ စပို့တင်းနည်းပြ ရူဘန် အာမိုရင်းဟာလည်း လီဗာပူးအသင်း ဒေတာဌာနက သဘောကျနေတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီသားဟာ သူ့အနာဂတ်ကိုတော့ နွေကျမှ ဆုံးဖြတ်မှု ပြုလုပ်မှာပါ။ […]
ဒီရာသီ ပရီးမီးယားလိဂ်မှာ VAR ရဲ့ ဆုံးဖြတ်ချက် အမှားတွေနဲ့ ပတ်သက်လို့ အချက်အလက် အသစ်တစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲတန်ပိုကို ဆက်ထိန်းနိုင်ဖို့ ကွင်းတွင်းမှာ VAR ဆုံးဖြတ်ချက်တွေကို အချိန်တိုအတွင်း အမြန်ဆုံး လုပ်နိုင်ဖို့ကို ရာသီစတည်းက ပြုပြင်နေတာပါ။ ဒါပေမယ့် အချိန်တိုအတွင်း ဆုံးဖြတ်ခြင်းကပဲ […]
ပရီးမီးယားလိဂ် ခေတ်ဦးမှာ လီဗာပူးအသင်းဟာ နာမည်ကျော် လူငယ်မျိုးဆက်နဲ့အတူ အသင်းရဲ့ ကျဆုံးခန်းကို ပြန်လည် ဦးမော့လာမယ့် အရိပ်အယောင်တွေ ပြသခဲ့ပေမယ့် အမှတ်ပေးဖလား အောင်မြင်ဖို့ ဝေးကွာခဲ့ရပါတယ်။ ဟေးဘရော့ဖြစ်ရပ်နောက်ပိုင်း အင်္ဂလန်ဘောလုံးလောက အပြောင်းအလဲသစ်တွေ ဖြစ်လာခဲ့တဲ့နောက် လီဗာပူးအသင်းဟာ နိုင်ငံရဲ့ ဦးဆောင်အသင်း နေရာက လျော့ကျလာခဲ့တယ်။ ကလပ်ဟာ အကယ်ဒမီ […]
လီဗာပူးအသင်းက နည်းပြသစ် ရာထူးအတွက် အလွန်ဆိုကို ချိတ်ဆက်ပေမယ့် စပိန်သားဟာ ရာသီမကုန်ခင်ထိ စကားပြောမှု မလုပ်လိုသေးပါဘူး။ ကွင်းလယ်လူ ဝါတာရုဟာ အက်ဆာလေ့ကျင့်ရေးကို ပြန်ရောက်လာပါပြီ။ ဒဏ်ရာ ပြဿနာ မရှိတာမို့ ဒီအပတ် ဘန်လေပွဲက စတင်ပြီး ပွဲထွက်နေရာအတွက် ယှဉ်ပြိုင်ပေးနိုင်မယ်လို့ သိရပါတယ်။ ESPN ကတော့ ဒီရာသီမှာ […]
ဒီကနေ့မှာတော့ အင်္ဂလန်ပြင်ပ သတင်းမီဒီယာတွေကနေ လီဗာပူးနဲ့ အလွန်ဆို အကြောင်း သတင်းထူး ဖော်ပြမှု ၂ ခု ထွက်ပေါ်နေပါတယ်။ ရာသီကုန်မှာ ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ လီဗာပူးအသင်း ကြိုးစားမယ့်သူ အဖြစ် ရေပန်းစားမှု ထိပ်ဆုံးမှာ လေဗာကူဆင်အသင်း နည်းပြ အလွန်ဆို ရှိနေပါတယ်။ စပိန်သားဟာ […]
ချယ်ဆီးနည်းပြ ပိုချက်တီနိုကတော့ သူ့အသင်း ဖိအားတွေ ရင်ဆိုင်နေရသလောက် လီဗာပူးအသင်းကတော့ ဘာဝေဖန်မှုမှ မခံရဘူးလို့ ဒဲ့တိုး ဝေဖန်လာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို ဂိုးပြတ် အနိုင်ရပြီး ဆက်တိုက် ယှဉ်ပြိုင်ရတဲ့ အာဆင်နယ်ပွဲမှာတော့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ နောက်ဆုံးပွဲကို အနိုင်မရခြင်းကြောင့် ပရီးမီးယားလိဂ်ကို ဦးဆောင်ခွင့်မှာ မန်စီးတီးအား အသာရနေခြင်းက […]
အာဆင်နယ်ကို ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြကလော့ပ်ဟာ ညာခြမ်း တြိဂံအတွဲကို အတော်လေး သဘောမကျကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ ဆာလာ ဒဏ်ရာရနေသလို ဆိုဘိုစလိုင်ကလည်း ဒဏ်ရာ ပြန်ရသွားတာမို့ နည်းပြကလော့ပ်ဟာ ညာခြမ်းမှာ ဂက်ပိုကို တိုက်စစ်တင်ပြီး ဂရာဗင်ဘက်ချ်ကို ညာခြမ်း ရွေ့ပြီး သုံးခဲ့ရပါတယ်။ ခံစစ်မှာတော့ […]
ကလော့ပ်ရဲ့ ခေတ်တစ်ခု ကုန်ဆုံးချိန်မှာတော့ လီဗာပူးအသင်းဟာ ကလပ်ရဲ့ အဓိက ကစားသမား အချို့ကို ထွက်ခွာခွင့်ပေးပြီး ပြန်တည်ဆောက်မှုတွေ စတင်လာဖွယ် ရှိပါတယ်။ အသက် ၃၁ နှစ်အရွယ် မိုဆာလာဟာ ဒီရာသီကုန်ရင် လီဗာပူးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့မှာပါ။ မနှစ်က နွေမှာ သူ့ကို […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!