ညာအစွန်လူ ဘရတ်ဒလေဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဒီဇင်ဘာလ ပွဲစဉ်တွေကို လွဲချော်သွားဖို့ များနေပါတယ်။ ခံစစ်မှူး ကိုနတေးဟာ ပြင်းထန် ဒဏ်ရာ အခြေအနေကနေ ရှောင်လွဲနိုင်ခဲ့ပေမယ့် ဒီအပတ် မန်စီးတီးပွဲကို လွဲဖွယ်ရှိနေပါတယ်။ ကိုနတေးက ကွင်းပြင်ကို လမ်းလျှောက်ပြီးတောင် မထွက်သွားနိုင်ဘူးလို့ သိရပါတယ်။ ဒီအပတ် ချန်ပီယံလိဂ် အကောင်းဆုံးအသင်းထဲမှာ […]
ဆာလာ စာချုပ်ကိစ္စ ပွက်လောရိုက်နေချိန်မှာပဲ ရီးရဲလ်မက်ဒရစ်ပွဲအပြီး မီဒီယာသမားတွေက ဗန်ဒိုက်ကိုလည်း တူညီတဲ့မေးခွန်း မေးခဲ့ကြပါတယ်။ စပိန်သတင်းထောက် တစ်ဦးက တစ်ခုတည်းသော မေးခွန်းအဖြစ် မင်း လီဗာပူးမှာ ဆက်နေမှာလား? လို့ မေးရာမှာ ဗန်ဒိုက်က ရယ်မောပြီး ” မင်းက တိုက်ရိုက်ကြီးကို မေးတော့တာပါလား၊ ငါ့ကို ဒီလိုကြီး […]
ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်တဲ့ပွဲမှာ ဒဏ်ရာရခဲ့ကြတဲ့ ဘရတ်ဒလေနဲ့ ကိုနတေးတို့ဟာ အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။ ဘရတ်ဒလေက ဖြတ်ထုတ်ခံရရာကနေ ကြွက်တက်တဲ့ ပုံစံဖြစ်ခဲ့တာဖြစ်ကာ ကိုနတေးကလည်း ပွဲပြီးခါနီး ဝင်တိုးခံလိုက်ရရာက နာကျင်မှုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြဆလော့က “ အခုချိန်ထိ မသိသေးပါဘူး။ သူတို့ နာကျင်မှုတွေရှိခဲ့တာကို သိပေမယ့် ပွဲပြီးပြီးချင်း […]
လီဗာပူးပရိသတ်တွေက ပြိုင်ဘက်ကြီးကို အနိုင်ယူနိုင်ခြင်းအတွက် ပျော်ရွှင်နေကြမှာ ဖြစ်ပေမယ့် ရလဒ်ထက် စွမ်းဆောင်ရည်ကို ပိုမိုကျေနပ်ကြရမှာဖြစ်တယ်လို့ နည်းပြ အာနယ် ဆလော့က အသိပေးလာပါတယ်။ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ရီးရဲလ်မက်ဒရစ်ကို လီဗာပူးတို့ တစ်ကျော့ပြန်နိုင်ခဲ့ရာမှာ ခြေစွမ်းဟာလည်း အဘက်ဘက်က သာလွန်ကောင်းမွန်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းဟာ အာနယ် […]
မနေ့ညက အန်းဖီးမှာ လီဗာပူးအသင်းကို ၂-ဝ နဲ့ ဂိုးပြတ် အရေးနိမ့်ပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီနဲ့ ရီးရဲလ် ကွင်းလယ်သမား ဘယ်လင်ဟမ်တို့က ပွဲအပြီးမှာ လီဗာပူးကို ချီးကျူးစကားတွေ ဆိုခဲ့ကြပါတယ်။ အန်ဆယ်လော့တီက လီဗာပူးအသင်းဟာ သူတို့အတွက် အခက်ခဲဆုံး ပြိုင်ဘက်လို့ တင်စားခဲ့ပါတယ်။ ” ကျွန်တော့် […]
