ကွင်းလယ်မှာ တစ်ရာသီ ၁၀ ဂိုးလောက် သွင်းနိုင်မယ့် ပေါင် သန်း ၁၀၀ တန် လီဗာပူး ကစားသမား

May 7, 2023 LFC2 0

ယာဂင်ကလော့ပ် အနေနဲ့ ကွင်းလယ်မှာ ထရန့်ကို အမြဲတမ်း အသုံးပြုမယ် ဆိုရင် လီဗာပူးအတွက် ပေါင်သန်း ၁၀၀ လောက် အကုန်အကျ သက်သာစေနိုင်တယ်လို့ ဂျေမီကာရေဂါက ဆိုပါတယ်။ ထရန့်ဟာ ညာအစွန်နဲ့ ကွင်းလယ်အတွင်းလူ နေရာတွေကို တွဲဘက်ကစားရတဲ့ နေရာအသစ်မှာ ကစားပြီးကတည်းက ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသနေတာဖြစ်ပြီး […]

မန်နေဂျာတွေနဲ့ ခဏခဏ ရန်ဖြစ်တတ်သူကို အားကစား ဒါရိုက်တာသစ်အဖြစ် ခန့်မယ့် လီဗာပူး

May 7, 2023 LFC2 0

လီဗာပူးအသင်းဟာ ဂျာမာန် ဝါရင့် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဂျော့ရှမတ်ကီကို အားကစားဒါရိုက်တာ ရာထူးအတွက် စကားပြောနေပြီလို့ The Athletic မှ James Pearce က ဖော်ပြလာပါတယ်။ အသက် ၅၉ နှစ်အရွယ် ဂျာမာန်သားဟာ ဂျူလီယန်ဝတ်နေရာ အစားထိုးဖို့ လီဗာပူးအသင်း အံ့ဩသင့်ဖွယ် ချိန်ဆက်လာခဲ့သူပါ။ […]

လီဗာပူးအသင်းရဲ့ လက်ကျန် ၃ ပွဲနဲ့ ဥရောပဝင်ခွင့် ဖြစ်နိုင်ချေ

May 7, 2023 LFC2 0

ဘရန့်ဖိုဒ့်ပွဲကို အနိုင်ရပြီးတဲ့နောက် လီဗာပူးအသင်းဟာ ဒီရာသီမှာ အမှတ်ပေးပွဲ ၃ ပွဲပဲ ကစားဖို့ ကျန်ရှိတော့မှာဖြစ်ပါတယ်။ မနှစ်တုန်းက ဒီလို အချိန်မှာ ၃ ရက်တစ်ပွဲနဲ့ မောပန်းခဲ့တဲ့အသင်းဟာ အခုချိန်မှာတော့ တစ်ပတ်အပြည့် အနားယူပြီးမှ လက်စတာတို့ရဲ့ ကင်းပါဝင် ကွင်းထံ သွားရောက် ရင်ဆိုင်ရမှာပါ။ လက်စတာက ဒီရာသီမှာ […]

လက်ရှိ အင်္ဂလန်ရဲ့ အကောင်းဆုံး ကွင်းလယ်လူက ဒီဘရိုင်း မဟုတ်ဘဲ ထရန့်လို့ ဖော်ပြလာ

May 7, 2023 LFC2 0

လီဗာပူး ၁-၀ ဘရန့်ဖိုဒ့်ပွဲမှာ ထရန့်ရဲ့ မှတ်တမ်းသစ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး လက်ရှိ အင်္ဂလန်ရဲ့ အကောင်းဆုံး ကွင်းလယ်လူက သူဖြစ်တယ်လို့ သက်သေထူလာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီမှာ ကွင်းလယ် ပြဿနာအပြင် ခံစစ်ကြောင်း ကျစ်လစ်မှု နည်းပါးခြင်းနဲ့အတူ ဇယားအလယ်ထိ ကျဆင်းခဲ့ပြီး နောက်ဆုံး ၆ ပွဲဆက် ပြန်နိုင်ခဲ့လို့ […]

ထရန့်ကို အမြဲတမ်း ကွင်းလယ်လူအဖြစ် သုံးရေး၊ အယ်လီဆန်တောင် အချိန်ဆွဲရခြင်းကို ဂုဏ်ယူတဲ့ ဘရန့်ဖိုဒ့်နည်းပြ၊ အားကစားဒါရိုက်သစ် သတင်းကြီးမှုနဲ့ လီဗာပူး သတင်းတိုများ

May 7, 2023 LFC2 0

ဘရန့်ဖိုဒ့်ကို ၁-၀ နဲ့ အနိုင်ရတာကြောင့် ၂ ပွဲပိုကစား ၁ မှတ်လျော့ဖြင့် အသင်းဟာ အဆင့် ၄ က ယူနိုက်တက်နောက်မှာ ဆက်ရှိနေပါတယ်။ အဆင့် ၄ နေရာကို စိန်ခေါ်နိုင်ပြီးလား အမေးကို ကလော့ပ်ကတော့ လွန်ခဲ့တဲ့ ၆ ပွဲတုန်းကဆိုရင် လီဗာပူး ဒီနေရာ […]

