ဖူလ်ဟမ်နည်းပြ မာကိုစ့် ဆေးဗားက သူတို့အသင်းဟာ အန်ဖီးကွင်းက သည်းထိတ်ရင်ဖို ပွဲစဉ်မှာ အရှုံးရလဒ်ကို ရင်ဝယ်ပိုက်ပြီး လန်ဒန်ကို ပြန်သွားရတဲ့ အသင်း မဖြစ်သင့်ဘူးလို့ ခံစားနေရပါတယ်။ ဝါတာရု အန်ဒို ဆယ်မပေးလိုက်တဲ့ ယုံကြည်မှုက တစ်ဆင့် မိနစ်ပိုင်းအကြာမှာပဲ ထရန့်ဟာ ဦးဆောင်ဂိုးကိုပါ ထပ်သွင်းပြီး ဖူလ်ဟမ်နည်းပြကို နာကျင်စေခဲ့တာပါ။ […]
အားပျော့လာတဲ့ လူစာရင်း လီဗာပူးအသင်းဟာ ဒီတလော ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ရခြင်းနဲ့အတူ ကစားပွဲတွေမှာ အားပျော့လာနေပါတယ်။ အယ်လီဆန်ရဲ့ နေရာကို ကလယ်ဟာ အစားမထိုးနိုင်တာက သိသာတဲ့ အားနည်းချက် တစ်ခုပါ။ ဒါပေမယ့်လို့ ဆိုဘိုစလိုင်ရဲ့ ခြေစွမ်းပိုင်း ကျဆင်းလာမှုကလည်း သတိပြုစရာ ဖြစ်လာနေပါတယ်။ ဒီရာသီစက မက်ကယ်လစ္စတာထက် ဆိုဘိုရဲ့ ခြေစွမ်းဟာ […]
ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ မှာ လီဗာပူးက ဖူလ်ဟမ်ကို ၄-၃ ဖြင့် အနိုင်ရတဲ့နောက် အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ အန်ဖီးကွင်းမှာ လှပတဲ့ သွင်းဂိုး ၄ ဂိုးအတွင်း လီဗာပူး ပရိသတ် အများစု ရွေးချယ်ကြတဲ့ အကောင်းဆုံး ဂိုးကတော့ မာကာရဲ့ […]
ဒဏ်ရာရ ကစားသမားတွေ ရှိနေသလို ပွဲတွေ ဆက်လာနေတဲ့ လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်းကို မျှော်လင့်ထားသလို အကောင်းဆုံး စွမ်းဆောင်ရည်တွေဖြင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲကို မှန်ကန်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပေါ့ဆတဲ့ အမှားတွေက တစ်ဆင့် ဂိုးတွေ ပြန်ပြန်ပေးခဲ့ရတာက စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ၂ […]
မန်စီးတီး ၁-၁ လီဗာပူး ပွဲအပြီး နည်းပြဂွာဒီယိုလာနဲ့ တိုက်စစ်မှူး ဒါဝင် နူးညက်စ်တို့ စကားများခဲ့တာဟာ ကွင်းထဲက ဖြစ်ရပ်တစ်ခုကို လေတိုက်ကြရာက စတင်ခဲ့တာလို့ မက်ကယ်လစ္စတာက ပြောပြခဲ့ပါတယ်။ တောင်အမေရိကသားနဲ့ စပိန်သားတို့ဟာ ကွင်းထဲမှာ စပိန်လို ပြောဆိုနေကြပြီး ကြားထဲက နည်းပြကလော့ပ်က နားမလည်ပေမယ့်လို့ ဒါဝင်ကို ဆွဲခေါ်သွားခဲ့တာပါ။ […]
ဒါဝင် နူးညက်စ်နဲ့ ပက်ဂွာဒီယိုလာတို့ အငြင်းပွားခဲ့ခြင်းဟာ ဟာလန်း ဂိုးမသွင်းနိုင်တဲ့ ဖြစ်ရပ်တစ်ခုမှာ ဂွာဒီယိုလာက လီဗာပူးဘက်ခြမ်းကို လှည့်လာပြီးတော့ ‘ဒီကောင်တွေ ကံကောင်းသွားတာ’ ဆိုတာမျိုး ပြောခဲ့သေးတာကြောင့် ဒါဝင်က တုန့်ပြန်ခဲ့တာ ဖြစ်တယ်လို့ မာကာက ဆိုပါတယ်။ ဖူလ်ဟမ်တောင်ပံသမား ဝီလီယမ်ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် နည်းပြကလော့ပ်က […]
နည်းပြကလော့ပ်က လက်စ်နဲ့ပွဲမှာ ဂက်ပို ဂိုးတွေသွင်းနိုင်ခဲ့တာကြောင့် တိုက်စစ်မှာ ဒါဝင်ကို ကျော်ပြီး နေရာပေးမယ်ရယ်လို့ မဟုတ်ပါကြောင်း ထုတ်ပြောလာပါတယ်။ အထောင်တိုက်စစ်နေရာမှာ ဒါဝင်ကော ဂက်ပိုကိုပါ သုံးလို့ရနေတာဖြစ်ပြီး ဖူလ်ဟမ်ပွဲမှာ ဘယ်သူ့ကို ပွဲထုတ်မယ်ဆိုတာ မသိနိုင်သေးပါဘူး။ နည်းပြကလော့ပ်ကတော့ တစ်ဦးဦးကို ပိုပြီး ပစားပေးမယ့် သဘောထားမျိုး မရှိကြောင်း ဆိုလာခဲ့ပါတယ်။ […]
လီဗာပူးအသင်းဟာ လူငယ် ညာခြမ်း အစွန်လူ ဘရတ်ဒလေကို ကာလရှည် စာချုပ်သစ် သက်တမ်းတိုးခဲ့ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ လက်စ်ပွဲမှာ ကိုနတေးကို ပွဲချိန် ၅၆ မိနစ်မှာ လူစားလဲခဲ့ခြင်းဟာ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်အရ ဖြစ်တယ်လို့ နည်းပြကလော့ပ်က ထုတ်ပြောပါတယ်။ လက်စ်ပွဲမှာ သူ့ရဲ့ ဂျာစီ တောင်းခံခဲ့တဲ့ […]
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးရဲ့ အထင်ကြီးစရာ အိမ်ကွင်း ပုံစံကောင်းတွေဟာ ၈၄ နှစ်အတွင်း အကောင်းဆုံး အချက်အလက်ကို ပိုင်ဆိုင်ဖို့ ဦးတည်လာစေပြီ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ လက်စ်အသင်းကို ၄-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် ဒီရာသီ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပြိုင်ပွဲစုံ အိမ်ကွင်း ၁၀ ပွဲလုံးကို […]
အန်ဖီးမှာ လက်စ်အသင်းကို ၄-၀ ဖြင့် အနိုင်ရလိုက်ခြင်းကြောင့် လီဗာပူးအသင်းဟာ ဒီရာသီ အိမ်ကွင်း ၁၀ ပွဲလုံးကို ရာနှုန်းပြည့် အနိုင်ရနေတဲ့ စံချိန်ကောင်းကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။ လက်စ်နဲ့ပွဲမှာ ပထမပိုင်းမှာတည်းက ပွဲပြတ်နေသင့်တာလို့ ကလော့ပ်က အသင်းသားတွေကို သတိပေးလိုက်ပြီး ၂-၀ ဖြင့်ပဲ ဦးဆောင်နိုင်မှုကို သိပ်ပြီး သဘောမကျကြောင်း […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!