ပါဗက်ကို ခေါ်ယူနိုင်ကြောင်း ကစားသမားရဲ့ အေးဂျင့်က လီဗာပူး အပါ ကလပ် ၄ သင်းအား ကမ်းလှမ်း

June 23, 2023 LFC2 0

ဒီနွေမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ စဉ်းစားထားတဲ့ ပါဗက်အတွက် ကစားသမားရဲ့ အေးဂျင့်က ဥရောပကလပ် ၄ သင်းထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်သားရဲ့ အေးဂျင့်က လီဗာပူး၊ မန်ချက်စတာ စီးတီး၊ ချယ်ဆီးနဲ့ ဘာစီလိုနာတို့ဖြင့် စကားပြောခဲ့ကာ ကစားသမားကို အလိုရှိရင် ခေါ်နိုင်ကြောင်း ကမ်းလှမ်းခဲ့တာပါ။ မာဆေးဆိုဒ် […]

ဒီနွေစျေးကွက်မှာ ဖြစ်လာမယ့် လီဗာပူးရဲ့ ခေါ်ယူမှုတွေအား ကြိုတင် အသိပေးထားခဲ့တဲ့ ကလော့ပ်

June 23, 2023 LFC2 0

လီဗာပူးအသင်းရဲ့ နွေအပြောင်းအရွှေ့ စျေးကွက်ဟာ မျှော်လင့်ထားသလို ခပ်မြန်မြန် အပြီးမသတ်နိုင်ဘဲ နောက်ကျသွားမယ်ဆိုတဲ့ သတင်းက သေချာလာခဲ့ပါပြီ။ ကလပ်ဟာ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကွင်းလယ်အတွက် ဘရိုက်တန်ကနေ ကယ်လစ္စတာကို ခေါ်ယူခဲ့ပါတယ်။ စျေးကွက် အစောပိုင်းမှာတင် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပြီး အသင်းဘက်က ပေါင် ၃၅ သန်း ပေးရမယ်လို့ […]

၂၀၂၄ ယူရိုမှာ ဂျာမနီလက်ရွေးစင်ကို ကလော့ပ် တာဝန်ယူနိုင်ကြောင်း သတင်းတွေအား အေးဂျင့် ငြင်းဆန်

June 23, 2023 LFC2 0

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ လက်ရွေးစင်အသင်းကို တာဝန်ယူဖို့ စိတ်ထဲရှိသူ ဖြစ်ပေမယ့်လို့ လက်တလောမှာ ဂျာမနီအသင်းထံ ရောက်ရှိသွားဦးမှာ မဟုတ်ပါဘူး။ နောက်ဆုံး ၁၆ ပွဲအတွင်း ၄ ပွဲပဲ အနိုင်ရထားတဲ့ ဂျာမနီအသင်းကို ယူရို ၂၀၂၄ မှာ ဦးဆောင်ပေးမယ့် ပုဂ္ဂိုလ်အဖြစ် ဂျာမန်အက်ဖ်အေက ကလော့ပ်ကို ပစ်မှတ်ထားလာကြောင်း […]

ကာတစ်ဂျုံး ပွဲထွက်ခြင်း၊ ဖီနာဘာချီ ကြယ်ပွင့်အတွက် ရီးရဲလ်နဲ့ ပြိုင်ဆိုင်ရဖွယ် ရှိခြင်း၊ ဆာလာကို ၂၀၂၅ နောက်ပိုင်းမှ ခေါ်ယူဖို့ ရှိခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

June 23, 2023 LFC2 0

တိုက်စစ်သမား ကာဗာရိုဟာ ဒီနွေမှာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းထံ အငှားထွက်မှာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ လိုက်ဇစ်ဘက်က အပြီးသတ် ဝယ်ယူခွင့် ပါဝင်ခြင်း မရှိသေးပါဘူး။ အင်္ဂလန် ယူ-၂၁ က ချက် ယူ-၂၁ အသင်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံး၊ ဂျာရိုစ့်တို့ ပွဲထွက်ခဲ့ပါတယ်။ […]

NEWS: လီဗာပူးနဲ့ ဗီဂါကြား လုပ်ခပိုင်းထိ စကားပြောထားကြောင်း ဆယ်တာဗီဂို သတင်းထောက် ပြောလာ

June 22, 2023 LFC2 0

လီဗာပူးအသင်းက ဆယ်တာဗီဂို လူငယ် ကြယ်ပွင့် ဗီဂါကို သဘောကျနေတာဟာ ကွယ်ဝှက်ထားလို့ရတဲ့ အခြေအနေ မဟုတ်တော့ပါဘူး။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ မနှစ်ကရာသီမှာ လာလီဂါပွဲ ၃၆ ပွဲထိ ကစားခဲ့ကာ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ […]

လီဗာပူးအသင်းရဲ့ ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေးနဲ့ ပတ်သက်လို့ နောက်ဆုံးသိရမှု

