လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ အခြေအနေတွေအတွက် သတင်းထောက် ဂျိမ်းပီယာ့ဇ်ရဲ့ The Athletic ကနေ ဖော်ထုတ်လာမှုတွေအား LFCThaDin ဖတ်ရှုသူတွေအတွက် ပြန်လည် ဖော်ပြပေးပါမယ်။ – လီဗာပူးအသင်းဟာ နည်းပြဆလော့ရဲ့ အသင်းမှာ တိုးတက်လာနိုင်မယ့် အသက် ၂၄ နှစ်အောက်နဲ့ အတွေ့အကြုံရှိ ကစားသမားမျိုးကို အဓိက ရှာဖွေမှု […]
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် နွေစျေးကွက် ပိတ်သိမ်းဖို့ဟာ ၃၂ ရက်ဝန်းကျင် ကျန်ရှိမှာဖြစ်ပါတယ်။ ဥရောပထိပ်တန်းလိဂ်ကြီး ၅ ခုထဲက ကလပ်တွေထဲဟာ အနည်းဆုံး ၁ ယောက်စီတော့ လူသစ် ခေါ်ယူထားခဲ့ကြပြီဖြစ်ကာ လူမခေါ်ရသေးတာဟာ လီဗာပူး တစ်သင်းတည်း ကျန်ရှိပါတယ်။ ဒီလို အခြေအနေမှာ လီဗာပူး အပြောင်းအရွှေ့ […]
ဒီကနေ့မှာ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်နဲ့ ခံစစ်မှူး ကိုနတေးတို့ဟာ လီဗာပူးအသင်းနဲ့ ရာသီကြို လေ့ကျင့်ရေး ပြန်ဝင်ကြမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ်အပြင် ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေးကိုပါ အားထုတ်လာနေတယ်လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ နယူးကာဆယ် တိုက်စစ်မှူး ဂေါ်ဒန်ဟာ လီဗာပူးပစ်မှတ်စာရင်းထဲ ထိပ်ဆုံးနားက ပါဝင်နေဆဲဖြစ်ကြောင်း ရိုမန်နိုလည်း ထုတ်ပြောလာပါတယ်။ […]
တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ အမေရိကန်ရဲ့ နောက်ထပ် ဒေသတစ်ခုဖြစ်တဲ့ Philadelphia ကို ခရီးထွက်ပြီး ဒီကနေ့မှာ ကွင်းဖွင့်လေ့ကျင့်ရေး ပြုလုပ်ခဲ့ပါတယ်။ သောကြာနေ့က ဘက်တစ်ကို ၁-၀ နဲ့ အနိုင်ရအပြီး ပြန်စတဲ့ ကွင်းဖွင့်လေ့ကျင့်ရေးပွဲမှာ အသင်းပရိသတ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီပြင်ဆင်မှုတွေ ဘယ်လောက် တိုးတက်လာသလဲ […]
လီဗာပူးအသင်းဟာ ကွင်းလယ်လူ အန်ဒိုကို ဒီနွေမှာတင် ရောင်းထုတ်သွားဖို့ စဉ်းစားနေကြောင်း အသင်းနဲ့နီးစပ်တဲ့ သတင်းထောက် David Lynch က ဆိုပါတယ်။ မနှစ်ကနွေမှာ ဘွန်ဒက်လီဂါကနေ လီဗာပူးအသင်းထံ ပြောင်းလာခဲ့တဲ့ အန်ဒိုဟာ နည်းပြကလော့ပ်အတွက် အရေးပါတဲ့ ကွင်းလယ်ခံစစ်သမားဖြစ်ခဲ့တာပါ။ ရာသီသိမ်းခါနီးမှာတော့ သူဟာ ရုန်းကန်ရမှုတွေကြောင့် ခြေစွမ်းကောင်း ပျောက်ဆုံးခဲ့ပါတယ်။ […]
