လီဗာပူး ကစားသမား ၂၈ ဦး ပါဝင်တဲ့ အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဟာ ရာသီကြို ခြေစမ်းဖို့ အမေရိကန်ကို ရောက်ရှိနေပါပြီ။ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ ဒီနွေမှာ ကွင်းလယ်ကို အားဖြည့်လိုနေပါတယ်။ သီယေဂို ထွက်သွားသလို ကွင်းလယ်အတွင်းလူ နည်းပါးနေခြင်းကြောင့် ခံစစ်ထက် ကွင်းလယ်ကို အားဖြည့်ဖို့ ရစ်ချက်ဟုချ်က ဆန္ဒရှိနေတာပါ။ […]
ရာသီသစ်အတွက် လူသစ်ခေါ်ယူခြင်း မရှိသေးတဲ့ ပရီးမီးယားလိဂ်ကလပ် ၂ သင်းကတော့ လီဗာပူးနဲ့ ဖူလ်ဟမ်အသင်းတို့ပဲ ဖြစ်ပါတယ်။ ကူဘိုကို လီဗာပူးခေါ်ယူဖို့ နီးစပ်နေကြောင်း ဂျပန်သတင်းတွေက အားသွန်ခွန်စိုက် ဖော်ပြနေပေမယ့် ဥရောပ သတင်းထောက်တွေကတော့ အဲ့လောက် အခြေအနေမျိုး ရောက်ရှိနေတယ်လို့ မယုံကြည်ကြပါဘူး။ ကလပ် များစွာထံက စိတ်ဝင်စားမှု ရရှိပေမယ့် […]
၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် လူသစ်ခေါ်ယူနိုင်ခြင်း မရှိသေးတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲ လီဗာပူးအသင်းက တစ်သင်း အပါအဝင်ဖြစ်ပါတယ်။ နည်းပြကလော့ပ် ထွက်ခွာသွားသလို နည်းပြအဖွဲ့ဝင်တွေပါ ထွက်သွားတဲ့နောက် လီဗာပူးအသင်းဟာ အုပ်ချုပ်ရေးပိုင်းနဲ့ နည်းပြအဖွဲ့အား အသစ် ပြန်ဖွဲ့စည်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ နည်းပြသစ်အတွက် လက်ရှိ လီဗာပူးကစားသမားတိုင်းက အသစ်တွေဖြစ်တာကြောင့် နောက်ထပ် အသစ် […]
ကွင်းလယ်လူ ဘော်ဘီကလက်ဟာ အသင်းရဲ့ ရာသီကြိုကို ပူးပေါင်းနိုင်ခြင်း မရှိပါဘူး။ အင်္ဂလန်ပြင်ပ ကလပ်တွေက ခေါ်ယူလိုနေပေမယ့် ကလက်ဟာ ရာသီကုန်ခါနီး ရခဲ့တဲ့ ဒဏ်ရာကနေ ပြန်သက်သာလာအောင် ကြိုးစားနေရဆဲလို့ သိရပါတယ်။ အသင်းဟာ နောက်ကွယ်မှာ အပြောင်းအရွှေ့အတွက် စကားပြောမှုတွေ ရှိနေပြီး ဒီနွေစျေးကွက်မှာ တစ်ခုခုဖြစ်လာဖွယ် ရှိနေကြောင်းနဲ့ စိတ်မပူဖို့ […]
လီဗာပူးဘက်က မကြာခင်မှာ စပို့တင်းခံစစ်မှူး အန်နာဆီယိုအတွက် ဝင်ရောက် ကမ်းလှမ်းတော့မယ်လို့ ပေါ်တူဂီသတင်းဌာနတွေက အကျယ်တဝန်း ဖော်ပြလာနေပါတယ်။ ဘယ်ခြမ်း ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဖို့ကို လီဗာပူးဘက်က စိတ်ဝင်စားမှု ပြသထားပြီး ခံစစ်မှူးလိုကော၊ အစွန်လူလိုပါ ကစားနိုင်မယ့်သူ အလိုရှိနေခဲ့တာဟာ နည်းပြကလော့ပ် လက်ထက်ကတည်းက ဖြစ်ပါတယ်။ အာနယ် ဆလော့ရဲ့ […]