ခက်ခဲစွာ၊ ပင်ပန်းစွာ၊ မောဟိုက်စွာ ကျားကုတ်ကျားခဲ ရုန်းကန်ပြီးမှ ဘရန့်ဖိုဒ့်ကို အနိုင်ရခဲ့တဲ့ လီဗာပူး

May 7, 2023 LFC2 0

အန်ဖီးကွင်းမှာ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ကစားပြီး ဆာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ လီဗာပူးက ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။ တိုက်စစ်မှူး ၄ ဦးထိ ထုတ်ပြီး ၄-၂-၃-၁ ပုံစံ ခင်းကျင်းခဲ့တဲ့ ကစားကွက်ဟာ အရမ်းကြီးတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ကွင်းလယ် လူစာရင်း နည်းနေတာရယ် ဟန်ဒါဆန် ကြံ့ခိုင်မှု […]

ကလော့ပ်ရဲ့ အဓိက ပစ်မှတ်ကို ဂွာဒီယိုလာနဲ့ တန်ဟက်တို့လည်း စိတ်ဝင်စားနေကြောင်း သိရှိထားတဲ့ လီဗာပူး

May 6, 2023 LFC2 0

လီဗာပူးဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းထဲ မက်အယ်လစ်စတာကို ဦးစားပေး ထည့်သွင်းထားပေမယ့် ဘရိုက်တန်ကွင်းလယ်လူကို အခြားသော အသင်းတွေလည်း ခေါ်ယူလိုနေတာကို ကောင်းကောင်း နားလည်ထားကြောင်း မာဆေးဆိုဒ် သတင်းဌာနက ဖော်ပြလာပါတယ်။ အနည်းဆုံး ကွင်းလယ်လူသစ် ၂ ဦး အားဖြည့်မယ့် လီဗာပူးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ရိုင်ယန် ဂရာဗင်ဘက်ချ်၊ […]

စိတ်ကြိုက် ကစားသမားတွေ့ရင်တောင် အချက်တချက် ငြိရင် လီဗာပူးက ခေါ်မည် မဟုတ်

May 6, 2023 LFC2 0

လီဗာပူးဟာ အသင်းရဲ့ နွေအပြောင်းအရွှေ့ ပစ်မှတ်တွေနဲ့ ပတ်သက်ပြီး အကြပ်ကိုင်ခံမှာ မဟုတ်သလို ကလပ်ရဲ့ သတ်မှတ်ချက်ကို ညိစွန်းလာခဲ့ရင် အခြားပစ်မှတ် ပြောင်းပလိုက်မယ်လို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။ အလုပ်ရှုပ်တဲ့ ရာသီကုန်ကာလ မတိုင်ခင် လူသစ်ခေါ်ယူရေး အသင်းဘက်က အစွမ်းကုန် ကြိုးစားနေတာနဲ့အတူ သူလိုချင်တဲ့ ကစားသမားတွေ ရနိုင်လိမ့်မယ်လို့ ကလော့ပ်က […]

ဘရန့်ဖိုဒ့်ပွဲမှာ ကလော့ပ် ပြုလုပ်ဖွယ်ရှိတဲ့ အပြောင်းအလဲတွေ အကြောင်း ဖော်ပြမှု ထွက်ပေါ်လာ

May 6, 2023 LFC2 0

လီဗာပူးဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ၅ ပွဲဆက် အနိုင်ရလဒ်နဲ့အတူ အသေးစား ပြန်လည် ရှင်သန်လာခြင်းကို ဆက်လက် ကိုင်စွဲထားနိုင်ခဲ့ပါတယ်။ နောက်လာမယ့်ပွဲဟာ ဘရန့်ဖိုဒ့်ကို အိမ်ကွင်းမှာ ကစားရမှာပါ။ မာဆေးဆိုဒ် သတင်းဌာန Echo က ဒီပွဲအတွက် ကလော့ပ် လုပ်နိုင်တဲ့ အပြောင်းအလဲတွေက ဘာတွေဖြစ်မလဲ? အခုလို ဖော်ပြပါတယ်။ […]

ဟာဗေး၊ ဂျုံး၊ ဒီယက်စ်တို့ ပွဲထွက်မယ့် ဘရန့်ဖိုဒ့်ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်းကို ပွဲကြို ခန့်မှန်းခြင်း

May 6, 2023 LFC2 0

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်နိုင်နေဆဲ ဘရန့်ဖိုဒ့်ကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ရပါမယ်။ ဒီပွဲဟာ အသင်းအတွက ၃ ပွဲဆက် အိမ်ကွင်းပွဲ နောက်ဆုံးပွဲပဲ ဖြစ်ပါတယ်။ Team news ဒီပွဲမှာ ကြံ့ခိုင်မှုပိုင်း စစ်ဆေးရမှာမို့ ဟန်ဒါဆန် ပါနိုင်ဖို့ မသေချာပါဘူး။ ဂျိုတာကလည်း […]