တောင်ပံတွေကနေ ဖြိုလိမ့်မယ် ဆိုတဲ့ ဘရိုက်တန် vs လီဗာပူး ပွဲစဉ်အတွက် ခရစ်ဆက်တန် ရလဒ် ခန့်မှန်းချက်

October 7, 2023 LFC2 0

ဒီအပတ် တနင်္ဂနွေနေ့မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရပါမယ်။ အဆိုပါပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်ကို ဖော်ပြမှာ ဖြစ်ပါတယ်။ Brighton v Liverpool အရင်အပတ်က ဘရိုက်တန်တို့ ၆ ဂိုးပြတ် အရေးနိမ့်ခဲ့တယ်။ လီဗာပူးက […]

အကဲပိုနေကြတဲ့ ထရန့် x ဒွန်၊ ဂွာဒီယိုလာရဲ့ ပြိုင်ဘက်စာရင်း၊ အန်ဒရီကို ခေါ်ယူနိုင်ဆဲနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

October 7, 2023 LFC2 0

ဘရိုက်တန်ပွဲမှာတော့ ကာတစ်ဂျုံးနေရာ ဂရာဗင်ဘက်ချ်ကို တိုက်ရိုက် ထည့်ကစားဖို့ ဒါမှမဟုတ် မက်ကယ်လစ္စတာကို ကာတစ်ဂျုံးနေရာ ရှေ့ဆက်စေပြီး အနောက်မှာ ဝါတာရုကို ထည့်ဖို့ ရွေးချယ်မှု နှစ်ခုလုံးက လူကြိုက်များနေပါတယ်။ သီယေဂို ဒုတိယအကြိမ် ဒဏ်ရာ ပြန်ရခဲ့ပေမယ့် အောက်တိုဘာလ အကုန်ပိုင်းမှာ ဘာ့ဆဲတစ်၊ ဂက်ပို၊ ဘရတ်ဒလေတို့နဲ့အတူ လေ့ကျင့်ရေးကွင်းထဲ […]

NEWS: သီယေဂို၊ ဂက်ပို၊ ဘာ့ဆဲတစ်၊ ဘရတ်ဒလေတို့ရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ

October 6, 2023 LFC2 0

ဘရိုက်တန်ပွဲကြိုမှာ နည်းပြကလော့ပ်က ဒဏ်ရာရ ကစားသမားတွေအကြောင်း ထုတ်ပြောလာခဲ့ပြီး သီယေဂိုဟာ ဒုတိယအကြိမ် ဒဏ်ရာ ပြန်ထိမှု ရှိခဲ့တယ်လို့ သိရပါတယ်။ တင်ပါးဆုံ ဒဏ်ရာခွဲစိတ်မှု လုပ်ခဲ့ရတဲ့ သီယေဂိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်တည်းက အနားယူနေရတာဖြစ်ပါတယ်။ သူပြန်ကစားလာနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နိုင်ငံတကာ သီတင်းပတ် ၂ ခုမှာ […]

အားလုံးက ကလေးတွေလည်း မဟုတ်ကြဘူး၊ ပြီးတဲ့ကိစ္စ ပြီးသွားပါပြီ လို့ သတင်းထောက်တွေကို ကလော့ပ် တုန့်ပြန်

October 6, 2023 LFC2 0

အန်ဖီးကွင်းမှာ ယူနီယံ စိန့်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲအပြီးမှာ မီဒီယာသမားတွေက စပါးနဲ့ပွဲ ပြန်ကန်ပွဲကိစ္စ ထပ်ပြောပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြကလော့ပ်က လီဗာပူး နည်းပြ အဖြစ် မဟုတ်ဘဲ ဘောလုံး အသိုင်းအဝိုင်းထဲက လူတစ်ယောက်အဖြစ် သူ့အမြင်ကို ထုတ်ပြောခဲ့တာပါ။ ကလော့ပ် […]

ဒါဝင်ရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှု၊ ကွင်းလယ် ဟန်ချက်ညီလာခြင်း၊ အလှည့်ကျစနစ်နဲ့ ယူရိုပါလိဂ် နိုင်ပွဲမှ ပြောစရာများ

October 6, 2023 LFC2 0

ဟန်ချက်ညီတဲ့ ကွင်းလယ် ဟာဗေး၊ ဂရာဗင်ဘက်ချ်နဲ့ ဝါတာရုတို့ တွဲထွက်လာတဲ့ ကွင်းလယ်ဟာ သူ့နေရာနဲ့သူ ကစားခွင့်ရခဲ့ကြတာနဲ့အညီ ကြည့်လို့ အဆင်ပြေခဲ့ပါတယ်။ ဝါတာရုက နံပါတ် ၆ သမား စစ်စစ်ဖြစ်တာကြောင့် ဂရာဗင်ဘက်ချ်နဲ့ ဟာဗေးတို့က တိုက်စစ်ကို ပိုလိုက်ခွင့်ရခဲ့ပါတယ်။ လီဗာပူးကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို အလွယ်ကူဆုံး ပုံစံဖြင့် […]

ယူနီယံ စိန့်ကို ၂-၀ ဖြင့် အနိုင်ရခြင်း၊ ၁၂ ချက် ချုပ်ရတဲ့ ကလယ်ဟာနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

