လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးနဲ့ ပတ်သက်ပြီး အံ့ဩစကား ပြောဆိုသွားတဲ့ ဆိုဘိုစလိုင်

July 20, 2023 LFC2 0

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ ဆိုဘိုစလိုင်ဟာ ရာသီကြိုမှာ သူရင်ဆိုင်နေရတဲ့ လီဗာပူး လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက် အနည်းငယ် ပေးလာခဲ့ပါတယ်။ ဒီနွေမှာ လိုက်ဇစ်ကနေ လီဗာပူးကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ပြောင်းလာခဲ့တဲ့ ဆိုဘိုစလိုင်ဟာ ညာခြမ်းနေရာ […]

ထရန့် နံပါတ် ၆ နေရာ ဝင်ယူပြီး ဆိုဘိုနဲ့ မာကာတို့ ပွဲဦးထွက်ခဲ့တဲ့ ခြေစမ်းပွဲမှ စကား ပြောစရာများ

July 20, 2023 LFC2 0

လီဗာပူးအသင်းရဲ့ ပထမဆုံးသော ရာသီကြို ခြေစမ်းပွဲ ပြီးဆုံးခဲ့ကာ မျှော်လင့်ထားတာထက် ပို ရုန်းကစားကြတဲ့ ပွဲစဉ် တစ်ခု ဖြစ်ခဲ့ပါတယ်။ ၄-၂ နဲ့ အနိုင်ရတယ်ဆိုပေမယ့် ရလဒ်ထက် ကြံ့ခိုင်မှုနဲ့ အသင်းဖော်ချင်း နားလည်လာမှုတွေက ပိုအရေးကြီးတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ကွင်းလယ် အတွင်းလူနေရာ ကြိုးစားခဲ့တဲ့ ထရန့် […]

အသင်းပြောင်းကြတော့မယ့် စီနီယာ ၃ ဦး၊ ဆိုဘိုနဲ့ မက်ကယ်လစ္စတာ ပွဲဦးထွက်၊ ပထမဆုံး ခြေစမ်းပွဲကို ဂျိုတာကြောင့် ဂိုးပြတ် အနိုင်ရခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

July 20, 2023 LFC2 0

လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီကလပ် Al Ettifaq အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားသလို ကလပ်နှစ်သင်းကြား ပေါင် ၁၂ သန်း အပြင် ထပ်တိုးကြေးတွေဖြင့် ညိနှိုင်းမှု အဆင်ပြေခဲ့ပါတယ်။ ဒီအပတ်ထဲမှာပဲ ကွင်းလယ်လူ ဖာဘင်ညိုရဲ့ ဆော်ဒီလိဂ်ထံ […]

[🎥] အန်ဖီးကွင်း တိုးချဲ့မှု ပြီးသွားရင် ဘယ်လို ဖြစ်လာမလဲ ဗီဒီယိုသစ် ထွက်ပေါ်လာ

July 19, 2023 LFC2 0

Anfield Road ပွဲကြည့်စင် အပြီးသတ်ပြီးရင် ဖြစ်လာမယ့် အန်ဖီးကွင်း အနေအထားနဲ့ ပတ်သက်ပြီး ဗီဒီယိုသစ် တစ်ခု ထွက်ပေါ်နေပါတယ်။ ပရိသတ် ၆၁၀၀၀ ဝင်ဆံ့မယ့် ကွင်းဟာ အသေးစိတ် အချက်အလက် အနည်းငယ် ပြင်ဆင်ထားမှု ရှိတယ်လို့ သိရပြီး မြင်ကွင်း အချို့က အတော်လေး အထင်ကြီးဖို့ […]

NEWS: ပဲလေစ့် ကွင်းလယ်လူ ဒူကူရေကို လီဗာပူးအသင်းဘက်က စိတ်ဝင်စားလာပါတယ်

July 19, 2023 LFC2 0

လီဗာပူးအသင်းဟာ ပဲလေစ့် ကွင်းလယ်လူ ဒူကူရေကို ကွင်းလယ်အတွက် ရွေးချယ်စရာ ပစ်မှတ်တွေထဲက တစ်ခုအဖြစ် စတင် စဉ်းစားလာခဲ့ကြောင့် The Athletic က ဖော်ပြပါတယ်။ အသက် ၂၃ နှစ်အရွယ် အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ မာလီအသင်း လက်ရွေးစင်လည်း ဖြစ်ပါတယ်။ သူဟာ မနှစ်ကရာသီမှာ ပြင်သစ်ကလပ် […]

