ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးကြယ်ပွင့် ထရန့်ကို စိတ်ဝင်စားရိပ် ပြသလာပေမယ့်လို့ ကလပ်ဘက်က ကာလရှည် စာချုပ်နဲ့ ဆက်ထိန်းနိုင်မယ် မျှော်လင့်ရပါတယ်။ ထရန့်ဟာ ယာဂင်ကလော့ပ်ရဲ့ ခေါ်ယူမှုကြောင့် အကယ်ဒမီအသင်းကနေ စီနီယာအသင်းထံ ရောက်ရှိလာခဲ့ပြီး ခမ်းနားတဲ့ လီဗာပူးကာလတစ်ခုမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ထရန့်ရဲ့ လက်ရှိ စာချုပ်ဟာ […]
လူငယ်ကြယ်ပွင့် ဟာဗေးဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် သွင်းဂိုး ၂ ဂိုး ထပ်ရတာကြောင့် ဒီရာသီ ကလပ်နဲ့ နိုင်ငံပွဲတွေမှာ ကိုယ်တိုင် ၁၀ ဂိုး သွင်းကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် ရထားခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြကြီး အဲရစ်ဆန်ကတော့ လီဗာပူးအသင်း ကိုယ်စားပြုပြီး […]
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဘရာဇီး၊ ဘယ်ဂျီယံအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် မတ်လနိုင်ငံတကာပွဲတွေမှာ ခံစစ်ပိုင်း ဝေဖန်ခံထားရတဲ့ ထရန့်ကို ကွင်းလယ်ကနေ အသုံးပြုဖို့ ကြိုတင် စီစဉ်ထားခဲ့ပါတယ်။ အစွန်နေရာမှာ ရိစ်ဂျိမ်း၊ ထရစ်ပီယာ၊ လုရှောတို့ ဒဏ်ရာကြောင့် မပါနိုင်ပေမယ့် ထရန့်ကို အစွန်မှာ နေရာပေးဖို့ထက် ကွင်းလယ်မှာပဲ သုံးဖို့ ဆောက်ဂိတ်က […]
စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးအသင်းနဲ့ ထရန့်ကြား စာချုပ်အခြေအနေကို စတင် စောင့်ကြည့်လာနေပြီ ဖြစ်ပါတယ်။ လီဗာပူးအကယ်ဒမီထွက် ညာအစွန်လူ ထရန့်ဟာ ၂၀၂၅ ဇွန်မှာ စာချုပ်ကုန်တော့မှာဖြစ်ကာ အခုချိန်ထိ စာချုပ်သစ်အတွက် စကားပြောလာခြင်း မရှိသေးပါဘူး။ လက်ရှိ လီဗာပူးရဲ့ လုပ်ခ အများဆုံးရ ကစားသမားတွေထဲ ပါဝင်နေတဲ့ ထရန့်ကို […]
လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ပေမယ့် အန်ဖီးကွင်းမှာ ပရိသတ်တွေ မပါဘဲ ကွင်းပိတ် အောင်ပွဲခံမှုပဲ လုပ်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အခမ်းနားဆုံး အသင်းအဖြစ် ရှုံးပွဲမရှိ စံချိန်ကောင်းနဲ့အတူ အင်္ဂလန်လိဂ်ကို ဖောက်ထွက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ၂၀၂၀ မတ်လမှာတော့ ကမ္ဘာကြီး ရင်ဆိုင်လာရတဲ့ ကိုဗစ်ကပ်ဘေးမှာ အရှိန်ကောင်း […]
စကိုင်းစပေါ့ကတော့ ပီအက်စ်ဂျီအသင်းက လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူလိုခြင်း မရှိကြောင်းနဲ့ လီဗာပူးဘက်ကလည်း ရောင်းထုတ်မယ့် အရိပ်အယောင် မရှိဘူးလို့ ဖော်ပြလာပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဇာဗီအလွန်ဆိုကို ခေါ်ယူရေး လီဗာပူးနဲ့ ထိပ်တိုက် ပြိုင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ကိုစတက်နဲ့ အန်ဒိုတို့ဟာ ဂရိအသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ လက်ရွေးစင် ပွဲစဉ်တွေမှာ […]
လီဗာပူးအသင်းဟာ ရစ်ချက်ဟုချ်ရဲ့ ပထမဆုံး ခေါ်ယူမှုအဖြစ် ဘုန်းမောက်အသင်းမှ နောက်ထပ် အရေးကြီး ပုဂ္ဂိုလ်တစ်ဦးကို အန်ဖီးထံ ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ ဘုန်းမောက်အသင်းရဲ့ ကင်းထောက်ချုပ် Mark Burchill ကို ခေါ်ယူနိုင်ဖို့ လီဗာပူးဘက်က ကြိုးစားလာတာပါ။ Burchill ဟာ လီဗာပူးအတွက် အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ရဲ့ ပထမဆုံး […]
လီဗာပူးအသင်းဟာ Google DeepMind နဲ့ ပူးပေါင်းပြီး AI အကူအညီနဲ့အတူ သွင်းဂိုးတွေ ရှာဖွေနိုင်စွမ်းကို မြင့်တင်ဖို့အတွက် ပူးပေါင်း လေ့လာမှု ပြုလုပ်နေပါတယ်။ Google DeepMind ရဲ့ ထုတ်ကုန်ဖြစ်တဲ့ TacticAI ဟာ စက်ရုပ်အကူ အမျိုးအစားဖြစ်ပြီး ထောင့်ကန်ဘောက ပေးပို့လာမယ့် ဘောလုံး ဘယ်နေရာမှာ […]
ရစ်ချက်ဟုချ်ဆိုတာ ဘယ်သူလဲ? ဘုန်းမောက်အသင်းမှာ နည်းစနစ်ဒါရိုက်တာအဖြစ် ကာလရှည် အမှုထမ်းခဲ့တဲ့ ရစ်ချက်ဟုချ်ဟာ ဒီနွေမှာတော့ လီဗာပူးအသင်းထံ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် စကော့သားဟာ မိုက်ကယ်အတ်ဝပ်နဲ့အတူ ကာလရှည် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့သူဖြစ်ပါတယ်။ ဂလက်စကိုမှာ မွေးဖွားခဲ့တဲ့ ဟုချ်ဟာ မီလန်မှာ ကြီးပြင်းခဲ့သူပါ။ […]
လီဗာပူးအသင်းဟာ ကလပ်ရဲ့ ဦးစားပေး မန်နေဂျာတွေကို နောက်ကွယ်ကနေ နောက်ကြောင်းလိုက်တာတွေကို လုပ်ဆောင်နေပါပြီ။ အခုချိန်ထိတော့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ရဲ့ ပါဝင်မှု မရှိသေးပါဘူး။ လေဗာကူဆင် စီအီးအိုကတော့ အလွန်ဆိုကို စာချုပ်ပါအတိုင်း ၂၀၂၆ အထိ သူတို့အသင်းမှာ ဆွဲထားရေး ကြိုးစားမယ့် သဘောထားတွေ ပြသလာပါတယ်။ ဂျေဒန်ဒန့်စ်၊ တိုင်ယွန်နီ၊ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!