အပြောင်းအရွှေ့ သတင်းထောက် အချို့က ဗန်ဒိုက်ဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာမှာဖြစ်ပြီး မာဆေးဆိုဒ်ကလပ်ဘက်က ယူရို ၅၅ သန်း တောင်းဆိုမယ်လို့ ဖော်ပြလာပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို ခေါ်ယူဖို့ အလျင်လိုမှာ မဟုတ်ဘဲ လီဗာပူးနဲ့ စာချုပ် အခြေအနေ ဘယ်လိုဖြစ်သွားမလဲ ရှင်းလင်းစွာ သိရဖို့ စောင့်ဆိုင်းမှာဖြစ်ပါတယ်။ […]
လီဗာပူးအသင်းဟာ အသွင်ပြောင်းမှု ကာလတစ်ခုကို ကျော်ဖြတ်နေကာ အသင်းကို ပြန်တည်ဆောက်ရေး ကြိုးစားမှုအတွင်းမှာ အန္တရာယ်များတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတာမျိုး ရှိလာနိုင်ပါတယ်။ နည်းပြအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အပြောင်းအလဲရှိနေသလို မနှစ်ကရာသီ ခေါ်ယူထားတဲ့ အန်ဒို၊ မာကာ၊ ဆိုဘို၊ ဂရာဗင်ဘက်ချ်တို့ကို အထိုင်မချနိုင်သေးတဲ့ ကြားက ဘရတ်ဒလေ၊ ကွမ်းဆက်တို့ကိုပါ နေရာပေးဖို့ […]
လီဗာပူးအသင်းဟာ မနေ့က ညပိုင်းမှာ ကြံ့ခိုင်မှုဆိုင်ရာ စစ်ဆေးခြင်းနဲ့ နည်းစနစ်ပိုင်း စမ်းသပ်ခြင်းတွေအတွက် ရည်ရွယ်ပြီး ကွင်းပိတ် ခြေစမ်းပွဲ ကစားခဲ့ပါတယ်။ ကစားသမားတွေကို ၄၅ မိနစ် ၂ ပိုင်း ကစားစေခဲ့ခြင်းဖြစ်ကာ အချို့ကတော့ ၁၅ မိနစ်နဲ့ ၃၃ မိနစ်တွေ ကစားခွင့်ရခဲ့ပြီး ပွဲချိန် အများဆုံး […]
လီဗာပူးအသင်းဟာ အက်ဆာမှာ ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းနဲ့ ခြေစမ်းခဲ့ပြီး တစ်ပွဲလုံးမှာ တစ်ကြိမ်တည်း ခွင့်ပြုခဲ့ရတဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုကနေ ဂိုးပေးခဲ့ရကာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲကို တက်ကြည့်ခဲ့တဲ့ လီဗာပူးသတင်းထောက်တွေရဲ့ အဆိုအရ အာနယ်ရဲ့ အသင်းဟာ ပိုင်ဆိုင်မှုပိုင်း ကောင်းမွန်တယ်၊ အခွင့်အရေးအချို့ လွဲချော်တယ်၊ ဂိုးသမား ဂျာရိုစ့် […]
ဒီကနေ့မှာတော့ အာနယ် ဆလော့ရဲ့ ပထမဆုံး ရာသီကြိုပွဲအတွက် ပရီစတန်အသင်းနဲ့ အက်ဆာမှာ ကွင်းပိတ် ခြေစမ်းသွားဖို့ ရှိပါတယ်။ လီဗာပူးအသင်းနဲ့ ယိုရိုကြား စကားပြောမှုအတွင်း ခံစစ်မှူးက ပုံမှန်ပွဲကစားခွင့် ပေးရမယ့် အချက်ကို တောင်းဆိုခဲ့ပါတယ်။ လီဗာပူးဘက်ကတော့ အာနယ် ဆလော့ရဲ့ ပထမဆုံးရာသီမှာ နည်းပြစိတ်ကြိုက် လူစာရင်း ထုတ်ဖို့ကို […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!