ဘာစီလိုနာမှာ ပျော်နေတဲ့ ဆာလာတို့ တစ်သိုက်၊ ရာသီအဖွင့်ပွဲ အဝေးကွင်း ကန်ခွင့်ပေးဖို့ တောင်းဆို၊ ၊ အဲဗာတန်ကို ပယ်ချတဲ့ မီလ်နာ၊ ပရီးမီးယားလိဂ် ပစ်မှတ်တွေ ဦးစားပေးခြင်းနဲ့ လီဗာပူး သတင်းတိုများ

May 10, 2023 LFC2 0

လီဗာပူးအသင်းဟာ ပြင်သစ် လီဂူးဝမ်းကလပ် နိုက်အသင်းမှ ကွင်းလယ်လူ Khephren Thuram ကို လိုက်လံ စောင့်ကြည့်နေပေမယ့် တရားဝင် ကမ်းလှမ်းမယ့် အခြေအနေမျိုး အခုထိ မမြင်ရသေးပါဘူး။ လက်တလော လီဗာပူးရဲ့ ပစ်မှတ်ဟာ အယ်လစ္စတာဖြစ်သလို ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကွင်းလယ်လူတွေထဲကပဲ ခေါ်ယူရေးက ဦးစားပေး ဖြစ်တယ်လို့ […]

ပရီးမီးယားလိဂ်ကလပ် ၃ သင်း အလိုရှိနေတဲ့ ကလယ်ဟာရဲ့ ပြောင်းရွှေ့ကြေး ပေါ်ထွက်လာ

May 9, 2023 LFC2 0

ဒီနွေမှာ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ အတော်လေး သတင်းကြီးနေတဲ့ ကလယ်ဟာကို ခေါ်ယူဖို့ လန်ဒန်ကလပ်တွေ အပြိုင်အဆိုင် ဖြစ်လာနေပါတယ်။ Irish Independent ရဲ့ ဖော်ပြမှုအရ ကလယ်ဟာကို စပါး၊ ဘရန့်ဖိုဒ့်နဲ့ ဘရိုက်တန်တို့က ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဒီရက်တွေထဲမှာ စပါးက ရေပန်းစားမှု အတော်လေး မြင့်တက်လာကာ လိုရစ်နေရာ […]

လီဗာပူးက ယူနိုက်တက်ကို ကျော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ဘူး သုံးသပ်တဲ့ ရီယို ဖာဒီနန်

May 9, 2023 LFC2 0

ပရီးမီးယားလိဂ် အမှတ်ပေးဇယားဟာ ရာသီသိမ်း ကာလရောက်ခါမှ အပြောင်းအလဲ ဖြစ်နိုင်သေးတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရမှုကြောင့် အဆင့် ၅ နေရာကနေ အထက်အသင်းတွေကို ဖိအားပေးနေခဲ့ပါပြီ။ ဒါပေမယ့် အခြေအနေက သိပ်ကို နောက်ကျသွားပြီလို့ ထင်မြင်မှုတွေလည်း ထွက်ပေါ်နေဆဲပါ။ တစ်ဖက်မှာ […]

ရိုက်စ်ကို လီဗာပူး ခေါ်ယူဖို့ မဖြစ်နိုင်တဲ့ အကြောင်းရင်းအား မာတင် ကီယွန် ထောက်ပြလာ

May 9, 2023 LFC2 0

မာတင်ကီယွန်က ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ လီဗာပူးအတွက်ကော အာဆင်နယ်အတွက်ပါ စျေးကြီးလွန်းနေတယ်လို့ ထောက်ပြလာခဲ့ပါတယ်။ ဝက်စ်ဟမ်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားတဲ့ ရိုက်စ်က ဒီနွေမှာ စိန်ခေါ်မှု အသစ်တွေအတွက် ထွက်ခွာဖို့ ဆုံးဖြတ်ထားတာမို့ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတာပါ။ ဒါပေမယ့် သူ့ကို ခေါ်ယူလိုရင် ပေါင် […]

ဆာလာနဲ့ အယ်လီဆန် ဘယ်သူ့ကို တစ်နှစ်တာအကောင်းဆုံး လီဗာပူးအသင်းသား အဖြစ် ရွေးမလဲ မေးခံရတဲ့ ဗန်ဒိုက်

May 9, 2023 LFC2 0

ဗန်ဒိုက်က လီဗာပူးဂိုးသမား အယ်လီဆန်ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ အခက်အခဲတွေကြားမှာ အသင်းအတွက် သွင်းဂိုးတွေရယူပြီး နိုင်ပွဲ ရှာကြံပေးနေတဲ့ ဆာလာတို့ကို ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။ အယ်လီဆန်ဟာ လီဗာပူးသမိုင်းမှာ clean sheet အကြိမ် ၁၀၀ ရတဲ့ ၇ ဦးမြောက် ဂိုးသမား ဖြစ်လာခဲ့တယ်။ သူဟာ ဒီရာသီ […]