ညက ပွဲမှာ အသင်းအတွက် အလှည့်အပြောင်း ဖြစ်သွားစေနိင်တဲ့ အခိုက်အတန့်အဖြစ် ၁-၀ ဦးဆောင်ထားချိန်မှာ အသင်းက ပင်နယ်တီ ခွင့်ပြုခဲ့ရပါတယ်။ အိမ်ရှင် လီဗာပူးအသင်းက ရီးရဲလ်ကို ဖိကစားနိုင်ပေမယ့် ပထမပိုင်း ပြီးချိန်မှာ ဝ-ဝ နဲ့ သရေကျနေခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှ လီဗာပူးက […]
လီဗာပူးအသင်းဟာ ဥရောပပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အန်ဖီးမှာ ရင်ဆိုင်ကစားပြီး မာကာ၊ ဂက်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။ ဦးဆောင်ဂိုးရှင် မာကာကတော့ ပွဲအပြီး ချန်ပီယံလိဂ်ကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို လက်ခံရရှိခဲ့တယ်။ သူကတော့ ပွဲပြီး အင်တာဗျူးမှာ သူ့ရဲ့ အသင်းဖော်ကို မမေ့မလျော့ […]
လီဗာပူးမှာ ဆက်နေဖို့ထက် ထွက်သွားဖို့များပါတယ် ဆိုတဲ့ ဆာလာရဲ့ မှတ်ချက်ဟာ ဂယက်တွေ ထနေပေမယ့် အာနယ် ဆလော့ကတော့ သိပ်စိတ်မဝင်စားပါဘူး။ အာနယ် ဆလော့အတွက်ကတော့ ရောက်လာနေတဲ့ ပွဲတွေမှာ အကောင်းဆုံးရလဒ် ထွက်ပေါ်ရေး အကောင်းဆုံး လူစာရင်းနဲ့ စွမ်းဆောင်ရည်က အဓိကဖြစ်ဟန် တူပါတယ်။ ဆာလာနဲ့ပတ်သက်တဲ့ မေးခွန်းအတွက် “ […]
ဒီအပတ် အန်ဖီးကွင်းမှာ လီဗာပူးကို ရင်ဆိုင်ရမယ့် ပွဲမတိုင်ခင် မန်စီးတီးဟာ ၅ ပွဲဆက် ရှုံးနိမ့်နေမှုကို အောင်မြင်စွာ ရပ်တန့်သွားနိုင်ပါပြီ။ မနက်က ချန်ပီယံလိဂ်ပွဲမှာ မန်စီးတီးအသင်းဟာ ဖီယင်နုကို ၃-၃ သရေကျသွားပါတယ်။ လီဗာပူးကို ရှုံးသွားရင် ၁၁ မှတ်ပြတ်သွားပြီနော် ချန်ပီယံစိန်ခေါ်မှု အစောကြီး အဆုံးသွားတော့မလား မေးခံရချိန် […]
ဗုဒ္ဓဟူးနေ့ည လီဗာပူးပွဲကြိုမှာ စပိန်မီဒီယာတွေကတော့ အန်ဖီးကလပ်ကို လေးစား အထင်ကြီးတဲ့ သတင်းဆောင်းပါးတွေ ဝေဝေဆာဆာ ဖော်ပြနေပါတယ်။ ဒီနှစ်တွေအတွင်း လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ရေစက်တွေများခဲ့ပြီး မာဆေးဆိုဒ်ကလပ်က အမြဲတမ်း အနိုင်ယူခံနေခဲ့ရတာပါ။ ဒါပေမယ့် ဥရောပသမိုင်းကြောင်းကြီးတဲ့ ဒီနှစ်သင်းဟာ အတိတ်မှာတော့ အပြန်အလှန် အနိုင်ယူမှုတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!