NEWS: ဒီယက်စ်အတွက် ဆော်ဒီပရိုလိဂ်ဘက်က သွေးတိုးစမ်းနေမှု အပေါ် လီဗာပူးရဲ့ သဘောထား

July 19, 2023 LFC2 0

ဆော်ဒီပရိုလိဂ်ဘက်က တိုက်စစ်မှူး လူးဝစ် ဒီယက်စ်ကို ခေါ်ယူလိုနေခြင်းက တကယ်ဖြစ်ကြောင်း အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက် Paul Joyce နဲ့ ကိုလံဘီယာ သတင်းထောက် Pipe Sierra တို့က အတည်ပြုပါတယ်။ ဆော်ဒီရင်းနှီးမြုပ်နှံမှုအဖွဲ့ PIA ဘက်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဆော်ဒီပရိုလိဂ် ကလပ် […]

ဒီကနေ့ ခြေစမ်းပွဲမှာ ဝါရင့်နဲ့ လူငယ်တွေ ရောပြီး ကလော့ပ် ထုတ်ဖွယ်ရှိတဲ့ ၄၅ မိနစ်စာ လူစာရင်း ၂ ခု

July 19, 2023 LFC2 0

လီဗာပူးအသင်းဟာ ရာသီကြို ခြေစမ်းပွဲ ၅ ပွဲထဲက ပထမဆုံးသော ပွဲစဉ်အဖြစ် ဒီကနေ့ညမှာ ဂျာမနီ ဒုတိယတန်းလိဂ်မှ Karlsruher အသင်းနဲ့ သူတို့ အိမ်ကွင်းမှာ ခြေစမ်းမှာ ဖြစ်ပါတယ်။ ရာသီကြို စတင်လာတာ ၁၁ ရက်ပဲ ရှိသေးပြီး အဓိက ကစားသမားတွေကတော့ ၉ ရက်ဝန်းကျင်ပဲ […]

ဒီကနေ့ ခြေစမ်းပွဲရှိခြင်း၊ ဂိုးသွင်းတဲ့ ကာဗာရို၊ ဂျာမနီ ကွင်းလယ်လူတွေကို ခေါ်ယူနိုင်ခြင်း၊ လီဗီ ကိုးဝဲလ်ကို ခေါ်ယူဖို့ ပိုမို ခက်ခဲသွားခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

July 19, 2023 LFC2 0

ဒီကနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာတော့ လီဗာပူးအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ပထမဆုံး ပွဲစဉ်ကို ဂျာမနီမှာ Karlsruher အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။ (ပြိုင်ဘက်အသင်းအကြောင်းကို ဒီလင့်ကနေ ဖတ်ရှုနိုင်ပါတယ်) လိုက်ဇစ်အတွက် ပထမဆုံး ကစားတဲ့ ခြေစမ်းပွဲ ပွဲစဉ်မှာ ကာဗာရိုက သွင်းဂိုး ၁ […]

လီဗာပူးအသင်းမှာ ရင်းနှီးမြုပ်နှံမှုကြီး လိုအပ်နေတယ်လို့ FSG ပါတနာဘက်က ဝန်ခံ

July 18, 2023 LFC2 0

လီဗာပူးပိုင်ရှင်အဖွဲ့ FSG ရဲ့ ပါတနာတွေဖြစ်ပြီး မေဂျာလိဂ်ကလပ် Boston Red Sox အသင်း စီအီးအို ဆမ် ကနေဒီက အန်ဖီးကလပ်မှာ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံမှုရဖို့ လိုအပ်ကြောင်း ဝန်ခံလာခဲ့ပါတယ်။ မနှစ် နိုဝင်ဘာကစလို့ FSG ဟာ လီဗာပူးအသင်းမှာ ရင်းနှီးမြုပ်နှံမှု ဝင်ပေးမယ့် အဖွဲ့တွေကို […]

လီဗာပူးရဲ့ ရာသီကြို ခြေစမ်းပွဲ စတင်ခြင်းနဲ့ ပွဲစဉ် နံပါတ် ၁ ပြိုင်ဘက် Karlsruher အကြောင်း ဖော်ပြခြင်း

July 18, 2023 LFC2 0

လီဗာပူးအသင်းဟာ ဂျာမနီမှာ ၁ ရက်ကို လေ့ကျင့်ချိန် ၂ ချိန် ပြုလုပ်နေပြီး မနက်ဖြန်ည မြန်မာစံတော်ချိန် ၁၁ နာရီမှာတော့ ရာသီကြို ပထမဆုံး ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။ တိုက်စစ်-ခံစစ် အကူးအပြောင်းကို မြန်နှုန်းမြင့်မြင့် ပုံစံ လေ့ကျင့်နေတဲ့ လီဗာပူးအသင်းသားတွေဟာ ရာနှုန်းပြည့် အနေအထားမှာ […]