နည်းပြကလော့ပ်ကတော့ လီဗာပူး၊ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မှုဟာ အင်္ဂလန်ဒါဘီအဖြစ် ထင်ရှားပေမယ့် သူလက်ထက်မှာတော့ အခြားအသင်းနဲ့ပဲ ဖလားလုရတယ်လို့ ထုတ်ပြောလာပါတယ်။ ဒီကနေ့ညမှာတော့ နည်းပြကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲအဖြစ် အိုးထရတ်ဖိုဒ့်မှာပဲ ဒီနှစ်သင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ရှိနေပါသေးတယ်။ […]
ဒီနေ့ည အက်ဖ်အေဖလားပွဲမှာ ယူနိုက်တက်ဘက်က ကာဆီမီရို မပါနိုင်ဘဲ မေဆန်မောင့်တော့ ပါဝင်နိုင်မယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရတဲ့ အက်ဖ်အေဖလားပွဲတွေကို အနိုင်မရတာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က အင်္ဂလန်ကို သူရောက်လာချိန်မှာ ယူနိုက်တက်ကို ပြိုင်ဆိုင်ဖို့ထက် အခြားသော ဖလားစိန်ခေါ်ဘက် အနီးကပ် […]
လီဗာပူးအသင်း ပိုင်ရှင်အဖွဲ့ FSG ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ နည်းစနစ်ဒါရိုက်တာ Pedro Marques ကို သူတို့ရဲ့ ဖွဲ့စည်းပုံအသစ်မှာ ထည့်သွင်းဖို့ရာ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အရင်အပတ်ကပဲ FSG အဖွဲ့ရဲ့ Football CEO အဖြစ် မိုက်ကယ်အတ်ဝပ်ကို ခေါ်ယူထားသေးကာ multi-club တည်ထောင်ရေး […]
တနင်္ဂနွေနေ့ အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို ယှဉ်ပြိုင်ပြီး အနိုင်ယူမယ့်အကြောင်း ပွဲကြိုမှာ နည်းပြတန်ဟက်က သတိပေးစကား ပြောလာခဲ့ပါတယ်။ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် လီဗာပူးဟာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲပြီးရင် နိုင်ငံတကာ သီတင်းပတ်ဖြစ်တာကြောင့် နည်းပြကလော့ပ်ဟာ ဆာလာ အပါအဝင် အဓိက ကစားသမားတွေနဲ့အတူ တောင့်တင်းတဲ့ လူစာရင်းနဲ့ သွားရောက် […]
လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ စီးရီးအေကလပ် အတ္တလန်တာ အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ လီဗာပူးအသင်းဟာ ဖလား အောင်မြင်နိုင်ချေ ရှိတဲ့ လေဗာကူဆင်နဲ့ အေစီမီလန်တို့ကို ကွာတားမှာကော ဆီမီးမှာပါ ရှောင်ရှားနိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အတ္တလန်တာကို ကျော်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ချေ […]
မိုဆာလာဟာ ၂၁ ရာစု ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း သွင်းဂိုး ၂၀ နဲ့ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် အထက်ကို ၇ ရာသီ ဆက်တိုက် လုပ်နိုင်တဲ့ ထိပ်တန်း အကျော်အမော်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဆာလာထက် ပိုလုပ်ပြထားနိုင်တာဆိုလို မက်ဆီ (၁၃ ရာသီ)၊ ဆွာရက်စ် […]
ယူအီးအက်ဖ်အေရဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် မဲခွဲမှု ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ Europa League quarter-final draw အေစီမီလန် vs ရိုးမား လီဗာပူး vs အတ္တလန်တာ လေဗာကူဆင် vs ဝက်စ်ဟမ်း ဘင်ဖီကာ vs မာဆေး […]
လီဗာပူးအသင်းက ပွဲချိန် ၁၄ မိနစ်မှာတင် စပါတာကို ၄ ဂိုးပြတ် ဦးဆောင်ထားတဲ့ မနက်ကပွဲမှာ ဒါဝင် နူးညက်စ်က ပြောစရာလေးတော့ လုပ်ခဲ့ပါသေးတယ်။ နောက်ဆုံးကစားထားတဲ့ ၁၂ ပွဲမှာ ကိုယ်တိုင် ၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ထားနိုင်တဲ့ ဒါဝင်ဟာ သူ့ရဲ့ […]
ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်တဲ့ လီဗာပူးအသင်းဟာ အဆိုပါအဆင့်မှာ လေဗာကူဆင်၊ အေစီမီလန်၊ ရိုးမား၊ အတ္တလန်တာ၊ ဘင်ဖီကာ၊ ဝက်စ်ဟမ်း၊ မာဆေးအသင်းတို့ထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးနဲ့ စပါတာပွဲမှာ သွင်းဂိုးတွေနဲ့ တဖတ်သတ်ဆန်တဲ့ ပွဲကို ကြည့်ပြီး စကိုင်းစပေါ့ သုံးသပ်သူက ကြည့်ရတာတောင် ပျင်းလာပြီကွာလို့ ရယ်မောပြီး […]
စပါတာနည်းပြကတော့ ယူရိုပါလိဂ် ဒုတိယအကျော့မှာ လီဗာပူးကို ၆-၁ ဖြင့် ရှုံးနိမ့်အပြီး ဒီပွဲက ဘက်မညီဘူးလို့ ထုတ်ပြောလာပါတယ်။ ပထမအကျော့ကို ၅-၁ ဖြင့် ရှုံးနိမ့်ခဲ့သလို ဒီပွဲကိုပါ ရှုံးနိမ့်ခဲ့ပေမယ့် စပါတာနည်းပြက ရလဒ်ကို ကျေကျေနပ်နပ် လက်ခံပါတယ်။ သူကတော့ ချန်ပီယံလိဂ်မှာတောင် ဖိုင်နယ်လောက် ပုံမှန်တက်မယ့် အသင်းက […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!