ကွင်းလယ်လူ ၂ ဦးလုံး ခေါ်ဖွယ်ရှိခြင်း၊ ဆာလာကို ဂုဏ်ပြုတဲ့ ဂျရတ်၊ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အန်ဒိုနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

August 21, 2023 LFC2 0

စတီဗင်ဂျရတ်က သူ့ရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်သွားတဲ့ မိုတာလာကို အင်စတာဂရမ်ကနေ ဂုဏ်ပြုသွားပါတယ်။ ဟန်ဒိုနေရာ ဆိုဘို ဝင်လာတာဟာ ကားရီးယက်စ်နေရာ အယ်လီဆန်ဖြင့် အဆင့်မြှင့်လိုက်သလိုပါပဲလို့ လီဗာပူးပရိသတ်တွေက မှတ်ချက်ပေးပါတယ်။ လီဗာပူးအသင်းဟာ ဂရာဗင်ဘက်ချ်နဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးမှုကို ဂျာမနီမှာ ပြုလုပ်နေပါတယ်။ ကစားသမား ခေါ်ယူရေးဆိုင်ရာ အကြီးအကဲ […]

ဒဏ်ရာကြောင့် လူစားလဲခံရတဲ့ ထရန့်နဲ့ ဒီယက်စ် အခြေအနေအတွက် ကလော့ပ် ပြောလာမှု

August 20, 2023 LFC2 0

ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲအတွင်း ပွဲချိန် ၇၆ မိနစ်မှာ လူစားလဲခံရတဲ့ ထရန့်နဲ့ ပွဲချိန် ၈၆ မိနစ်မှာ လူစားလဲခံရတဲ့ ဒီယက်စ်တို့ အခြေအနေကောင်းဟန် ရှိပါတယ်။ ထရန့်ဟာ ဂိုးမက်စ်နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး အရန်ခုံမှာ သူ့ခြေထောက်ကို ကုသမှု ခံယူနေခဲ့ရတာပါ။ ပြိုင်ဘက် ကစားသမားရဲ့ အကန်ခံခဲ့ရတာလို့ သိရပြီး […]

” ဒီ ​ေ-ာက်ရေးမပါတဲ့ သီချင်းကို ရပ်ပေးကြပါလား? ” လို့ ဘုန်းမောက်ပွဲမှာ ကလော့ပ် တောင်းဆိုခဲ့ခြင်း

August 20, 2023 LFC2 0

ဘုန်းမောက်နဲ့ ယှဉ်ပြိုင်တဲ့ပွဲအတွင်း လီဗာပူးပရိသတ်တွေရဲ့ ဂုဏ်ပြု သီဆိုမှုကို ရပ်တန့်ပေးဖို့ ကလော့ပ်က တောင်းဆိုခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေဟာ အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ ဘုန်းမောက်ပွဲအတွင်း အဲဗာတန်ကွင်း တည်ဆောက်မှုမှာ မတော်တဆ ဖြစ်ရပ်ကြောင့် သေဆုံးသွားတဲ့ အဲဗာတန်ပရိသတ်အတွက် ဝမ်းနည်းခြင်းအဖြစ် ပွဲချိန် ၂၆ မိနစ်မှာ မတ်တပ်ရပ်ပြီး လက်ခုပ်တီးကာ အသိအမှတ်ပြုမှု […]

မက်ကယ်လစ္စတာရဲ့ အနီကဒ်ကို အကြောင်းရင်း ၂ ချက်ကြောင့် VAR ပြန် မစစ်ခဲ့ပါဘူး

August 20, 2023 LFC2 0

VAR ဒိုင်တွေဟာ လီဗာပူးက ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲမှာ မက်ကယ်လစ္စတာရဲ့ အနီကဒ်ကို ပြန်စစ်မှု မလုပ်တာ အကြောင်းရင်း ၂ ချက်ကြောင့်လို့ မာဆေးဆိုဒ် အခြေစိုက် Echo က ဖော်ပြပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ မက်ကယ်လစ္စတာက ဘုန်းမောက် ကစားသမား ခရစ္စတီနဲ့ ထိပ်တိုက်တွေ့မှု […]

မာကာ အနီကဒ် ကိစ္စ တာဝန်ရှိသူတွေဖြင့် ဆွေးနွေးမည်၊ အန်ဒို ပွဲဦးထွက်မှုကို မှတ်ချက်ပေးတဲ့ ကလော့ပ်၊ ထရန့် ဒီယက်စ် ကြံ့ခိုင်မှု အခြေအနေနှင့် လီဗာပူး နံနက်ခင်း သတင်းများ

