တချိန်က လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့တဲ့ ဟန်ဒါဆန်နဲ့ မာနေးတို့ဟာ ဒီနွေမှာတော့ ဆော်ဒီပရိုလိဂ်မှာ ပြိုင်ဘက်အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်လာခဲ့ပါပြီ။ တချိန်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ အောင်မြင်ရေး အတူကြိုးစားခဲ့တဲ့ သူတို့လို ကစားသမားတွေဟာ ဒီနွေမှာတော့ တူညီစွာပဲ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။ […]
ရိုမီယို လာဗီယာဟာ လီဗာပူးအသင်းထံ ပြောင်းရွှေ့လိုကြောင်း သူ့ရဲ့ ဆန္ဒအား ဆောက်သမ်တန်အသင်းထံ ပြသခဲ့ပါတယ်။ လီဗာပူးဘက်က နောက်တစ်ကြိမ် ကမ်းလှမ်းခြင်းဟာ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ် ရှိပါတယ်။ ဆာလာက လီဗာပူးမှာပဲ ဆက်နေချင်ကြောင်း အေးဂျင့် Ray Abbas က ထုတ်ပြောလာပြီး သူကိုယ်တိုင်ကော ကစားသမားကပါ အပြောင်းအရွှေ့ […]
ဆော်ဒီပရိုလိဂ် ထိပ်တန်းကလပ် တစ်သင်းဖြစ်တဲ့ Al-Ittihad က ခေါ်ယူလိုကြောင်း သတင်းထွက်နေသူ ဆာလာကို လီဗာပူးမှာပဲ ဆုဖလားတွေ ဆက်လက် အောင်မြင်အောင် ကြိုးစားဖို့ စတီဗင်ဂျရတ်က တိုက်တွန်းလိုက်ပါတယ်။ ဆော်ဒီကလပ် Al Ettifaq အသင်းနည်းပြ ဂျရတ်က ဖာမင်နို၊ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့လို ဆာလာလည်း အရှေ့အလယ်ပိုင်းထံ […]
ဆောက်သမ်တန်အသင်းဟာ ကာရာဘောင်းပွဲကြို သူတို့အသင်း လေ့ကျင့်ရေးမှာ လာဗီယာကို ဖယ်ထုတ်ထားခဲ့သလို ဒီညမှာ ယှဥ်ပြိုင်ရမယ့် ပွဲနေ့ လူစာရင်းကနေပါ ဖယ်ထုတ်လိုက်ပါပြီ။ မနေ့ကပဲ လာဗီယာအတွက် လီဗာပူးရဲ့ ထပ်တိုးကြေးအပါ ပေါင် ၄၅ သန်းဖြင့် ကမ်းလှမ်းမှုကို ဆောက်သမ်တန်ဘက်က ပယ်ချသွားပေမယ့် ကလပ် နှစ်သင်းဟာ ကွင်းလယ်လူရဲ့ အပြောင်းအရွှေ့ […]
ဂျင်မီကာရေဂါက လီဗာပူးအသင်းရဲ့ ကွင်းလယ်လူ လာဗီယာအတွက် သီတင်းပတ်တွေကြာ ပျင်းရိဖွယ် ချိတ်ဆက်နေမှုဟာ ရှက်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေပြီလို့ ဝေဖန်လာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာဗီယာအတွက် ပေါင် ၃၇ သန်း၊ ပေါင် ၄၁ သန်းနဲ့ ပေါင် ၄၆ သန်းဆိုပြီး ၃ ကြိမ် ကမ်းလှမ်းရာမှာ […]
လီဗာပူးအသင်းရဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲဖြစ်တဲ့ Darmstadt နဲ့ပွဲဟာ ၃-၁ ရလဒ်ဖြင့် ပြီးစီးခဲ့ပါတယ်။ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့ ဂိုးတွေ သွင်းခဲ့ကြကာ လူစားလဲမှုတွေနဲ့အတူ လူစုံထုတ်ခဲ့ပါတယ်။ ဒီပွဲမှာ ပြောစရာလေး နည်းနည်းရှိပါတယ်။ တိုက်စစ်က မြိုင်မြိုင် ခံစစ်က လျော့ရဲရဲ ပထမပိုင်းမှာ ၈ […]
ရာသီကြို နောက်ဆုံးသော ခြေစမ်းပွဲဖြစ်တဲ့ Darmstadt နဲ့ပွဲမှာ လီဗာပူးအသင်းဟာ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ မနက်ကပွဲမှာ ဗန်ဒိုက်က မိနစ် ၆၀ မှာ လူစားလဲခံခဲ့ရတာကြောင့် ထရန့်ဟာ ၁၄ မိနစ်ကြာ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကို […]
၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် လီဗာပူးရဲ့ ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးဖြစ်ကြောင်း ထရန့်က ထုတ်ပြောလာခဲ့ပါတယ်။ ကလော့ပ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံ ဝင်ခွင့် လွဲချော်ထားတဲ့ လီဗာပူးဟာ ဒီရာသီမှာ ယူရိုပါလိဂ်မှာပဲ ပါဝင်ယှဉ်ပြိုင်ရမှာပါ။ ဒီပြိုင်ပွဲကို အနိုင်ရဖို့ ရေပန်းစား အသင်းတွေထဲမှာ လီဗာပူး ပါဝင်နေသလို ချန်ပီယံလိဂ်ကို လွဲချော်ခြင်းဟာ […]
ဒီမနက်ပိုင်းမှာ ဆာလာကို ဆော်ဒီကလပ် Al-Ittihad အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း ကိစ္စဟာ အာရပ်ဒေသတွင်း သတင်းတွေမှာ အတော်လေး ဖော်ပြခံလာရပါတယ်။ ဖာဘင်ညို၊ ကန်တေနဲ့ ဘန်ဇီမာတို့ကို ခေါ်ယူထားတဲ့ Al-Ittihad အသင်းဟာ ပေါင် ၁၅၅ သန်း တန်ကြေးရှိတဲ့ ၂ နှစ် စာချုပ်ဖြင့် […]
ဒီအပတ် တနင်္ဂနွေနေ့ ည ၁၀ နာရီမှာတော့ လီဗာပူးအသင်းဟာ စတမ်းဖိုဒ့်ဘရစ်ချ်ကို သွားပြီး ချယ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် မနက်ဖြန်ညမှာ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲ ရှိမှာဖြစ်ပါတယ်။ ကွင်းလယ်နဲ့ ပတ်သက်ပြီး နောက်ဆုံးရထားတဲ့ အခြေအနေတွေကို ဖော်ပြသွားပါမယ်။ သီယာဂိုနဲ့ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!