လူးဝစ် ဒီယက်စ် အနေနဲ့ ပင်နယ်တီ ဧရိယာထဲမှာ အညှာအတာကင်းတဲ့ အဆုံးသတ်ပိုင်း စွမ်းရည်ကို ဖော်ထုတ်နိုင်မယ်ဆိုရင် သူဟာ ကမ္ဘာ့စျေးအကြီးဆုံး ကစားသမား ဖြစ်လာပါလိမ့်မယ်လို့ တယ်လီဂရပ်က ဖော်ပြလာပါတယ်။ လီဗာပူး ဘယ်တောင်ပံမှာ ထိန်းချုပ်ရခက်လွန်းတဲ့ တိုက်စစ်သမားအဖြစ် ပြိုင်ဘက်တွေကို ပြဿနာပေးနေတဲ့ ဒီယက်စ်ဟာ မန်စီးတီးပွဲမှာလည်း ပြိုင်ဘက် ညာခြမ်း […]
လီဗာပူးအသင်းဟာ ဖလားပြိုင်ဘက် ၂ သင်းဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ပွဲစဉ်တွေ ပြီးဆုံးခဲ့တဲ့နောက် ပရီးမီးယားလိဂ် လက်ကျန်ပွဲ ၁၀ ပွဲပဲ ကစားဖို့ ကျန်ရှိမှာဖြစ်ပါတယ်။ လီဗာပူးရဲ့ လက်ကျန် ပြိုင်ဘက်တွေထဲမှာတော့ ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ အဲဗာတန်တို့နဲ့ ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲ၊ စပါးနဲ့ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းပွဲတွေဟာ […]
ထရန့်ဟာ ပြန်လည် ထူထောင်ရေး လေ့ကျင့်ရေးတွေကို စတင်နေပြီဖြစ်ကာ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲမှာ ပြန်လည် ပွဲထွက်လာနိုင်မယ်လို့ သိရပါတယ်။ လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အီဒါဆန်ဟာ ၄ ပတ်ကြာ အနားယူရမယ်လို့ သိရပါတယ်။ သူဟာ မန်စီးတီး vs အာဆင်နယ်ပွဲအပြင် အက်စတွန်ဗီလာပွဲကိုပါ လွဲချော်မှာမို့ ဖလားပြိုင်ဆိုင်မှုမှာ […]
လီဗာပူးအသင်းရဲ့ နောက်ဆုံး ၂ ပွဲမှာ ပင်နယ်တီ ၂ ကြိမ်ကို တာဝန်ယူခဲ့တဲ့နောက် မာကာဟာ ပင်တိုင်တာဝန်ယူခွင့်ကို သဘောကျမလားလို့ မေးခွန်းထုတ်ခံရပါတယ်။ ၂ ပွဲလုံးမှာ ပင်နယ်တီ ကန်သွင်းရချိန် ဒါဝင် ရှိနေခဲ့သလို မန်စီးတီးပွဲမှာဆိုရင် ဆိုဘိုစလိုင်လည်း ကွင်းထဲ ရှိနေခဲ့တာပါ။ မာကာဟာ သူတို့ နှစ်ဦးကို […]
မန်စီးတီးလို လက်ရှိ ချန်ပီယံအသင်းကို ခြေအသာစီးဖြင့် ပယ်ပယ်နယ်နယ် ဒုက္ခပေးခဲ့တဲ့နောက် လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ကို ကလော့ပ်က အလေးအနက် ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။ ကလော့ပ်က ” ကျနော်တို့ သိပ်ကိုထူးချွန်ပါတယ်။ ပထမပိုင်း ၁၀ မိနစ်လောက်မှာ ကျနော်တို့ နည်းနည်းလေး ပြာသွားခဲ့တယ်။ မန်စီးတီးက တိုက်ရိုက်ကို ထိုးဖောက်နေခဲ့တာပါ။ […]
အန်ဖီးကွင်းက သရေပွဲမှာ ဒီဘရိုင်းကို လူစားလဲခဲ့ရတာဟာ လီဗာပူးရဲ့ တောက်လျှောက် ထိုးဖောက်မှုကို အလူးအလဲခံနေရခြင်းအား ကာကွယ်ဖို့ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။ ဒီဘရိုင်းက သူ့ကို လူစားလဲတာကြောင့် အတော်လေး စိတ်ဆိုးခဲ့ပေမယ့် ဘယ်ဂျီယံသားကို ထုတ်ပြီး ကစားကွက် မချိန်းရင် မန်စီးတီးက အကြီးအကျယ် တွယ်ခံရတော့မယ် အနေအထားကို […]
အန်ဖီးမှာ ၁-၁ သရေကျတဲ့ ပွဲအပြီးမှာ နည်းပြဂွာဒီယိုလာက အနီရောင်တွေအတွက် ၁၂ ယောက်မြောက် ကစားသမားအဖြစ် ပရိသတ်တွေက တွန်းအားပေးနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် အီသီဟက်ရဲ့ အားပေးမှုကလည်း ပြင်းထန်လှပြီး အန်ဖီးထက် မညံ့ပါဘူးလို့ နှိုင်းယှဉ်ခဲ့တယ်။ နောက်ဆက်တွဲအဖြစ် အီသီဟက်မှာ လီဗာပူးတို့ မနိုင်ဖူးတာ ၈ နှစ်ရှိပါပြီလို့ […]
လီဗာပူးအသင်းဟာ မန်စီးတီးကို ရင်ဆိုင်ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆာလာ၊ ထရန့်၊ အီဘူးတို့ကို မသုံးနိုင်တာကြောင့် ဟာဗေး၊ ဘရတ်ဒလေ၊ ကွမ်းဆက်တို့ကို ပွဲထွက်ကနေ အသုံးပြုခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ဟာဗေးနဲ့ ဘရတ်ဒလေတို့ ပွဲထွက်ကနေ ဆက်တိုက်ပါနေတာ ထူးတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် စီးတီးပွဲမှာ သူတို့ကို ထည့်သုံးမယ့် လူစာရင်း […]
လီဗာပူး vs မန်စီးတီးပွဲအတွင်း ပွဲချိန် ၉၈ မိနစ်မှာ ဖြစ်ခဲ့တဲ့ မာကာကို ဒိုကူ ခြေဖြင့် အဝင်ကြမ်းခဲ့တဲ့ ဖြစ်ရပ်ဟာ ပင်နယ်တီပေးဖို့ တားဆီးခံခဲ့ရပါတယ်။ ဘောလုံးဟာ မာကာနဲ့ အရင်ထိခဲ့ပြီးမှ ခြေထောက်မြောက် ဝင်လာတဲ့ ဒိုကူရဲ့ ကန်ချက်ကိုပါ နောက်ဆက်တွဲ ရင်ဆိုင်ခဲ့ရတာပါ။ အိုလီဗာက ပင်နယ်တီ […]
လီဗာပူးနဲ့ မန်စီးတီးတို့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဒိုကူရဲ့ အဝင်ကြမ်းမှုဟာ ပင်နယ်တီ မဖြစ်ခဲ့တာကြောင့် အစီအစဥ် တင်ဆက်နေတဲ့ ဂယ်ရီနဗီးက အံ့အားသင့်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မက်ကယ်လစ္စတာရဲ့ ရင်ဘတ်ကို ဒိုကူက ခြေနဲ့ ဝင်ကန်ခဲ့တာဖြစ်ကာ သိသိသာသာ ခြေထောက်ကို မြှောက်ဝင်ခဲ့တာပါ။ အဆိုပါဖြစ်ရပ်ကို VAR က ပြန်စစ်ခဲ့ပေမယ့် […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!