NEWS: လီဗာပူးကို ပြောင်းလာမယ်လို့ အယ်လစ္စတာ ကတိပြု၊ ပေါင် ၆၅ သန်းထက် နည်းမည်။

May 20, 2023 LFC2 0

တရားဝင် ကိစ္စတွေ မပြီးမြောက်သေးပေမယ့်လို့ လာမယ့်ရာသီ လီဗာပူးကို ပြောင်းလာဖို့ အယ်လစ္စတာ သဘောတူလိုက်ပြီလို့ အာဂျင်တီးနား နာမည်ကြီး သတင်းဌာန TyC Sports က ဖော်ပြလာပါပြီ။ လီဗာပူးဘက်က ဘရိုက်တန်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နီးနီး ပေးမယ်လို့ ၎င်းသတင်းက ဖော်ပြပေမယ့်လို့ […]

ဂက်ပိုရဲ့ သွင်းဂိုးကို ဘာကြောင့် ပယ်ဖျက်ခဲ့သလဲ ပရီးမီးယားလိဂ်ဘက်က ဖြေရှင်းချက်

May 20, 2023 LFC2 0

အက်စတွန်ဗီလာနဲ့ပွဲအတွင်း ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဂက်ပိုရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် ကွင်းလယ်ဒိုင် ဂျွန်ဘရွတ်ခ်က ပယ်ချခဲ့ပါတယ်။ ဗီလာ နောက်ခံလူကနေ ပြန်စင်ထွက်လာတဲ့ ဘောလုံးကို ဂက်ပိုက ပိတ်သွင်းခဲ့တာ ဖြစ်ပေမယ့် VAR စစ်ဆေးမှုကို ကွင်းလယ်ဒိုင် သွားကြည့်အပြီးမှာ လူကျွံတယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ပရီးမီးယားလိဂ်ဘက်ကတော့ လူကျွံဘောအဖြစ် ဆုံးဖြတ်ရတာ […]

မြေကြီး ကန်မိလို့ ဒဏ်ရာ ရခြင်း အပါအဝင် ကိတ်တာရဲ့ ထူးထူးဆန်းဆန်း ပွဲလွဲချော်မှု (၅) ခု

May 20, 2023 LFC2 0

နာဘီကိတ်တာဟာ လီဗာပူးကစားသမားဘဝ ၅ ရာသီအတွင်းမှာ ဒဏ်ရာ ပြဿနာပေါင်း များစွာ ရင်ဆိုင်ခဲ့ရပြီး ၁၂၉ ပွဲ ကစားခဲ့ကာ ၈၄ ပွဲအတွက်ကိုတော့ ကြံ့ခိုင်မှုကြောင့် မကစားနိုင်ခဲ့ပါဘူး။ လီဗာပူး ကစားသမားဘဝ သူရခဲ့တဲ့ ကြံ့ခိုင်မှု ပြဿနာတွေထဲက တကယ်ကို မှတ်မှတ်ရရ ဖြစ်လောက်တဲ့ ကိစ္စတွေကို ဖော်ပြသွားပါမယ်။ […]

ဒီနွေ လူသစ် ခေါ်ယူမှုတွေထဲမှာ ခံစစ်မှူးသစ်ပါ ပါဝင်လာနိုင်ကြောင်း ကလော့ပ် အရိပ်အမြွက်ပေးလာ

May 20, 2023 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ကလပ်ကို အလုံးစုံ ပြန်လည် တည်ဆောက်မှု မဟုတ်ပေမယ့် အကြီးစား အင်အားဖြည့်မှုတွေ ပါဝင်လာပါလိမ့်မယ်။ သတင်းတွေအရ ကွင်းလယ်ပိုင်းကို အင်အားဖြည့်မယ်လို့ သိထားရသလို အရန်ဂိုးသမား ခေါ်ယူမှု ရှိမယ်လို့လည်း အသံထွက်နေတာပါ။ မန်နေဂျာကလော့ပ်ကတော့ ဖာမင်နို၊ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ကို နှုတ်ဆက်ခြင်းနဲ့အတူ စာမျက်နှာသစ်ကို […]

လီဗာပူး ကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲ ဖြစ်လာမယ့် ဗီလာပွဲအတွက် ဘော်ဘီရဲ့ ရင်တွင်းစကား

May 20, 2023 LFC2 0

ဒီကနေ့မှာ လီဗာပူးရဲ့ ဂန္တဝင်အဖြစ် နှုတ်ဆက်ပွဲတစ်ပွဲ ရရှိသွားမယ့် ဖာမင်နိုက အသင်းနဲ့အတူ အောင်မြင်ခဲ့တာတွေကို ချန်ခဲ့ပြီး ထွက်သွားရမှာကို အတော်လေး ခံစားနေရပါတယ်။ ကလော့ပ် လက်ထက် လီဗာပူးခေတ်တစ်ခုကို ဦးဆောင်ခဲ့တဲ့ ဖာမင်နိုဟာ ဘောလုံးကမ္ဘာမှာလည်း လူချစ်များတဲ့သူပါ။ False Nine တို့ရဲ့ စံပြ ကစားသမားအဖြစ် ထင်ရှားတဲ့ […]

