ဖူလ်ဟမ်နည်းပြ မားကိုစ့် ဆေးဗားကတော့ ဒီကနေ့ည ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို အနိုင်ယူကာ ဖိုင်နယ်ထံ တက်ရောက်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ပထမအကျော့မှာတုန်းက ဖူလ်ဟမ်တို့ ဦးဆောင်ဂိုး ရယူခဲ့ပေမယ့် အန်ဖီးပရိသတ်တွေရှေ့ လီဗာပူးက ခြေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်ယူသွားခဲ့တာပါ။ မားကိုစ့်ဆေးဗားကတော့ ၎င်းတို့ အိမ်ကွင်းမှာ […]
လီဗာပူးအသင်းဟာ ဒီကနေ့ညမှာတော့ ဖူလ်ဟမ်အသင်း အိမ်ကွင်းထံသွားပြီး ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့တုန်းက ၂-၁ ဖြင့် အနိုင်ရထားတာဖြစ်ကာ ရလဒ် အရမ်း မပြတ်သားခဲ့ပါဘူး။ Team News ကာတစ်ဂျုံးမှာ ဘာဒဏ်ရာမှ မရှိဘဲ ဖူလ်ဟမ်ပွဲအတွက် ပွဲထုတ်လို့ ရပါမယ်။ အန်ဒီရော်ဘတ်ဆန် အသင်းလူစာရင်းထဲ […]
မနက်က ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချယ်ဆီးအသင်းက ပထမအကျော့ ရှုံးထားမှုကို ခြေဖျက်ပြီး ၆-၁ ဖြင့် အနိုင်ရခြင်းကြောင့် ဖိုင်နယ်ထံ တက်သွားခဲ့ပါပြီ။ ၎င်းတို့ဟာ လီဗာပူး vs ဖူလ်ဟမ် အတွဲကနေ တက်လာမယ့် အသင်းနဲ့ ဖိုင်နယ် ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့မှာ လီဗာပူးက ဖူလ်ဟမ်ကို […]
အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလာကို လီဗာပူးထံ ပြန်လွှတ်ပေးရမှာ သဘောမကျပေမယ့် ဒါက အကောင်းဆုံး ရွေးချယ်စရာပါလို့ အီဂျစ်အသင်းရဲ့ ဆရာဝန်က ထုတ်ပြောလာပါတယ်။ ချယ်ဆီးအသင်းဟာ မယ်ဒယ်ဘရော့ကို ဒုတိယအကျော့မှာ ၆-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ကာရာဘောင်း ဖိုင်နယ်ထံ တက်ရောက်သွားပါပြီ။ ဒီကနေ့ည ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲစဉ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် လီဗာပူးအသင်းဟာ […]
လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံကို ရင်ဆိုင်ကျော်ဖြတ်ဖို့ လူစာရင်း တစ်ခုကို ကာလတိုအတွင်း တည်ဆောက်လာနေပြီး အကယ်ဒမီထွက်တွေ အများအပြား ပါဝင်ခွင့် ရနေပါတယ်။ စီနီယာကစားသမားများစွာ ဒဏ်ရာရနေခြင်းနဲ့အတူ လီဗာပူး လူငယ်တွေဟာ ပွဲထွက်ခွင့် တစ်နေရာအတွက် သက်သေပြခွင့်တွေ ရလာနေတာပါ။ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲမှာ အသင်းဟာ ဆယ်စုနှစ်အတွင်း […]
လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေကို ဒီအပတ် ကြာသပတေးနေ့ည ကာရာဘောင်း ပွဲကြိုမှာ လက်ထောက်နည်းပြ ပပ်လင်ဒါးက သတင်းကောင်းတွေ ပေးလာခဲ့ပါတယ်။ Robertson မနေ့ကပဲ အသင်းရဲ့ လေ့ကျင့်ရေးမှာ ရော်ဘတ်ဆန် ပြန်ပြီး ပါဝင်ခဲ့ပါတယ်။ အခုက သူ ဒဏ်ရာကြောင့် နားခဲ့ရတာ ၁၃ ပတ်ရှိပါပြီ […]
ပရီးမီးယားလိဂ် သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ပေါမာဆန်ကတော့ စကိုင်းစပေါ့ကနေ အမှတ်ပေးဖလား စိန်ခေါ်မှုအတွက် ဆွေးနွေးရာမှာ ကာလတိုအတွင်း လီဗာပူးရဲ့ ဖလားအိပ်မက်တွေ အဆုံးသတ်သွားပါမယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် စိန်ခေါ်နိုင်ဖို့ရာ ရေပန်းစားစာရင်းထဲ မပါခဲ့တဲ့ လီဗာပူးဟာ လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။ ကလော့ပ်ရဲ့ Liverpool 2.0 […]
တိုက်စစ်မှူး ဆာလာဟာ ဒဏ်ရာကြောင့် ၂၈ ရက် ဝန်းကျင် အနားယူရမယ်လို့ သိရပြီး ဖေဖော်ဝါရီလအတွင်းမှာ ချယ်ဆီး၊ အာဆင်နယ်ပွဲစဉ်တွေထိ လွဲချော်နိုင်ပါတယ်။ မိုဆာလာဟာ အီဂျစ်အသင်းကို ထားခဲ့ကာ အာဖရိကပြိုင်ပွဲကနေ ထွက်ခွာပြီး ခရီးမထွက်လိုပေမယ့် အကောင်းဆုံးဖြစ်ဖို့ လီဗာပူးနဲ့ တိုင်ပင်ခဲ့ကာ အင်္ဂလန်ထံ ပြန်လာပါမယ်။ မက်ကယ်လစ္စတာကို နံပါတ် […]
လီဗာပူးနဲ့ အီဂျစ် တောင်ပံသမား မိုဆာလာရဲ့ တံကောက်ကြောဟာ မူလ မျှော်လင့်ထားတာထက် ပိုပြင်းထန်နေတယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂါနာနဲ့ အာဖရိကဖလားပွဲမှာ ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ ပါဝင်နိုင်တော့ခြင်း မရှိပါဘူး။ သူဟာ ကွင်းထဲက ထွက်ခွာခဲ့ရပြီး အစောပိုင်း စစ်ဆေးမှုတွေမှာ တစ်ပတ်ကျော် […]
မိုဆာလာဟာ အီဂျစ်နဲ့ ဂါနာတို့ ၂-၂ သရေကျတဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး လက်ရွေးစင်ပွဲစဉ် ၂ ပွဲကို လွဲချော်သွားမှာပါ။ လီဗာပူးဘက်ကတော့ ကစားသမားရဲ့ အခြေအနေ အကောင်းဆုံးဖြစ်ဖို့ ရည်ရွယ်ချက်နဲ့အတူ လက်ရွေးစင်အသင်းကနေ အသင်းထံ ပြန်လည် ခေါ်ယူသွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆာလာဟာ လီဗာပူးကို ပြန်လာပြီး […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!