June 22, 2023 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေမှာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူမှာ ၁၀၀% သေချာပါတယ်လို့ ယုံကြည်ရလောက်တဲ့ သတင်းထောက်က ဆိုလာသလို များစွာသော ဖော်ပြမှုတွေမှာပါ ပါဝင်လာပါတယ်။ ယာဂင်ကလော့ပ်ဟာ စနစ်သစ်ကို ပြောင်းလဲကစားမယ့် အခြေအနေအတွက် ကွင်းလယ် အင်အားပြန်ဖြည့်မှု လုပ်နေရင်းမှာပဲ ခံစစ်မှူးသစ် တစ်ဦးကို တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ၃-၄-၃ […]

သတင်းထောက်ဖြစ်သူရဲ့ ပြောဆိုမှုအရ လီဗာပူးရဲ့ နွေအသုံးစရိတ် ပေါင် သန်း ၁၀၀ မကျော်နိုင်ဘူး ယူဆမှုတွေ ရှိလာ

June 22, 2023 LFC2 0

လီဗာပူးအသင်းဟာ နွေလက်မှတ်ထိုးမှုအဖြစ် ကယ်လစ္စတာကို ခေါ်ယူပြီးတည်းက ဘယ်သူ့ကို ရမယ်ဆိုတာ မသေချာဖြစ်လာနေခြင်းနဲ့အတူ ကလပ်ရဲ့ နွေအသုံးစရိတ် အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။ မနှစ်ကရာသီမှာ အသုံးစရိတ်ဟာ ပေါင် သန်း ၂၀၀ ဒါမှမဟုတ် ယူရို သန်း ၂၀၀ ရှိမယ်လို့ မှန်းဆခဲ့ကြပေမယ့် ချန်ပီယံလိဂ် မဝင်ခြင်းနဲ့အတူ […]

လီဗာပူး ပွဲကြည့်စင်သစ်ကို အစီအစဉ် အတိုင်း ဘုန်းမောက်ပွဲဖြင့် ဖွင့်လှစ်ဖို့ စီစဉ်ထားဆဲပါ

June 22, 2023 LFC2 0

လူမှုကွန်ယက်မှာ လီဗာပူးအသင်းရဲ့ ကွင်းတိုးချဲ့မှုဟာ ၁ လဝန်းကျင် နှောင့်နှေးနေကာ ဒီရာသီ အိမ်ကွင်းအဖွင့်ပွဲကို ထပ်မံ နောက်ဆုတ်မှာဖြစ်ကြောင်း သတင်းထွက်နေပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းနဲ့ နီးစပ်သူတွေက အထက်ပါ သတင်းကို ငြင်းဆန်ခဲ့ကာ Anfield Road Stand တိုးချဲ့မှုဟာ အစီအစဉ်အတိုင်း အလုပ်ဖြစ်နေကြောင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် […]

ဒဏ်ရာရှိနေတဲ့ အယ်လီဆန်၊ စီနီယာတွေကို ရောင်းဖွယ် မရှိခြင်း၊ အသုံးစရိတ် နည်းပါးနေခြင်း၊ အနားယူတော့မယ့် ဆွာရက်စ်၊ ချန်ပီယံရှစ်ရောက်မယ့် ဂျရတ်နဲ့ လီဗာပူး နံနက်ခင်း သတင်းများ

June 22, 2023 LFC2 0

ဒီနွေမှာ ဆာလာကို ခေါ်ယူဦးမှာ မဟုတ်ပေမယ့် လီဗာပူးနဲ့ ၂၀၂၅ ခုနှစ် နွေထိ စာချုပ်ရှိထားတဲ့ ကွင်းလယ်လူကို အနာဂတ်မှာ ဆော်ဒီလိဂ်ထံ ခေါ်ယူသွားမှာပါလို့ လိဂ်တာဝန်ရှိသူတွေက ထုတ်ပြောလာပါတယ်။ လီဗာပူးအသင်းဟာ ကီဖရမ် တူဟမ်ကို အရင် ခေါ်ယူမှာဖြစ်ကာ နောက်ပိုင်းမှ ပြောင်းရွှေ့ကြေး ဘယ်လောက်ကျန်မလဲ အပေါ် မူတည်ပြီး […]

ကီဖရမ် တူဟမ်၊ ဗန်ဒီဗန်တို့နဲ့ လီဗာပူးကြား အပြောင်းအရွှေ့ကိစ္စ နောက်ဆုံးရ အခြေအနေ

June 21, 2023 LFC2 0

နယ်သာလန်သား ခံစစ်မှူး ဗန်ဒီဗန်ရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားဟာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းမှာ ထိပ်ဆုံးနေရာက ပါဝင်နေတယ်လို့ ထုတ်ပြောမှု ပြုလုပ်လာပါတယ်။ အေးဂျင့် Jose Fortes Rodriguez က ဗန်ဒီဗန် အသင်းပြောင်းမလား ဆိုတဲ့ မေးခွန်းအတွက်တော့ “ ကလပ်တွေ အများကြီးက စိတ်ဝင်စားနေကြပါတယ်။ […]