လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ လက်ရှိ အချိန်ထိ တစ်ခုတည်းသော ခေါ်ယူမှုအဖြစ် အာဂျင်တီးနား ကွင်းလယ်လူ မက်ကယ်လစ္စတာကို လက်မှတ်ထိုးထားပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဟာ ပရီးမီးယားလိဂ်မှာ လူရိုသေခံ ကွင်းလယ်လူဖြစ်ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ စိတ်ဓါတ်၊ ကိုယ်ကျိုးမငဲ့တဲ့ အားထုတ်မှုတွေအပြင် အသင်းဖော်ကောင်း တစ်ဦး၊ ခေါင်းဆောင်တစ်ဦး ဆိုတဲ့ ဂုဏ်ပုဒ်တွေဖြင့် ထင်ရှားခဲ့သူပါ။ […]
ဘောလုံးရာသီအပြီးမှာ လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာရဲ့ မိသားစုကို ဆက်သွယ်ခဲ့ပြီး ကစားသမားနဲ့လည်း ဆက်လက် စကားပြောခဲ့တယ်။ ဒါကို သဘောကျခဲ့တဲ့ ကယ်လစ္စတာဟာ နည်းပြကလော့ပ်ထံက အသေးစိတ်ကျတဲ့ ရည်ရွယ်ချက်တွေအကြောင်းပါ ဆွေးနွေးခွင့်ရခဲ့တာမို့ လီဗာပူးထံ ပြောင်းလာဖို့ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ မေဆန်မောင့်အတွက် ပေါင် ၅၅ သန်း ဖြင့် တတိယမြောက် […]
ဒီဘက်နှစ်တွေမှာ လူငယ်ကြယ်ပွင့်တွေကို နေရာပေးခြင်း အားနည်းလာတဲ့ လီဗာပူးရဲ့ အနေအထားကို အချို့သော ကြယ်ပွင့်တွေက သတိထားမိလာခဲ့ဟန် ရှိပါတယ်။ လီဗာပူးက ပွဲထွက် လူစာရင်းကို စိန်ခေါ်နိုင်မယ့် ဒီယက်စ်၊ ဒါဝင်၊ ဂက်ပိုလို ကစားသမားတွေကို စျေးကြီးပေး ခေါ်ယူလာခဲ့ပြီး ဒီဘက် အပြောင်းအရွှေ့တွေ အတွင်း အသင်းခေါ်ယူထားတဲ့ လူငယ်အချို့က […]
လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ စိတ်ကျေနပ်ဖို့ ကောင်းလောက်တဲ့ ကစားသမား ခေါ်ယူမှုတွေကို မလုပ်နိုင်သေးဘဲ ကွင်းလယ်အတွက် ကယ်လစ္စတာ တစ်ဦးတည်းကိုပဲ ခေါ်ယူထားနိုင်သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ နောက်ထပ် ခေါ်ယူမယ့် ကစားသမားတွေထဲမှာ တိုက်စစ်မှူး မပါနိုင်သလို အသစ်ထပ်ရောက်လာမယ့် သူတွေဟာ ပွဲထွက် ၁၁ ဦးစာရင်းထဲ ပါနိုင်မယ် အာမခံချက် […]
နည်းပြကလော့ပ်က ရီးရဲလ်ကွင်းလယ်လူ ချူအာမီနီကို ဒီနွေမှာ ထပ်မံ ကမ်းလှမ်းဖို့ ခွင့်ပြုခဲ့ပေမယ့် လီဗာပူးဘက်က ယူရို ၅၅ သန်းပဲ ပေးခဲ့တာဖြစ်ပြီး လာလီဂါကလပ် လိုချင်တဲ့ ပမာဏထက် နည်းပါးခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် ကစားသမားသစ် ဖြစ်လာမယ့် အေစီမီလန်ကွင်းလယ်လူ တိုနယ်လီက သူဟာ သီယေဂိုရဲ့ ကစားဟန်ကို […]
ဒီနွေမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ စဉ်းစားထားတဲ့ ပါဗက်အတွက် ကစားသမားရဲ့ အေးဂျင့်က ဥရောပကလပ် ၄ သင်းထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်သားရဲ့ အေးဂျင့်က လီဗာပူး၊ မန်ချက်စတာ စီးတီး၊ ချယ်ဆီးနဲ့ ဘာစီလိုနာတို့ဖြင့် စကားပြောခဲ့ကာ ကစားသမားကို အလိုရှိရင် ခေါ်နိုင်ကြောင်း ကမ်းလှမ်းခဲ့တာပါ။ မာဆေးဆိုဒ် […]
လီဗာပူးအသင်းရဲ့ နွေအပြောင်းအရွှေ့ စျေးကွက်ဟာ မျှော်လင့်ထားသလို ခပ်မြန်မြန် အပြီးမသတ်နိုင်ဘဲ နောက်ကျသွားမယ်ဆိုတဲ့ သတင်းက သေချာလာခဲ့ပါပြီ။ ကလပ်ဟာ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကွင်းလယ်အတွက် ဘရိုက်တန်ကနေ ကယ်လစ္စတာကို ခေါ်ယူခဲ့ပါတယ်။ စျေးကွက် အစောပိုင်းမှာတင် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပြီး အသင်းဘက်က ပေါင် ၃၅ သန်း ပေးရမယ်လို့ […]
လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ လက်ရွေးစင်အသင်းကို တာဝန်ယူဖို့ စိတ်ထဲရှိသူ ဖြစ်ပေမယ့်လို့ လက်တလောမှာ ဂျာမနီအသင်းထံ ရောက်ရှိသွားဦးမှာ မဟုတ်ပါဘူး။ နောက်ဆုံး ၁၆ ပွဲအတွင်း ၄ ပွဲပဲ အနိုင်ရထားတဲ့ ဂျာမနီအသင်းကို ယူရို ၂၀၂၄ မှာ ဦးဆောင်ပေးမယ့် ပုဂ္ဂိုလ်အဖြစ် ဂျာမန်အက်ဖ်အေက ကလော့ပ်ကို ပစ်မှတ်ထားလာကြောင်း […]
တိုက်စစ်သမား ကာဗာရိုဟာ ဒီနွေမှာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းထံ အငှားထွက်မှာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ လိုက်ဇစ်ဘက်က အပြီးသတ် ဝယ်ယူခွင့် ပါဝင်ခြင်း မရှိသေးပါဘူး။ အင်္ဂလန် ယူ-၂၁ က ချက် ယူ-၂၁ အသင်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံး၊ ဂျာရိုစ့်တို့ ပွဲထွက်ခဲ့ပါတယ်။ […]
လီဗာပူးအသင်းက ဆယ်တာဗီဂို လူငယ် ကြယ်ပွင့် ဗီဂါကို သဘောကျနေတာဟာ ကွယ်ဝှက်ထားလို့ရတဲ့ အခြေအနေ မဟုတ်တော့ပါဘူး။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ မနှစ်ကရာသီမှာ လာလီဂါပွဲ ၃၆ ပွဲထိ ကစားခဲ့ကာ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!