ထပ်တိုးပွဲပယ် ပြစ်ဒဏ်ကို လက်ခံတဲ့ ဗန်ဒိုက်၊ ဆိုဘို မာကာအတွက် ပေါင် ၄၂ သန်း သက်သာမှု၊ ဟက်ထရစ်သွင်းတဲ့ လူငယ်စတားနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

September 9, 2023 LFC2 0

ဗန်ဒိုက်ကတော့ အက်ဖ်အေရဲ့ ထပ်တိုး တစ်ပွဲပယ်နဲ့ ဒဏ်ကြေး ပေါင် ၁ သိန်း ဒဏ်တပ်မှုကို လက်ခံပါကြောင်းနဲ့ သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံး အနီကဒ်အတွက် တုန့်ပြန်ခဲ့မိတာဖြစ်ကာ အဆိုပါပွဲအပြီးမှာပဲ ပွဲနေ့ တာဝန်ရှိသူတွေကို ချက်ခြင်း တောင်းပန်ခဲ့ပါတယ်လို့ ထုတ်ပြောသွားပါတယ်။ လီဗာပူးအသင်းဟာ ဘယ်အစွန်လူ ကိုစတက်ကို […]

သူနဲ့ ဂျရတ်ကြားမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ မေးခွန်းကို ပေါစခိုး ဖြေ

September 8, 2023 LFC2 0

ပရီးမီးယားလိဂ်ခေတ်မှာ ဂျရတ်နဲ့ စခိုးကြား ဘယ်သူ အကောင်းဆုံးလဲ ဆိုတာဟာ အခုထိ အငြင်းပွားကြဆဲ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ခေတ်ပြိုင်အဖြစ် ပေါ်ထွက်လာကြသူ နှစ်ဦးထဲဟာ မတူညီတဲ့ ဂုဏ်ပုဒ်တွေဖြင့် လေးစားခံ ပရိသတ်များစွာ ရှိကြပါတယ်။ စတီဗင်ဂျရတ်ကတော့ သူ့ရဲ့ အောင်နိုင်လိုစိတ်ဖြင့် ပေါက်ကွဲကစားမှုအပြင် ဦးဆောင်နိုင်စွမ်းတွေကြောင့် လီဗာပူးပရိသတ်တွေရဲ့ အသဲကျော် […]

ဒီနွေမှာ လီဗာပူးအသင်း မအောင်မြင်ခဲ့တဲ့ သန်း ၁၀၀ တန် ခေါ်ယူမှု (၃) ခု

September 8, 2023 LFC2 0

ဒီနွေစျေးကွက်အတွင်း လီဗာပူးအသင်းဟာ ကိုင်ဆီဒိုကို ပေါင် ၁၁၁ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမယ့်လို့ စျေးကွက်ပိတ်အပြီး ‘မဖြစ်မြောက်ခဲ့တဲ့ ထိပ်သီး အပြောင်းအရွှေ့ ကိစ္စများ’ စာရင်းတွေ ဖော်ပြရာမှာ လီဗာပူး မအောင်မြင်ခဲ့တဲ့ တန်ကြေးကြီး ခေါ်ယူမှု အချို့ရှိနေကြောင်း […]

လီဗာပူးပရိသတ်တွေဟာ ဆာလာကို ဂန္တဝင်တစ်ဦး အပေါ် လေးစားမှုမျိုး ပေးသင့်နေပြီလား

September 8, 2023 LFC2 0

လီဗာပူးအသင်း လူစာရင်းထဲက အကောင်းဆုံး ကစားသမားဆိုရင် အသင်းပရိသတ် အများအပြားက ဆာလာကိုပဲ ရွေးချယ်ကြမှာပါ။ ဒါပေမယ့် ဆာလာဟာ အမြဲတမ်း အကောင်းမြင်ခံရတဲ့ ကစားသမားမျိုး မဟုတ်ဘူး၊ အသင်းပရိသတ်တိုင်း သူ့ကို သဘောမကျပါဘူး။ လီဗာပူး တောင်ပံကနေ ဧရိယာထဲ ဝင်ရောက်ပြီး ဂိုးသွင်းနိုင်စွမ်း မြင့်မားတဲ့ ဆာလာဟာ တစ်ကိုယ်ကောင်းဆန်တယ် […]

ဆော်ဒီနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ခြင်း၊ FSG နဲ့ ကာတာအဖွဲ့တွေ့ဆုံ၊ အန်ဖီးကွင်းအတွက် ကန်ထရိုက်တာသစ် ရခဲ့ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

September 8, 2023 LFC2 0

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ ခံစစ်မှူးသစ် ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိကာ ဘုန်းမောက်အသင်းမှ အင်္ဂလန်သား လွိုက်ကယ်လီကို သဘောကျထားမှုအား ပြန်အသက်သွင်းလိုပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ ဆာလာအပေါ် စိတ်ဝင်စားဆဲဖြစ်တာကြောင့် ၂၀၂၄ နွေမှာ တစ်ကျော့ပြန် ကမ်းလှမ်းမယ့်အကြောင်းကို အခုတည်းက သတင်းစကား ချန်ထားခဲ့ပြီ ဖြစ်ပါတယ်။ ဆာလာအတွက် လီဗာပူးနဲ့ ဆော်ဒီကလပ်တို့ ဆွေးနွေးစကားပြောရာက […]

