ဆီမီးဖိုင်နယ် ပထမအကျော့ အနိုင်ရခြင်း၊ ပွဲစဉ် အကောင်းဆုံး ကစားသမား ဘရတ်ဒလေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

January 11, 2024 LFC2 0

လီဗာပူးအသင်းဟာ ဝီလီယမ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့်လို့ ကာတစ်ဂျုံး၊ ဂက်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဖူလ်ဟမ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။ ယာဂင်ကလော့ပ်ဟာ ရိုးသားစွာနဲ့ ကစားသမားတွေကို ဦးဆောင်ပေးသူဖြစ်ပြီး ဒါကြောင့်ပဲ သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အသင်းသားတွေက သူ့အတွက်ဆို အစွမ်းကုန် ပြေးလွှားပေးကြတယ်လို့ ဂျင်မီရက်နက်က မှတ်ချက်ပေးပါတယ်။ ပွဲအတွင်းမှာ […]

မုန်းသူတွေ ဆက်မုန်းပြီး ချစ်သူတွေ ဆက်ချစ်နိုင်ဆဲ ဒါဝင်၊ ဖယ်ထုတ်မရတဲ့ ကာတစ်ဂျုံး၊ ဆရာကျဆဲ ကလော့ပ်ရဲ့ လူစားလဲမှုများနဲ့ ဖူလ်ဟမ်ပွဲအပြီး ပြောစရာများ

January 11, 2024 LFC2 0

ပထမပိုင်း အင်အားကုန်ခမ်းခြင်း ပထမပိုင်း ၄၅ မိနစ်မှာ လီဗာပူးအသင်းဟာ ဖူလ်ဟမ်ကို ကျော်ဖြတ်ကစားဖို့ကော ကျော်ပြေးဖို့တွေမှာပါ ရုန်းကန်ခဲ့ရပါတယ်။ တကယ်တမ်းမှာတော့ ဖူလ်ဟမ်ဘက်က ခက်ခက်ခဲခဲ ကာကွယ်စရာ မလိုလောက်အောင်ကို လီဗာပူးအသင်းရဲ့ ကစားဟန်က ပျော့ဖတ်နေခဲ့တာပါ။ အဓိက ကစားသမား အချို့ မပါနိုင်ခြင်းနဲ့ နေရာချပုံ အပြောင်းအလဲတွေကြားမှာ အသင်းဟာ […]

အပြောင်းအရွှေ့ ကိစ္စနဲ့ပတ်သက်လို့ အရိပ်အမြွက် ပြောလာတဲ့ လီဗာပူး လက်ထောက်နည်းပြ ပပ်လင်ဒါး

January 10, 2024 LFC2 0

ဒီနွေမှာ ကိုင်ဆီဒိုနဲ့ လာဗီယာတို့လို အဓိက ကွင်းလယ်ပစ်မှတ်တွေ မရပေမယ့် လီဗာပူးပိုင်ရှင်တွေဟာ နည်းပြအဖွဲ့ လိုအပ်နေတဲ့ နေရာအတွက် ကစားသမားသစ် ၄ ဦး ခေါ်ယူပေးထားခဲ့တယ်လို့ အသင်းလက်ထောက်နည်းပြ ပပ်လင်ဒါးက ထုတ်ပြောလာပါတယ်။ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲကြိုမှာ ပပ်လင်ဒါးကတော့ အသင်းပိုင်ရှင်တွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အကောင်းမြင်ကြောင်း ပြောဆိုခဲ့တယ်။ အထူးသဖြင့် […]

ဒီယက်စ်၊ ဟာဗေးနဲ့ ဘရတ်ဒလေ ညာခြမ်းအတွဲကို ပွဲထုတ်လာမယ့် ဖူလ်ဟမ်ပွဲကြို ဖြစ်နိုင်ဖွယ် လူစာရင်း

January 10, 2024 LFC2 0

ကြာသပတေးမနက် မြန်မာစံတော်ချိန် ၂ နာရီခွဲမှာတော့ လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးအသင်းဟာ ဆာလာ၊ အန်ဒိုတို့ကို လက်ရွေးစင်တွေအတွက် လက်လွတ်ပေးထားရပြီး ထရန့်ကလည်း ဒဏ်ရာရသွားပါပြီ။ ရော်ဘတ်ဆန်၊ ကိုစတက်၊ သီယေဂိုတို့ ပြန်ကစားနိုင်ဖို့လည်း လကုန်ထိ စောင့်ရမှာမို့ လူငယ်တွေကို နေရာပေးဖို့ […]

သီယေဂိုတို့ ပြန်ကစားနိုင်မယ့် အချိန်၊ ဇန်နဝါရီ လူသစ်ခေါ်ယူရေး လင်ဒါးရဲ့ မှတ်ချက်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

January 10, 2024 LFC2 0

ဒီဇင်ဘာလတည်းက လီဗာပူးအသင်း လေ့ကျင့်ရေးထံ ပြန်ဝင်နေကြပြီဖြစ်တဲ့ သီယေဂိုနဲ့ ဘာ့ဂျ်ဆီတစ်တို့ဟာ ဖေဖော်ဝါရီလမှာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။ ဖူလ်ဟမ်နဲ့ ကာရာဘောင်းပွဲမှာ ထရန့်၊ ဆိုဘိုစလိုင်တို့ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ဗန်ဒိုက်ကတော့ ပွဲထွက်ပေးလို့ အဆင်ပြေပါလိမ့်မယ်။ ထရန့်ဟာ ဖူလ်ဟမ်နဲ့ ကာရာဘောင်းပွဲစဉ် ၂ ကျော့အပြင် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ၊ […]