အရမ်း ထူးချွန်သလို သိပ်ကြောက်ဖို့ကောင်းတဲ့ လီဗာပူးရဲ့ သားရဲကြီးကို ဖောင်လာ ဖော်ထုတ် ချီးကျူး

May 9, 2023 LFC2 0

လီဗာပူး ဂန္တဝင်ကြီး ဖောင်လာက ဒီတလော အသင်းမှာ စံချိန်တကာ ပတ်ချိုးနေတဲ့ မိုဆာလာကို သူ့ရဲ့ ဂိုးသွင်းစံချိန်တွေကြောင့် အပတ်တိုင်းမှာ လူတိုင်းကို ကျရှုံးသလို ဖြစ်အောင်လုပ်နေတာပဲလို့ အရွှန်းဖောက်ခဲ့ပါတယ်။ ဆာလာရဲ့ နောက်ဆုံးစံချိန်တွေထဲက တစ်ခုက လီဗာပူးသမိုင်းမှာ ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ အိမ်ကွင်း ၉ပွဲဆက် ဂိုးသွင်းမှတ်တမ်းပဲ ဖြစ်ပါတယ်။ […]

ဆာလာကို အသာရတဲ့ အယ်လီဆန်၊ အနီးကပ် ပြိုင်ဘက် အရေးနိမ့်ခြင်း၊ ဒီယက်ဇ် သီချင်း ထွက်ပေါ်လာ၊ အယ်လစ်စတာအတွက် တစ်ပတ် လုပ်ခ ပေါင် ၁၅၀၀၀၀ နဲ့ လီဗာပူး သတင်းတိုများ

May 9, 2023 LFC2 0

မနက်ကပွဲမှာ ဘရိုက်တန်အသင်းက အဲဗာတန်ကို အရေးနိမ့်တာကြောင့် လက်ကျန် ၃ ပွဲကို အနိုင်ရရင် အနည်းဆုံး လီဗာပူးအသင်းက ယူရိုပါလိဂ် ဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒီရာသီ လီဗာပူးအသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ပရိသတ်တွေကြား ဆန္ဒ ကောက်ယူမှုမှာ အယ်လီဆန်က ဆာလာကို အပြတ်အသတ် အသာရနေပါတယ်။ […]

ထိပ်ဆုံး ၄ သင်းဝင်ဖို့ အခွင့်အရေး နည်းလှပေမယ့် ဘာလို့ အရမ်း ရုန်းကစားနေလဲ ကလော့ပ် ရှင်းပြလာ

May 8, 2023 LFC2 0

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက်ကို အနိုင်ရပြီး ရမှတ် ၁၈ မှတ်ထိ စုဆောင်းနိုင်ခဲ့တာကြောင့် ထိပ်ဆုံး ၄ သင်း နေရာကနေ ရာသီသိမ်းရေး မျှော်လင့်ချက် ခပ်ရေးရေး ပေါ်လာခဲ့ပါတယ်။ ကလော့ပ်ကတော့ အသင်းပြန်လာတာ နောက်ကျနေပြီ ဆိုပေမယ့် ပြိုင်ဘက်တွေ ခြေချော်ခဲ့ရင် နေရာဝင်ယူနိုင်မယ့် […]

ပြိုင်ဘက်တွေ ဘယ်လို ရလဒ် ထွက်မှ လီဗာပူးအသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရမလဲ ရှင်းပြခြင်း

May 8, 2023 LFC2 0

ပြီးခဲ့တဲ့ အပတ်မှာ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့ ရှုံးပွဲ ကိုယ်စီ တွေ့လိုက်ခြင်းဟာ ရာသီသိမ်း ပွဲစဉ်တွေမှာ ထိပ်ဆုံး ၄ သင်းထဲ ဘယ်အသင်းတွေ ဝင်နိုင်မလဲ အတွက် စိတ်ဝင်စားစရာတွေ ဖြစ်လာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ဖို့ အခွင့်အရေးကို ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ အသင်း မဟုတ်ပါဘူး။ […]

လီဗာပူးက မက်အယ်လစ္စတာကို ချိတ်ဆက်နေလို့ လှောင်ပြောင်ခဲ့တဲ့ ဂယ်ရီနဗီး

May 8, 2023 LFC2 0

လီဗာပူးအသင်းက မက်အယ်လစ္စတာကို ခေါ်ယူဖို့ ကြိုးစားနေပြီး အရေးသာနေပြီဆိုတဲ့ သတင်းတွေ ထွက်လာတဲ့နောက် ယူနိုက်တက် ခံစစ်သမားဟောင်း ဂယ်ရီနဗီးက လူမှုကွန်ယက်ပေါ်ကနေ လှောင်ပြောင်ခဲ့ပါတယ်။ လက်ရှိ ဘရိုက်တန်မှာ ကစားနေတဲ့ မက်အယ်လစ္စတာဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သူပါ။ သူဟာ ဒီရာသီ ဘရိုက်တန်တို့ရဲ့ ဥရောပ မျှော်လင့်ချက်အတွက် […]