ဘရိုက်တန်ဟာ ဒီရာသီကုန်ရင် အန်ဖီးနဲ့ စာချုပ်ကုန်တော့မယ့် အသက် ၃၇ နှစ်အရွယ် ကွင်းလယ်လူ မီလ်နာကို ခေါ်ယူသွားဖို့အတွက် ရေပန်းစားနေခဲ့ပါပြီ။ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေ၊ ဘရိုက်တန်နဲ့ နောက်ထပ် ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံက စိတ်ဝင်စားခြင်း ခံထားရတဲ့ မီလ်နာဟာ ဒီရာသီ လီဗာပူးအသင်းအတွက် လူစားဝင် ကစားသမားအဖြစ်ပဲ […]
လီဗာပူးအသင်းဟာ မက်အယ်လစ္စတာကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာပြီး ပြောင်းရွှေ့ကြေး ပေါင် သနး ၇၀ ဝန်းကျင်မှာ ရှိလိမ့်မယ်လို့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြနေပါတယ်။ မနက်က ဘရိုက်တန် ၁-၀ ယူနိုက်တက်ပွဲမှာ မက်အယ်လစ္စတာရဲ့ စွမ်းဆောင်ရည်နဲ့ အောင်ပွဲခံမှုကို ကြည့်ပြီး အသင်းထံ မရောက်ခင်တည်းက စိတ်ဓါတ်ကို […]
ပွဲက အကောင်းကြီး မဟုတ်ပေမယ့် လီဗာပူးဟာ အန်ဖီးမှာ ဖူလ်ဟမ်ကို ၁-၀ နဲ့ အနိုင်ရပြီးတော့ ၅ ပွဲဆက် အနိုင်မှတ်တမ်းကို ရရှိခဲ့ပါတယ်။ ဆာလာရဲ့ ပထမပိုင်း ပင်နယ်တီဟာ ပွဲအနိုင်ရဖို့ လုံလောက်စေခဲ့တာပါ။ နောက်ဆုံးမှာ ကလော့ပ် ပြုံးနေခဲ့ပေမယ့် လီဗာပူးရဲ့ စွမ်းဆောင်ရည် အရည်အသွေးက ပြောစရာတော့ […]
ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးမပေးခဲ့ရတဲ့နောက် အယ်လီဆန် တစ်ယောက် မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ပွဲအပြီးမှာ ကလော့ပ်က ထုတ်ပြောလာပါတယ်။ ဆာလာရဲ့ ဒီရာသီ ၂၉ ဂိုးမြောက် သွင်းဂိုးကြောင့် လီဗာပူးအသင်း နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ခပ်ပါးပါးလေးက ဆက်ရှိနေဆဲပါ။ […]
လီဗာပူးအသင်းဟာ အိမ်ကွင်း ၃ ပွဲဆက်ထဲက ဒုတိယပွဲအဖြစ် ဖူလ်ဟမ်ကို ရင်ဆိုင်ကစားရာမှာ ဆာလာရဲ့ ပင်နယ်တီနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ ၅ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲဖြစ်ပါတယ်။ အတက်အကျ မကြမ်းတမ်း စပါးပွဲလောက် အဖွင့်မကောင်းပေမယ့် ကောင်းကောင်းထိန်းချုပ် ကစားနိုင်တဲ့ ပွဲပါပဲ။ ဖူလ်ဟမ်က တစ်ကြိမ် […]
လီဗာပူး အပြောင်းအရွှေ့ရေးရာ ချန်နယ်တစ်ခုဖြစ်တဲ့ Transfer Room နဲ့ နာမည်ကြီး သတင်းထောက် ရိုမန်နိုတို့ဟာ ဒီအပတ်မှာတော့ အန်ဖီးကလပ်ရဲ့ အပြောင်းအရွှေ့တွေအကြောင်း တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။ အဆိုပါ ပြောဆိုမှုအရ လီဗာပူးအသင်းဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ သဘောတူညီမှု ရတော့မယ့် ဘယ်လင်ဟမ်အစား အဓိက ဦးစားပေးအဖြစ် […]
အယ်လီဆန်ကြောင့် သူတို့အသင် ရလဒ်ကောင်း မရခဲ့တာပါလို့ ဖူလ်ဟမ်နည်းပြ ဆေးဗားဟာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ခွင့်မပြုသင့်တဲ့ ဒါဝင်ရဲ့ ပင်နယ်တီကို ဒိုင်လူကြီးနဲ့ VAR တို့ ပေးလိုက်တာကြောင့် ၁-၀ နဲ့ ရှုံးခဲ့ရတာကိုတော့ ရှက်စရာပဲလို့ မှတ်ချက်ပေးသွားပါတယ်။ ဒါဝင်နူညက်စ်ဟာ ပြိုင်မြင်းတစ်ကောင်လို့ လျှင်မြန်လှသူဖြစ်ပြီး သူဟာ အသင်းတိုက်စစ်အတွက် […]
စပါးနဲ့ပွဲက ဒီယိုဂို ဂျိုတာရဲ့ အနီကဒ် ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်ခဲ့တဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဒါမော့ ဂယ်လာဂါရဲ့ လိုတမျိုး၊ မလိုတမျိုး မမျှတပုံကြောင့် လီဗာပူးပရိသတ်တွေ စိတ်ပျက်ဒေါသထွက်ခဲ့ရပါတယ်။ ဘောလုံးကို လုဖို့ ကြိုးစားရင်း ဂျိုတာဟာ သူ့ဖိနပ်နဲ့ အိုလီဗာစကစ်ရဲ့ခေါင်းကို ကန်မိခဲ့တာဖြစ်ပြီး အဲ့ပြစ်ဒဏ်အတွက် အဝါကဒ် ပြသခံခဲ့ရပါတယ်။ […]
လီဗာပူးအသင်းဟာ အိမ်ကွင်းပွဲစဉ် ၃ ပွဲဆက်ထဲက ဒုတိယမြောက် ပွဲအဖြစ် ဒီရာသီ ခြေစွမ်း မဆိုးလှတဲ့ ဖူလ်ဟမ်အသင်းကို ဒီည ၁ နာရီခွဲ အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ လီဗာပူးအသင်းက အဆင့် ၄ နေရာ စိန်ခေါ်နိုင်နေဆဲ ဖြစ်ပေမယ့် အခွင့်အရေးက ကိုယ့်လက်ထဲမှာ […]
လီဗာပူးအသင်းဟာ စနစ်သစ်ကို ပြောင်းလဲကစားလာတဲ့ နောက်ဆုံး ၅ ပွဲလုံးမှာ ရှုံးပွဲမရှိသေးဘဲ ၄ ပွဲနိုင် ၁ ပွဲ သရေကျထားပြီး တိုက်စစ်က သွင်းