ဒီယေဂို ဂျိုတာဟာ နယူးကာဆယ်ပွဲမှာ ပွဲချိန် ၈၀ ကျော်အတွင်း နယူးကာဆယ် ဧရိယာထဲမှာ ဂိုးရယူဖို့ ကြိုးစားစဉ် ပြိုင်ဘက် ဂိုးသမားနဲ့ ထိတွေ့မှု ဖြစ်ခဲ့ပါတယ်။ ကိုယ့်ဘက် ဧရိယာထိပ်ကနေ မက်ကယ်လစ္စတာ မတင်ပေးလိုက်တဲ့ လက်ဖျားခါလောက်တဲ့ ပေးချက်ကောင်းက တစ်ဆင့် ဂျိုတာကပဲ လူကျွံ ထောင်ခြောက်ကို ဖောက်ထွက်ကာ […]
အသက် ၃၀ အရွယ် ဝါတာရု အန်ဒိုဟာ အာရှဖလားပွဲအတွက် လီဗာပူးကို ခေတ္တ စွန့်ခွာပြီး ဂျပန်အသင်းနဲ့ သွားရောက် ပူးပေါင်းပါတော့မယ်။ ရာသီစက ကလပ်ရဲ့ အလျင်စလို ခေါ်ယူမှု တစ်ခုအဖြစ် အထင်သေးခံခဲ့ရပြီး သူ့အသက်အရွယ်နဲ့ ဆိုရင် လီဗာပူးဘက်က ပရိသတ်တွေကို ချွေးသိပ်တဲ့ အပြောင်းအရွှေ့ အဖြစ်လည်း […]
နယူးကာဆယ်ပွဲမှာ ကိုယ်တိုင် ဂိုး ၂ ဂိုးသွင်းယူပြီး အသင်းဖော် ဂက်ပို ဂိုးသွင်းနိုင်ဖို့ ဖန်တီးမှု လုပ်ပေးခဲ့တဲ့ ဆာလာဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ဆာလာဟာ ပထမပိုင်းမှာ ဒီယက်စ်ကြောင့် ရလာတဲ့ ပင်နယ်တီကို အဆုံးသတ်ရာမှာ […]
အခွင့်အရေး ဖြုန်းတီးမှု ဒီပွဲကို မကြည့်လိုက်ရသူတွေကတော့ လီဗာပူးကစားသမားတွေ ဘယ်လောက်တောင် အခွင့်အရေး ဖြုန်းတီးသလဲ သိလိုက်ကြမှာ မဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာ အဆုံးသတ်ပိုင်း ကန်သွင်းဖို့ လေ့ကျင့်ကြရဲ့လား သံသယဝင်ဖို့ ကောင်းအောင်ကို နယူးကာဆယ် ဂိုးပေါက်ထဲမှာ ရှယ်ဖြုန်းခဲ့ကြပါတယ်။ ခံစစ်လိုင်းကို မြင့်ထားပြီး ဘောလုံး ဖိအားပေး ရယူပုံတွေက ကောင်းပါတယ်၊ […]
၂၀၂၄ ခုနှစ်ရဲ့ အဖွင့်ပွဲအဖြစ် နယူးကာဆယ်ကို အိမ်ကွင်းမှာ ၄-၂ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ၅ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။ မိုဆာလာ (၂ ဂိုး)၊ ကာတစ်ဂျုံး၊ ဂက်ပိုတို့ဟာ လီဗာပူးအတွက် ဂိုးသွင်းခဲ့ကြပြီး နယူးကာဆယ်အတွက် အိုင်ဆက်နဲ့ ဘော့မန်းတို့က ဂိုးသွင်းယူခဲ့ပါတယ်။ […]
လီဗာပူးအသင်းဟာ ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ကို လက်လွတ်ထားရပေမယ့် သူတို့နေရာ အင်အားဖြည့်ရေး ဇန်နဝါရီစျေးကွက်မှာ အသည်းအသန် လူထဝယ်ဖို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး။ သောကြာနေ့ မီဒီယာတွေ့ဆုံမှုမှာ ရော်ဘတ်ဆန်က အသင်းလိုက်လေ့ကျင့်ရေး ပြန်လည် ပါဝင်နိုင်ဖို့ မနီးစပ်သေးဘူးလို့ နည်းပြကလော့ပ်က အတည်ပြုပါတယ်။ ကိုစတက်ကလည်း ဒဏ်ရာကြောင့် မတ်လလောက်မှ ဘောလုံးပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။ […]
လီဗာပူးအသင်းဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ အရေးကြီး ကိစ္စ အချို့ လုပ်စရာ ရှိနေသလို နွေကျရင် အသင်းနဲ့ လမ်းခွဲမယ့် ကစားသမား အချို့ရဲ့ အနာဂတ်အတွက်လည်း အခုတည်းက ကြိုတင် ပြင်ဆင်ရပါလိမ့်မယ်။ ကလပ်ရဲ့ ဦးစားပေးထဲမှာတော့ စာချုပ် ၁၈ လပဲ ကျန်တော့တဲ့ ဆာလာ၊ ထရန့်၊ […]
နှစ်သစ်ရဲ့ အစပွဲစဉ် ဖြစ်တာရယ်၊ ဒီပွဲနိုင်ရင် ဇယားထိပ်ကို ၅ မှတ် ဖြတ်ထားနိုင်မှာရယ်တွေကြောင့် အန်ဖီးကွင်းမှာ ပရိသတ်တွေကလည်း ပြင်းထန်တဲ့ အားပေးမှုတွေ ပြုလုပ်လာဖို့ ရှိပါတယ်။ နယူးကာဆယ်ဟာ ဒီရာသီမှာ ရလဒ်တွေ မငြိမ်ဖြစ်နေပေမယ့် အသင်းကောင်းတစ်သင်း ဖြစ်သလို ဒီပွဲမှာ ရေပန်းစားမှု နည်းနေတာမို့ ဖိအားမရှိတဲ့ အသင်းဖြစ်တာကို […]
ဒီကနေ့ညမှာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံခြင်းဖြင့် လီဗာပူးအသင်းဟာ ၂၀၂၄ ခုနှစ်ကို စတင်မှာ ဖြစ်ပါတယ်။ ဗန်ဒိုက်ကတော့ နှစ်သစ်ကူး မက်ဆေ့အဖြစ် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရလိုတယ်ဆိုရင် ပြိုင်ဘက်တွေနဲ့ အနာဂတ်ပွဲတွေအစား ရှေ့လာမယ့်ပွဲကိုပဲ အာရုံစိုက်ပြီး အနိုင်ကစားပါလို့ သတိပေးလိုက်ပါတယ်။ တိုက်စစ်မှူး ဒါဝင် နူးညက်စ်ဟာ ဒီရာသီ လီဗာပူးအတွက် […]
လီဗာပူးအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့်လို့ အသင်းသားတွေကြားမှာ ပရီးမီးယားလိဂ်ဖလား အကြောင်း စကားပြောနေကြခြင်း မရှိပါဘူးလို့ ဗန်ဒိုက်က ထုတ်ပြောလာပါတယ်။ ဘန်လေကို အနိုင်ယူခဲ့တဲ့ပွဲနဲ့ နယူးကာဆယ်ပွဲမတိုင်ခင် အချိန် ၅ ရက်ရရာမှာ နည်းပြကလော့ပ်က အသင်းသားတွေကို အားလပ်ရက် ၂ ရက် ပေးခဲ့ပါတယ်။ အဆိုပါ အချိန်အတွင်း မန်စီးတီးက […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!