August 20, 2023 LFC2 0

လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာရဲ့ အနီကဒ်အတွက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ စကားပြောမှု ပြုလုပ်မှာဖြစ်ပါတယ်။ ဘုန်းမောက်ပွဲမှာ မိနစ် ၄၀ မပါနိုင်တာကပဲ သူ့အပြစ်အတွက် လုံလောက်ပြီလို့ ကလပ်ဘက်က မြင်ပါတယ်။ ဘုန်းမောက်ကို ၃-၁ ဖြင့် အနိုင်ရအပြီးမှာ ဆိုဘိုက “ဒါဟာ အိမ်ကွင်းမှာ ငါတို့ ဘယ်လို စတင်တယ် […]

ဆိုဘိုစလိုင် ဘယ်လောက်ကောင်းလဲ မြင်ခဲ့ရတဲ့ လီဗာပူး ၃-၁ ဘုန်းမောက်ပွဲမှ စကားပြောစရာများ

August 19, 2023 LFC2 0

အထနှေးတဲ့ လီဗာပူး ပထမပိုင်း ၁၀ မိနစ်အတွင်း အသင်းကစားပုံက အတော်လေး အခြေအနေ ဆိုးနေပါတယ်။ စက္ကန့် ၆၀ မှာတင် ဂိုးပေးရပြီး လူကျွံနေတာကြောင့် ကံကောင်းခဲ့ပေမယ့် ပွဲချိန် ၃ မိနစ်မှာပဲ ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ပွဲချိန် ၈ မိနစ်မှာ ဂိုးထပ်ပေးရမယ့် အမှားမျိုး […]

ပွဲအဖြေပြောင်းမယ့်သူတွေ အများကြီး ရှိနေတယ် ဆိုတဲ့ လီဗာပူး vs ဘုန်းမောက်ပွဲအတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်

August 19, 2023 LFC2 0

ဒီကနေ့ မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ ကစားမယ့် လီဗာပူး ဘုန်းမောက်ပွဲအတွက် ဝါရင့် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။ Liverpool v Bournemouth ကျနော် ဒီပွဲကို အန်ဖီးကွင်းကနေ ကြည့်မှာပါ။ ဒီပွဲမှာ ဘုန်းမောက်တို့ ပိုကောင်းလာရင်တောင် လီဗာပူးတိုက်စစ်သမားတွေက ရလဒ်ကို ခြားနားစေဖို့ ကျနော် […]

ဒါဝင်၊ အယ်လီးယော့တို့ ပါဝင်လာနိုင်တဲ့ ဘုန်းမောက်ပွဲအတွက် ရွေးချယ်စရာ လူစာရင်း (၂) မျိုး

August 19, 2023 LFC2 0

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီခွဲအတွင်း လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။ Team news ခြေကျင်းဝတ် ခေါက်သွားခြင်းကြောင့် ဂျုံး လွဲပါမယ်။ သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ ပွဲနေ့ ကြံ့ခိုင်ရေး မရှိသေးပါဘူး။ အန်ဒိုရဲ့ အလုပ်ပါမစ် […]

ဘုန်းမောက်ပွဲကို လွဲမယ့် စီနီယာ ၃ ဦး၊ ဘွန်ဒက်လီဂါ စောင့်ကြည့်ခြင်း၊ အပြောင်းအရွှေ့ လမ်းဖွင့်ထားခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

August 19, 2023 LFC2 0

အကယ်လို့ လီဗာပူးမိသားစုထဲက တစ်ဦးဦး ရုန်းကန်ရမှုတွေ ရှိနေပြီဆိုရင် ကျော်ဖြတ်နိုင်ဖို့က အတူတကွ ကြိုးစားကြဖို့ပါလို့ ကလော့ပ်က သတိပေးပါတယ်။ လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါမှ ဗဟိုခံစစ်မှူး အချို့ကို စောင့်ကြည့်နေပြီး လေဗာကူဆင် ခံစစ်သမား Piero Hincapie ကလည်း သူတို့ထဲက တစ်ဦး ဖြစ်ပါတယ်။ ဒီညပွဲကို ခြေကျင်းဝတ် […]

အန်ဒိုရဲ့ work permit ကိစ္စ အချိန်လုနေတဲ့ လီဗာပူး၊ အသင်းရဲ့ ခံစစ်ပိုင်းကို ကူညီနိုင်မယ်လို့ အန်ဒို ဆို

August 18, 2023 LFC2 0

လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ် ဝါတာရူ အန်ဒိုကို ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့ပြီး ဒီကနေ့ နေ့ခင်းပိုင်းအမှီ ပရီးမီးယားလိဂ် မှတ်ပုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ ဒီနေ့ခင်း ၁၂ နာရီ (ဗြိတိန်စံတော်ချိန်) မတိုင်ခင် မှတ်ပုံတင်နိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ အလုပ်ပါမစ်ကိစ္စ အမြန်ဆုံး အပြီးသတ်နိုင်မလားက ဒီအပတ် […]