ဖလူမီနက်စ် ဥက္ကဋ္ဌက လီဗာပူးရဲ့ ဆက်သွယ်မှုကို အတည်ပြုကာ ဇန်နဝါရီ အပြောင်းအရွှေ့ အတွက် အရိပ်အမြွက် ပေး

September 7, 2023 LFC2 0

ဒီနွေမှာ လီဗာပူးအသင်းက ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရီအတွက် တရားဝင် ချိတ်ဆက်မှု ပြုလုပ်ခဲ့ကြောင်း ကလပ် ဥက္ကဋ္ဌက အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့်လို့ ၎င်းကပဲ အန်ဒရီကို ခေါ်ယူလိုရင် စောင့်ဆိုင်းဖို့ အကြောင်းပြန်ခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ နွေစျေးကွက်အတွင်း ကွင်းလယ် ပြန်တည်ဆောက်မှု အစိတ်အပိုင်း အဖြစ် ဘရာဇီး ကွင်းလယ်လူကို […]

NEWS: ကမ္ဘာစံချိန်တင်ကြေးဖြင့် စိတ်ဝင်စားခံရပေမယ့် မိုဆာလာကို ဆက်ထိန်းနိုင်တော့မယ့် လီဗာပူး

September 7, 2023 LFC2 0

ဆော်ဒီကလပ် Al-Ittihad အသင်းဟာ ကြာသပတေးနေ့ အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင် ဆာလာကို လက်မှတ်ထိုး ခေါ်နိုင်ဖို့ အခွင့်အရေး နည်းပါလှကြောင်းကို နားလည်သွားခဲ့ပါပြီ။ ဆော်ဒီကလပ်ဟာ အင်္ဂလန်အပြောင်းအရွှေ့ မပိတ်ခင် ဆာလာအတွက် ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။ သူတို့ဟာ ဒီနွေမှာ […]

ဆာလာကို ခေါ်ဖို့ နောက်ကျပြီ နားလည်သွားခြင်း၊ အသင်းမပြောင်းလိုတဲ့ ဒီယက်စ်၊ အန်ဒရီအတွက် ပယ်ချခံခဲ့ရခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

September 7, 2023 LFC2 0

အန်ဒရီကို ခေါ်ယူဖို့ လီဗာပူးအသင်း အကြီးတန်း ဒါရိုက်တာ တစ်ဦးထံက တိုက်ရိုက် ချိတ်ဆက်မှု ရခဲ့ပေမယ့် ဇန်နဝါရီမှပဲ ရောင်းပေးနိုင်မယ်ဆိုကာ ငြင်းဆန်ခဲ့ကြောင်း ဖလူမီနက်စ် ဥက္ကဋ္ဌက ထုတ်ပြောလာပါတယ်။ Al-Ittihad အသင်းက သူတို့ ဆာလာကို ခေါ်ယူဖို့ ကြိုးစားမှုဟာ အချိန်နောက်ကျခဲ့ပြီ ဆိုတာကို နားလည်သွားပြီလို့ ဆော်ဒီဘက်နဲ့ […]

ဗန်ဒိုက်ရဲ့ ဖောင်းဖြစ်ရပ်မှာ ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်တို့ ဘယ်လို စစ်ခဲ့ကြလဲ ပရီးမီးယားလိဂ်ဘက်က တရားဝင် ချပြလာ

September 6, 2023 LFC2 0

စကိုင်းစပေါ့ဟာ ကွင်းလယ်ဒိုင် Brooks နဲ့ VAR ဒိုင် Stuart Attwell တို့ ဗန်ဒိုက် ဖြစ်ရပ်မှာ ဘာပြောနေကြလဲဆိုတဲ့ မိုက်ခရိုဖုန်း အသံကို ချပြလာခဲ့ပါပြီ။ ပရီးမီးယားလိဂ်ဟာ အခုလိုပဲ ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်ကြား အဆုံးအဖြတ် အခိုက်အတန့်တွေအတွက် စကားပြောမှုကို လူမြင်ကွင်းထံ ချပြဖို့ […]

ဆော်ဒီဘက်က ဘာကြောင့် မိုဆာလာကို ကမ္ဘာ့စံချိန်တင်ကြေး ပေးလိုနေသလဲ

September 6, 2023 LFC2 0

ဥရောပ ဘောလုံးလောကမှာတော့ အသက် ၃၁ နှစ်အရွယ် ကစားသမား တစ်ဦးကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ဖြင့် ခေါ်ယူဖို့ ကြိုးစားမယ့် ကိစ္စရှိလာခဲ့ရင် အဲ့သည်ကလပ်ကို ရူးများနေသလားလို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။ ကစားသမားဘဝ အကောင်းဆုံး အရွယ်ကို ရောက်နေသလို နောက်ဆုံး အချိန်ထဲ ဝင်တော့မယ့် […]