October 6, 2023 LFC2 0

ဂရာဗင်ဘက်ချ်၊ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေဖြင့် ယူရိုပါလိဂ် ဒုတိယမြောက်ပွဲကို အနိုင်ရအပြီး လီဗာပူးအသင်းဟာ အုပ်စုဗိုလ်နေရာမှာ ရပ်တည်နေပါတယ်။ အန်ဖီးကွင်းမှာ သားနှစ်ယောက် ထိပ်တိုက်တွေ့နေကြတဲ့ ပွဲစဉ်ကို ကြည့်ပြီး ကြည်နှုးစိတ်ဖြင့် မက်ကယ်လစ္စတာတို့ရဲ့ ဖခင် မျက်ရည်ကနေခဲ့တယ်လို့ သိရပါတယ်။ ပွဲကစားခွင့် မိနစ်တွေ ရနေတာကြောင့် သူ့ရဲ့ ယုံကြည်ချက်တွေ တိုးပွားလာနေတယ်လို့ […]

လီဗာပူးပွဲတွေကို ကိုင်ခွင့်ရတော့မှာ မဟုတ်တဲ့ ဒိုင်လူကြီး၊ Replay ပွဲ နောက်ဆက်တွဲ ဂယက်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

October 5, 2023 LFC2 0

ဒိုင်လူကြီး Darren England ဟာ စပါးပွဲက အမှားကြောင့် ဒီရာသီ လီဗာပူးအသင်းပွဲတွေကို ကိုင်တွယ်ခွင့် ပိတ်ခံလိုက်ရပါပြီ။ ထရန့်ကတော့ ကလပ်ရဲ့ ရည်မှန်းချက်ကို ထုတ်ဖော်ရဖို့ ရှက်ရွံ့နေမှာ မဟုတ်ဘဲ ရာသီကုန်ရင် ဆုဖလားကြီးတွေ အောင်မြင်လိုတယ်လို့ ပြတ်ပြတ်သားသား ပြောပါတယ်။ ယာဂင်ကလော့ပ်က ပြန်ကန်ပွဲအကြောင်း လီဗာပူးအသင်း နည်းပြအဖြစ် […]

စပါးပွဲ REPLAY ပြန်ကန်ဖို့ ကိစ္စအတွက် ကလော့ပ် ထုတ်ပြောလာတဲ့ အင်တာဗျူး အပြည့်အစုံ

October 4, 2023 LFC2 0

ယာဂင်ကလော့ပ်ကတော့ စပါးပွဲမှ အငြင်းပွားစရာ VAR ဆုံးဖြတ်ချက်အတွက် ဖြေရှင်းဖို့ရာ နည်းလမ်းကတော့ ပွဲကို ပြန်ကစားစေတာပါပဲလို့ ပြတ်ပြတ်သားသား ထုတ်ပြောခဲ့ပါတယ်။ ယူရိုပါလိဂ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က replay ကစားစေတာက သူမြင်တဲ့ ဖြေရှင်းနည်းအဖြစ် အခုလို ပြောခဲ့ပါတယ်။ LFCThaDin ပရိသတ်တွေအတွက် အင်တာဗျူး အပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။ […]

ယူရိုပါလိဂ်ပွဲ မတိုင်ခင် မညာဘူး တကယ်ဗျင်းမှာလို့ အပြန်အလှန် လေတိုက်နေတဲ့ မာကာတို့ ညီအကို

October 4, 2023 LFC2 0

ဒီအပတ် ယူရိုပါလိဂ်မှာတော့ မက်ကယ်လစ္စတာ ညီအကို နှစ်ဦး ထိပ်တိုက်တွေ့ကြပြီ ဖြစ်ကာ ပွဲကြိုမှာတော့ သူတို့နှစ်ဦး လေတိုက်နေကြပါတယ်။ ဒီကြားရက်မှာ လီဗာပူးအသင်းနဲ့ ဘယ်ဂျီယံကလပ် ယူနီယံ စိန့်ဂယ်လွိုက်စ်တို့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ကာ အဆိုပါ ကလပ်မှာ မာကာရဲ့ အကိုဖြစ်သူ ကယ်ဗင်ရှိနေပါတယ်။ ပွဲကြိုမှာ […]

ပရီးမီးယားလိဂ်ဘက်က VAR လုပ်ငန်းစဉ် ကိုင်တွယ်မှု အားနည်းခဲ့ကြောင်း ဝန်ခံခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

October 4, 2023 LFC2 0

ကာတစ်ဂျုံးရဲ့ အနီကဒ်အတွက် လီဗာပူးအသင်း အယူခံဝင်မှုကို ပရီးမီးယားလိဂ် ဘက်က ပယ်ချလိုက်ပါပြီ။ ဂျုံးဟာ လာမယ့် ၃ ပွဲကို ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။ ကာတစ်ဂျုံး မပါနိုင်ချိန်မှာ မာကာကို သူ့ရဲ့ အကောင်းဆုံး နေရာထံ ပြန်ပို့ရေး ကွင်းလယ်ခံစစ်သမားအဖြစ် အန်ဒို တာဝန်ယူသင့်သလား ဒါမှမဟုတ် ဂျုံးနေရာ […]