လီဗာပူး ၀-၀ ယူနိုက်တက် ပွဲစဉ်အပြီးမှာ အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးခဲ့ရပြီး အာဆင်နယ်နောက် ၁ မှတ်လျော့ ဗီလာနဲ့ အမှတ်တူ ရမှတ် ၃၈ မှတ်ဖြစ်ပါတယ်။ ဒီအပတ် စနေနေ့ညမှာတော့ လီဗာပူးအသင်းဟာ ဇယားထိပ်က အာဆင်နယ်ကို အန်ဖီးကွင်းမှာပဲ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ […]
လီဗာပူးအသင်းဟာ ဇန်နဝါရီစျေးကွက်မှာ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ဘဲ မြင့်မားတဲ့ တောင်းဆိုခံရမှုတွေကြောင့် နောက်ဆုတ်သွားမှာပါ။ နွေတုန်းက ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ရေး မအောင်မြင်ခဲ့တဲ့ ပါလင်ညာဟာ ဒီဇန်နဝါရီမှာ အသင်းပြောင်းမယ် ဆုံးဖြတ်ထားကာ အင်္ဂလန်ကလပ် တစ်သင်းသင်းထံ ကူးပြောင်းနိုင်နေဆဲပါ။ လီဗာပူးက အသက် ၂၈ […]
လီဗာပူးအသင်းရဲ့ ခက်ခဲတဲ့ သီတင်းပတ်ဟာ ဒီကနေ့မှာ စတင်မှာဖြစ်ပြီး ယူနိုက်တက်၊ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ကို အိမ်ကွင်းမှာ ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ယူနိုက်တက်ပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားမှာ လီဗာပူးအသင်းဟာ လက်ရှိ ချန်ပီယံ မန်စီးတီးကို ၆ မှတ်ဖြတ်ထားနိုင်မှာပါ။ ဒီရာသီ လီဗာပူးအသင်း ဒီအခြေအနေကို […]
တနင်္ဂနွေနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲကို စောင့်မျှော်နေပြီး မနှစ်က နာကျင်မှုကို လက်စားချေဖို့ရာ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်က စိတ်အားထက်သန်နေပါတယ်။ ” မနှစ်ကရလဒ်က အတိတ်မှာ ကျန်ခဲ့ပါပြီ။ အနာဂတ်ကို ကျနော်တို့ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီအပတ်ပွဲက ပွဲသစ်တစ်ပွဲ ဖြစ်ပါတယ်။ မနှစ်တုန်းကလည်း ကျနော်တို့က သူတို့ကွင်းမှာ ကစားဖို့ […]
လီဗာပူးအသင်းဟာ ဒီအပတ် တနင်္ဂနွေနေ့မှာ ပရိသတ် ၅၇၀၀၀ တက်ရောက် အားပေးမှုနဲ့အတူ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်၊ အာဆင်နယ်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့လို အသင်းကောင်းတွေကို ဆက်တိုက် ဧည့်ခံရမယ့် အချိန်မှာ အန်ဖီးကွင်းရဲ့ Anfield Road Stand ကို […]
မနက်ဖြန်မှာတော့ အင်္ဂလန်ဒါဘီအဖြစ် ထင်ရှားတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မယ့် ပွဲစဉ် ရှိနေပါတယ်။ အန်ဖီးကွင်းဟာ ဒီရာသီအတွက်ကော အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာပါ ပရိသတ် ဝင်ဆံ့မှု အများဆုံးအဖြစ် ၅၇၀၀၀ ထိကို ဒီပွဲမှာ ဝင်ခွင့်ပေးမှာပါ။ အန်းဖီးကွင်းရဲ့ ပရိသတ်ဝင်ဆံ့မှု အစစ်အမှန်ဖြစ်တဲ့ ၆၁၀၀၀ ထိကတော့ […]
ယူနိုက်တက်ကို အထင်သေးပြီး ယှဉ်ပြိုင်တာမျိုးကို အလိုမရှိဘဲ ကလပ်ရဲ့ သမိုင်းဝင် ပြိုင်ဘက်ကို ရင်ဆိုင်ရမယ့် အကောင်းဆုံးပွဲမှာ အပြည့်အဝ ပေးဆပ်ကစားတာ မြင်လိုတယ်လို့ နည်းပြကလော့ပ်က သတိပေးပါတယ်။ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားဟာ လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။ ဆော်ဒီလိဂ် အကြီးအကဲကတော့ မိုဆာလာကို ခေါ်ယူချင်ကြောင်း သူတို့ […]
မန်ချက်စတာ ယူနိုက်တက်ဟာ ဒုက္ခတွေ များနေတာမို့ ဒီအပတ် လီဗာပူးပွဲကို ရှုံးသွားဦးမှာပါပဲလို့ မီဒီယာတွေက ဖော်ပြနေခြင်းအပေါ် သာယာမနေဖို့ နည်းပြကလော့ပ်က သတိပေးလာပါတယ်။ နိုဝင်ဘာလရဲ့ အကောင်းဆုံး နည်းပြ၊ အကောင်းဆုံး ကစားသမား၊ အကောင်းဆုံး သွင်းဂိုးတွေကို ယူနိုက်တက်တို့ ပိုင်ဆိုင်ခဲ့တာဖြစ်ကာ ပွဲအများစုမှာ သူတို့အသင်းက နိုင်ပွဲတွေ ရယူထားတာပါ။ […]
ဘယ်ဂျီယံကလပ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ကလော့ပ် ပွဲထုတ်ခဲ့တဲ့ ပွဲထွက် ၁၁ ဦးစာရင်းရဲ့ ပျှမ်းမျှ အသက်ဟာ ၂၁.၉ နှစ်ဖြစ်ပါတယ်။ ဒါဟာ ဥရောပပြိုင်ပွဲ တစ်ခုမှာ အသက်အငယ်ဆုံး လီဗာပူးအသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဘယ်ဂျီယံကလပ်ကို ၂-၁ ဖြင့် အရေးနိမ့်ပေမယ့် ဂိုးရယူနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ […]
မာကာရဲ့ ဒဏ်ရာဟာ မပြင်းထန်ပေမယ့်လို့ နာကျင်မှုက ရှိနေဆဲဖြစ်ကာ ဒီအပတ် မန်ယူနိုက်တက်ပွဲကို ပါဝင်ကစားပေးဖို့ မသေချာဘူးလို့ သိရပါတယ်။ ကလော့ပ်ကတော့ တစ်ရက်ချင်း အခြေအနေ စောင့်ကြည့်နေပြီး ဒဏ်ရာက နည်းနည်းနက်သွားခဲ့တာကြောင့် ပိုးတွေ မဝင်ဖို့လည်း ဂရုစိုက်နေရတဲ့ အခြေအနေပါ။ ဒီလို ဒဏ်ရာမျိုးဟာ ပြန်သက်သာလာဖို့ ၁၅ ရက်လောက် […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!