ဆော်ဒီကလပ်တွေဟာ ဥရောပမှ နာမည်ကျော် စတားတွေကို ဆက်တိုက် ခေါ်ယူနေပြီး ဘန်ဇီမာ၊ ကန်တေတို့က တရားဝင် ရောက်ရှိသွားခဲ့ပါပြီ။ ဆော်ဒီသမိုင်းမှာ စျေးအကြီးဆုံး ကစားသမားအဖြစ် ဝုဗ်ကွင်းလယ်လူ နီဗက်စ်ကလည်း ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်။ ချယ်ဆီး ကစားသမားတွေဖြစ်တဲ့ ကူလီဘာလေ၊ ဇီယက်ချ်၊ မန်ဒီတို့ကို ဆော်ဒီဘက်က ချိတ်ဆက်နေသလို ဆွန်ဟောင်မင်လို […]
မနေ့ညတုန်းကပဲ လီဗာပူးအသင်းဘက်က နောက်နှစ်နွေမှာ အန်ဖီးကွင်းထံ အမေရိကန်အဆိုတော် တေလာဆွစ်ဖ် ၂ ည သာ လာရောက်ဖျော်ဖြေမယ့် အကြောင်း ကြေညာခဲ့ပါတယ်။ ကလပ်ဘက်က BIG news အဖြစ် အဆိုပါ သတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။လက်မှတ် ဘယ်လိုဝယ်ယူရမလဲ အတွက် သတင်းအချက်အလက်တွေ ပေးသွားခဲ့သလို တစ်ရာသီစာလက်မှတ် […]
လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ လူငယ်တန်းထဲက ကစားသမား တစ်ဦးကို ခေါ်ယူမှာဖြစ်ပြီး အဲ့အတွက်လည်း ဥရောပကြယ်ပွင့် ၄ ဦးကို ကင်းထောက် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ ကယ်လစ္စတာနောက် လီဗာပူး လက်မှတ်ထိုးမယ့် ကွင်းလယ်လူဟာ ပြင်သစ်မှ ကီဖရမ် တူဟမ်နဲ့ မန်နူကူနေး၊ နယ်သာလန်မှ ဂရာဗင်ဘက်ချ်နဲ့ စပိန်မှ ဂါဘရီ […]
ကိုလံဘီယာက ဂျာမနီကို ၂-၀ ဖြင့် အနိုင်ရတဲ့ ချစ်ကြည်ရေး ပွဲစဉ်မှာ လူးဝစ် ဒီယက်ဇ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကွင်းလယ်လူတွေဖြစ်တဲ့ ဟာဗေးနဲ့ ဘာ့ဆီတစ်တို့ဟာ 2023 Golden Boy ဆုအတွက် ဆန်ကာတင် ၁၀၀ စာရင်းထဲ ပါဝင်လာခဲ့ကြပါတယ်။ ဝုဒ်ဘတ်အသင်းဟာ သူတို့ ခံစစ်မှူး […]
လီဗာပူးအသင်းဟာ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို သဘောကျကြောင်း သဘောထားတွေကို ထုတ်ပြထားပေမယ့်လို့ စီးရီးအေကလပ်ဘက်က သင့်လျောတဲ့ ပမာဏကို ချိန်ညိမပေးရင် ကမ်းလှမ်းမှု ပြုလုပ်မှာ မဟုတ်ပါဘူး။ နည်းပြကလော့ပ်နဲ့ အဖွဲ့ဝင်တွေဟာ ဘာရယ်လာကို အတော်လေး သဘောကျပြီး ကွင်းလယ်လူရဲ့ ကြံ့ခိုင်မှုနဲ့ အရည်အချင်းဟာ လီဗာပူးအသင်း ကစားကွက်မှာ အံဝင်မယ်လို့ […]
လီဗာပူးအသင်းဟာ လူငယ်အသင်းမှာ တိုးထွက်လာဖို့ ရုန်းကန်နေရတဲ့ ပိုလန်သား မူရှောဝေါ်စကီကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် တောင်ပံသမားဟာ ၂၀၂၀ မှာ SMS Lodz ကနေ လီဗာပူးထံ ပြောင်းလာခဲ့တာပါ။ ပိုလန်ကလပ်မှာ လူငယ်ပွဲပေါင်း ၈၀ အတွင်း ဂိုးပေါင်း […]
ထရန့်ဟာ ယာဂင်ကလော့ပ်ရဲ့ ၃-၄-၃ နည်းစနစ်မှာ ကွင်းလယ်လူနေရာကို တက်ကစားနေသလို အင်္ဂလန်အသင်းမှာတော့ ကွင်းလယ် နံပါတ် ၈ နေရာကနေ ပွဲထွက်နေပါပြီ။ အနာဂတ်မှာ ထရန့် နေရာပြောင်းကစားခဲ့မယ်ဆိုရင် အခွင့်အရေးရလာနိုင်သူ တစ်ဦးကတော့ ညာခြမ်းကစားသမား ကော်နာ ဘရတ်ဒလေ ဖြစ်ပါတယ်။ ဘရတ်ဒလေဟာ ညာအစွန်လူအဖြစ်ကနေ ကစားသမားဘဝ စတင်လာပေမယ့် […]
ယူရို ခြေစစ်ပွဲဖြစ်တဲ့ အင်္ဂလန် ၇-၀ မြောက်မက်ဆီဒိုးနီးယား ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပွဲထွက်ခဲ့တဲ့ ဟန်ဒါဆန်နဲ့ ထရန့်တို့ဟာ ကိုယ်စီ ဂိုးထောက်ပံ့မှု ၁ ကြိမ်စီ ရခဲ့ကြပါတယ်။ စတီဗင်ဂျရတ်က ထရန့်ဟာ သူ့နောက်မှာ ညာအစွန်လူ တစ်ဦးရှိတဲ့ စနစ်နဲ့ ကစားရင် ပိုပြီး ခြေစွမ်းပြနိုင်တယ်လို့ မှတ်ချက်ပေးပြီး […]
အင်္ဂလန်ပြည်တွင်းမှာ လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် နေရာကို ပြိုင်ဆိုင်ရယူသွားတဲ့ နယူးကာဆယ်ဟာ ဒီနွေစျေးကွက်မှာ ကစားသမား ခေါ်ယူရေးတွေမှာလည်း အပြိုင်အဆိုင် ပြုလုပ်နေပါတယ်။ အင်တာမီလန်မှ ဘာရယ်လာနဲ့ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါတို့ကို ခေါ်ယူရေးမှာ လီဗာပူးနည်းတူ နယူးကာဆယ်ကလည်း ချိတ်ဆက်နေတာပါ။ စပိန်သတင်းတွေရဲ့ ဖော်ပြမှုမှာတော့ နယူးကာဆယ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ […]
ဇာဘီအလွန်ဆိုရဲ့ လေဗာကူဆင်က ဘွန်ဒက်လီဂါမှာ တိုးတက်လာခဲ့သလို ယူရိုပါလိဂ်မှာလည်း အဆင့်တစ်ခုထံ ရောက်ရှိခဲ့တာမို့ လက်ရှိ နည်းပြလောကမှာ ကျင်လည်နေတဲ့ လီဗာပူး ကစားသမားဟောင်းတွေထဲမှာ ထင်သာမြင်သာ အရှိဆုံး နည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဂျရတ် တည်ဆောက်ထားခဲ့တဲ့ ရိန်းဂျားအသင်းဟာလည်း အလားတူ အခြေအနေကို ရောက်ရှိခဲ့ပြီး ယူရိုပါလိဂ် ဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ပေမယ့် […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!