ကျနော် ငိုမှာ ဆိုတဲ့ ဘော်ဘီ၊ ဂွာဒီယိုလာ ပြောတဲ့ ထရန့် ပြဿနာသစ်၊ အယ်လစ္စတာဘက်က မီးစိမ်းပြလိုက်ခြင်း၊ ဗီလာပွဲလွဲမယ့် ဒါဝင်နဲ့ လီဗာပူး သတင်းများ

May 20, 2023 LFC2 0

ဘရန့်ဖိုဒ့်ကို အနိုင်ရအပြီး ဘာစီလိုနာထံ လီဗာပူးအသင်းသားတွေ ၃ ရက်သာ ခရီးထွက်ခဲ့ခြင်းက ဘော်ဘီ၊ မီလ်နာနဲ့တကွ ကိတ်တာ၊ ချိန်ဘာလိန်တို့ကို အသင်းဖော်တွေက သေချာလေး နှုတ်ဆက်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ခံရတာအတွက် အရမ်းကို ပျော်ရွှင်ကြောင်း ဖာမင်နိုက ဝန်ခံခဲ့ပြီး အသင်းဖော်တွေနဲ့ ပရိသတ်တွေ […]

ဖာမင်နို၊ ဒါဝင် တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကလော့ပ်က သတင်းသစ် ပေးလာပါတယ်

May 19, 2023 LFC2 0

လီဗာပူးရဲ့ နောက်ဆုံး ၆ ပွဲမှာ ကြွက်သား ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ဖာမင်နိုဟာ ဒီအပတ်ပွဲအတွက် ကြံ့ခိုင်မှု ကောင်းနေပါတယ်။ ဒါပေမယ့်လို့ ဒီနောက်ပိုင်းမှာ ပွဲထွက်လူစာရင်း နေရာကို ဆုံးရှုံးထားတဲ့ ဒါဝင် နူးညက်စ်ကတော့ ခြေချောင်းဒဏ်ရာကြောင့် လက်စတာပွဲမှာ မပါနိုင်ခဲ့ပါဘူး။ သူဟာ ဒီအပတ် အက်စတွန်ဗီလာပွဲကိုလည်း ဆက်လွဲဦးမှာပါ။ […]

တန်းဆင်းဇုန် တိုက်ပွဲမှာ ပါဝင်ရရေး ကမ္ဘာ့ဖလား လူစာရင်းကနေ နောင်တမရဘဲ နှုတ်ထွက်လိုက်တဲ့ လီဗာပူးကြယ်ပွင့်

May 19, 2023 LFC2 0

လီဗာပူး ခံစစ်မှူး လုခ်ချမ်ဘာက ဒီနွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ယူ-၂၀ ကမ္ဘာ့ဖလား လူစာရင်းကနေ နှုတ်ထွက်ခဲ့ခြင်းအတွက် နောင်တမရဘူးလို့ ပြောပြလာပါတယ်။ လုခ်ချမ်ဘာဟာ လီဗာပူးအသင်းမှ ခံစစ်မှူး ကွမ်ဆက်နည်းတူ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။ ဒါပေမယ့်လို့ စကော့တလန်ကလပ် Kilmarnock အသင်းထံ […]

ကစားသမားသစ် ခေါ်ယူရေးနဲ့ ထရန့် စာချုပ်သစ် ကိစ္စတွေမှာ လုပ်ခပိုင်း ခေါင်းခဲဖွယ် မရှိတဲ့ လီဗာပူး

May 19, 2023 LFC2 0

ဒီရာသီကုန်ရင် စီနီယာ ကစားသမား ၅ယောက်ဟာ အန်ဖီးနဲ့ စာချုပ်သက်တမ်း ကုန်ပြီ ဖြစ်တာကြောင့် လီဗာပူးဟာ နွေအပြောင်းအရွှေ့ မတိုင်ခင် တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းလောက် ရှင်းထုတ်ပြီးသား ဖြစ်ပါလိမ့်မယ်။ အဓိက ကစားသမားများစွာ ထွက်ခွာသွားမှာဖြစ်ပြီး အနည်းဆုံး နာမည်ကြီးခေါ်ယူမှု ၃ခုလောက် မျှော်လင့်ရတာနဲ့အတူ ဒီနွေမှာ […]

လီဗာပူး vs အက်စတွန်ဗီလာ ပွဲအတွက် ခရစ်ဆက်တန်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်

May 19, 2023 LFC2 0

ဒီအပတ်မှာ လီဗာပူးအသင်းဟာ နောက်ဆုံး အိမ်ကွင်းပွဲစဉ် အဖြစ် အက်စတွန်ဗီလာကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ပါလိမ့်မယ်။ ဖာမင်နို၊ မီလ်နာတို့ကို နှုတ်ဆက်မယ့် ဒီပွဲမှာ လီဗာပူးက အနိုင် ၃ မှတ် သေချာပေါက် ရယူဖို့ လိုအပ်ပါလိမ့်မယ်။ ဗီလာကလည်း ဥရောပ မျှော်လင့်ချက်အတွက် ဒီပွဲကို အားထည့် […]