ထရန့်ရဲ့ ဒဏ်ရာ၊ ပြန်သက်သာလာနိုင်မယ့် အချိန်၊ သူ့နေရာ အစားဝင်မယ့် ကစားသမား

January 9, 2024 LFC2 0

ထရန့်ဟာ ဒူးဒဏ်ရာကြောင့် ဖူလ်ဟမ်နဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို လွဲချော်သွားမှာ ဖြစ်သလို သီတင်းပတ် အနည်းငယ် အနားယူရပါတော့မယ်။ အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရတဲ့ အက်ဖ်အေဖလား ပွဲစဉ်အပြီး ထရန့်ရဲ့ ဒဏ်ရာ ပေါ်ပေါက်လာတာပါ။ သူဟာ ကာရာဘောင်း ၂ ကျော့နဲ့ […]

သီယေဂိုရဲ့ အကောင်းဆုံး နည်းစနစ်ကပဲ သူ့ရဲ့ ကစားသမားဘဝကို သတ်နေခဲ့တာ ဖြစ်ပါတယ်

January 9, 2024 LFC2 0

မနှစ်ကရာသီကုန် ဧပရယ်လလောက်မှာ ရခဲ့တဲ့ တင်ပါး ဒဏ်ရာကြောင့် အနားယူနေရတဲ့ သီယေဂိုဟာ သီယေဂိုဟာ နောက်လမှာတော့ အသင်း လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်း ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အဆင့် ကစားသမား ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ သီယေဂိုဟာ ၂၀၂၀ မှာ ဘိုင်ယန်မြူးနစ်ကနေ […]

အပြင်းစား ဟယ်ဗီးမယ်တဲလ်လို့ တင်စားခံရတဲ့ ကလော့ပ်ရဲ့ အသင်းတွေ ဘယ်လိုကြမ်းလဲ လူတိုင်း ပြန်သတိရဖို့ ရှိသမျှ ရင်းမြစ်အကုန် သုံးစွဲနေတဲ့ နည်းပြကလော့ပ်

January 9, 2024 LFC2 0

မနှစ်ကရာသီမှာ သုံးသပ်သူ အများအပြားအပြင် လီဗာပူးပရိသတ်တွေ ကိုယ်တိုင်က ကလော့ပ်ဟာ လီဗာပူးကို ဆုဖလား စိန်ခေါ်မှုတွေထံ တစ်ကျော့ပြန် ပို့ပေးနိုင်မယ့်သူ တကယ် ဟုတ်ရဲ့လားလို့ သံသယစကားတွေ ပြောဆိုခဲ့ကြပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် အပါအဝင် ဖလား ၄ လုံး စိန်ခေါ်သူ အဖြစ်ကနေ ဇယားအလယ်ထိ […]

အာဆင်နယ်ခံစစ်ကို ဖြိုခွင်းဖို့ ဒါဝင်ကို အားပြုခဲ့တဲ့ နည်းစနစ် အပြောင်းအလဲ အကြောင်း ထရန့် ရှင်းပြလာ

January 9, 2024 LFC2 0

လီဗာပူးအသင်းက အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ နည်းပြကလော့ပ်ဟာ ပွဲချိန်တွင်းမှာပဲ စနစ်တွေကို ပြောင်းလဲကစားခဲ့ပါတယ်။ ပထမပိုင်းတုန်းက ဗန်ဒိုက် မပါဝင်ပေမယ့် ကိုနတေး၊ ကွမ်းဆက်တို့နဲ့အတူ ခံစစ်ကနေ ဘောလုံးထုတ်နိုင်ဖို့ အားပြုခဲ့ပြီး သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။ အာဆင်နယ်ရဲ့ တရစပ် ဖိအားပေးမှုတွေကြောင့် ခံစစ်ကနေ ဘောလုံးထုတ်ရာမှာ လီဗာပူးဘက်က အေးအေးဆေးဆေး မလုပ်နိုင်ဘဲ […]

အကောင်းဆုံးဆုရတဲ့ ဆိုဘို၊ ပေါ်တူဂီခံစစ်သမား ၃ ဦးကို စောင့်ကြည့်ခြင်း၊ အက်ဖ်အေဖလား ပြိုင်ဘက်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

January 9, 2024 LFC2 0

ဆိုဘိုစလိုင်ဟာ ဟန်ဂေရီရဲ့ တစ်နှစ်တာ အကောင်းဆုံး sportsperson ဆုကို ရရှိသွားတယ်လို့ သိရပါတယ်။ ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီလိဂ်ကနေ အင်္ဂလန်ကို ပြန်ပြောင်းလာလိုပေမယ့် လီဗာပူးအသင်းက သူ့ကို ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး။ ပြင်သစ်အသင်းက ဆာလီဘာကို ကျော်ပြီး အီဘူးကို ဘာကြောင့် နေရာပေးသလဲ ဆိုတာ […]