ထရန့်ဟာ လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းမှု မတိုင်ခင် ကြံ့ခိုင်မှုအတွက် တစ်ကိုယ်တည်း လေ့ကျင့်မှုတွေ စတင်နေပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်လူ အန်ဒိုကို ဒီနွေမှာတင် ပြန်လည် ရောင်းချသွားမယ်လို့ အသင်းနဲ့နီးစပ်တဲ့ သတင်းထောက်တွေက ထုတ်ပြောလာပါတယ်။ အန်ဒိုဟာ နည်းပြ အာနယ် ဆလော့ရဲ့ နည်းစနစ်တွေကို လိုက်ပါ အားထုတ်ရာမှာ […]
လီဗာပူးအသင်းရဲ့ ရာသီကြိုဟာ စတင်နေခဲ့ပြီဖြစ်ပြီး လာလီဂါကလပ် ရီးရဲလ်ဘက်တစ်နဲ့ ခြေစမ်းထားကာ ၁-၀ ရလဒ် ထွက်ပေါ်ထားပါတယ်။ အဆိုပါပွဲမှာ ဘယ်တောင်ပံသမားတွေ မပါနိုင်သေးခြင်းကြောင့် မနှစ်ကရာသီ လိုက်ဇစ်နဲ့ ဟူးစီးတီးတွေမှာ အငှားထွက်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်သမား ကာဗာရိုအား ဘယ်တောင်ပံသမားအဖြစ် ပွဲထုတ်ခဲ့ပါတယ်။ ကာဗာရိုက နည်းပြအာနယ် ဆလော့နဲ့ စကားပြောမှု လုပ်ထားခဲ့ကြောင်း […]
ဒီကနေ့ လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ကာတစ်ဂျုံး ပြန်ပါနေတာကြောင့် ဘက်တစ်နဲ့ပွဲမှာ လူစားလဲခံရတာဟာ ဒဏ်ရာ အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုအတွက် ဖြစ်နိုင်ပါတယ်။ လူငယ်တိုက်စစ်သမား ဗန်ဒုတ်ကို ပရီးမီးယားလိဂ် တန်းတက်ကလပ် လက်စတာနဲ့ ဆောက်သမ်တန်တို့က တစ်ရာသီ အငှား ခေါ်ယူလိုနေပါတယ်။ ကာဗာရိုဟာ သူ့ရဲ့ အနာဂတ်အတွက် လီဗာပူးနည်းပြ အာနယ် […]
လီဗာပူး အကယ်ဒမီကို ပြောင်းလာကတည်းက လူငယ်တန်းမှာ နာမည်ကြီးနေတဲ့ ကွင်းလယ်လူ နိုင်ယွန်နီက သူ့ရဲ့ အလားအလာကို အာနယ် ဆလော့ လက်ထက်မှာ ပြသခွင့်ရနေပါတယ်။ နိုင်ယွန်နီရဲ့ နာမည်ကို လီဗာပူးပရိသတ်တွေ သိထားကြတာ ကာလတစ်ခု ရှိခဲ့ပြီဖြစ်ကာ မနှစ်ကရာသီ အက်ဖ်အေဖလားနဲ့ အချို့ပွဲမှာ အရန်လူစာရင်းအတွင်း ထည့်သွင်းခံခဲ့ရကာ ပွဲကစားချိန် […]
လီဗာပူး ညာအစွန်လူ ထရန့်ရဲ့ နွေအားလပ်ရက်မှာ ပေါ့ပေါ့ပါးပါး လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ အသင်းပရိသတ်တွေကို အတော်လေး ခေါင်းစားမှုတွေ ဖြစ်နေစေပါတယ်။ ထရန့်တို့ မိသားစုဟာ ဘယ်လင်ဟမ်တို့ မိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိထားပြီး ကစားသမား နှစ်ဦးရဲ့ မိခင်တွေဟာ ယူရိုပွဲမှာ အတူ ပွေ့ဖက်ပြီး အောင်ပွဲခံကြတဲ့ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!