ဒီနွေမှာ လီဗာပူးအသင်းက မာကာကို ဘရိုက်တန်အသင်းကနေ ပေါင် ၃၅ သန်းပေးပြီး ခေါ်ယူခဲ့ပါတယ်။ အာဂျင်တီးနား ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး နည်းပါးပေမယ့် လီဗာပူးအသင်းဘက်က မြင့်မားတဲ့ လုပ်ခအပြင် အေးဂျင့်ခတွေ၊ လက်မှတ်ထိုးကြေးတွေ အများကြီး အကုန်အကျခံခဲ့ရသေးတာပါ။ အသင်းဘက်က စိတ်အားထက်သန်မှုကြောင့်လည်း မာကာက အန်ဖီးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ […]
မနက်ကပွဲမှာ အာဆင်နယ်က လူတန်တောင်းအသင်းကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးထက် ၁ ပွဲပိုကစား ၁ မှတ်အသာဖြင့် ဇယားထိပ်ကို တက်သွားပါတယ်။ လီဗာပူးအသင်းဟာ အမ်မိုရင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ မကြာခဏ တွေ့ဆုံမှု လုပ်ထားခဲ့ပြီဖြစ်ကာ စကားပြောဆိုမှုတွေက တိုးတက်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ဘာစီလိုနာဟာ အမ်မိုရင်းအတွက် […]
ဒဏ်ရာ အခြေအနေ နည်းပြကလော့ပ်က ” ယူနိုက်တက်ပွဲကြောင့်ဆိုပြီး ပွဲထွက်လူစာရင်းကို စဉ်းစားမှာ မဟုတ်ပါဘူး။ ကာတစ်ဂျုံး လေ့ကျင့်ရေးအပြည့် ပြန်ဝင်ထားတာ မှန်ပေမယ့် မိနစ် ၉၀ အပြည့် သူ့ကို မသုံးနိုင်သေးပါဘူး။ အချို့ ကစားသမားတွေက အရှိန်လိုပါတယ်။ ဂျိုတာနဲ့ ထရန့်တို့ ပြန်သက်သာလာတာကြောင့် နောက်အပတ်မှာ အသင်းရဲ့ […]
ဒီအပတ် ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲအပြီးမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တဲ့ မာကာကတော့ အသင်းဖော်ဖြစ်တဲ့ ခံစစ်သမား ကွမ်းဆက်နဲ့ ပတ်သက်လို့ သူ့အမြင်ကို ထုတ်ဖော်ခဲ့ပါတယ်။ လူငယ်ခံစစ်သမားဟာ ဒီရာသီ စီနီယာကြီးတွေ ဒဏ်ရာရမှုကို အခွင့်အရေးအဖြစ် အသုံးချကာ ပထမအသင်းမှာ နေရာရလာသူဖြစ်ပါတယ်။ သူ့ရဲ့ တည်ငြိမ်မှု၊ ကိုင်တွယ်နိုင်စွမ်းတွေကြောင့် မျှော်လင့်ထားတာထက် […]
လီဗာပူးအသင်းဟာ လာမယ့်ရာသီ မန်နေဂျာသစ်အဖြစ် စပို့တင်းနည်းပြ အမ်မိုရင်းကို ဦးတည်ကြိုးစားမယ့် အရိပ်အယောင်တွေ များပြားလာနေပါပြီ။ ကလော့ပ်နေရာ ဆက်ခံသူအတွက် လီဗာပူးဘက်က ရှာဖွေနေရာမှာ အလွန်ဆို၊ ဒီဇာဘီလို ပစ်မှတ်တွေကို ဖယ်ထုတ်လိုက်ပြီဖြစ်ပါတယ်။ အလွန်ဆိုက လေဗာပူဆင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သလို ဒီဇာဘီကိုတော့ လီဗာပူးဘက်က သဘောမကျပါဘူး။ လီဗာပူးအသင်းဟာ အမ်မိုရင်းကို […]
လီဗာပူးအသင်းဟာ မန်နေဂျာသစ်အဖြစ် စပို့တင်းနည်းပြ အမ်မိုရင်းကို အလေးအနက်ထား ကြိုးစားသွားဖွယ် ရှိနေပါတယ်။ အမ်မိုရင်းက သူဟာ နောက်ရာသီ စပို့တင်းမှာပဲ ဆက်ရှိနေမယ်လို့ အာမခံချက် မပေးတော့ဘဲ စောင့်ကြည့်ကြတာပေါ့လို့ တုန့်ပြန်ခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ ပေါ်တူဂီသားတို့ဟာ ဆွေးနွေးမယ့် ရက်ချိန်းတွေ စီစဉ်ထားပြီလို့လည်း ပေါ်တူဂီသတင်းတွေက ဆိုပါတယ်။ Alan Shearer […]
ဒီနွေမှာ ကလော့ပ် ထွက်ခွာတော့မှာမို့ လီဗာပူးအသင်းက မန်နေဂျာသစ်တစ်ဦး ရှာဖွေနေကာ ကလပ်ရဲ့ ဦးတည်ချက်က ဘယ်သူ့ထံ ရောက်သွားမလဲ ပိုမို ပြတ်သားလာနေပါပြီ။ ဒီတလောမှာ အမ်မိုရင်း၊ ဒီဇာဘီနဲ့ အင်ဇာဂီတို့က လီဗာပူးအသင်းနဲ့ သတင်းကြီးတွေ ထွက်လာနေတာပါ။ သူတို့ထဲက ဒီဇာဘီဟာ လီဗာပူးအသင်း ချိတ်ဆက်မှု လုပ်ဖွယ် မရှိတဲ့ […]
ဒီအပတ် အိုးထရတ်ဖိုဒ့်မှာ သွားရောက် ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီ တေလာ ကိုင်တွယ်သွားမှာပါ။ လီဗာပူးပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာ ဒိုင်ကို ရခဲ့ခြင်းဖြစ်ကာ သူဟာ ဂရိတ်မန်ချက်စတာဖွား တစ်ဦးဖြစ်ပါတယ်။ ဒီနောက်ပိုင်း လီဗာပူးပွဲစဉ်တွေမှာ တေလာထံက အငြင်းပွားစရာ ဆုံးဖြတ်ချက်မျိုး ပြင်းပြင်းထန်ထန် မရှိထားပေမယ့် မန်ချက်စတာကလပ်တစ်သင်းနဲ့ ပွဲစဉ်မှာ […]
လက်ရှိ ပရီးမီးယားလိဂ်မှာ ဖလားရဖို့ ရေပန်းအစားဆုံးအသင်းက လီဗာပူးပဲဖြစ်ပါတယ်လို့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ထုတ်ပြောလာခဲ့ပါတယ်။ ပွဲစဉ် ၉ ပွဲပဲ ကစားဖို့ ကျန်ရှိချိန်မှာ လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်၊ တတိယနေရာက မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။ လီဗာပူးရဲ့ […]
ပရီးမီးယားလိဂ် လက်ကျန် ၉ ပွဲပဲ ကစားရတော့မယ့် အချိန်မှာ လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာနေပါတယ်။ ဒါဟာ ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် လီဗာပူးအသင်းရဲ့ ရေပန်းစားမှုက မန်စီးတီး၊ အာဆင်နယ် နှစ်သင်းလုံးကို ကျော်တက်သွားတာပါ။ လီဗာပူးဘက်က ကမ်းလှမ်းရင် စပို့တင်းနည်းပြ အမ်မိုရင်းဟာ လက်ခံစကားပြောလိမ့်မယ်လို့ ပေါ်တူဂီဘက်က ဖော်ပြလာပါတယ်။ […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!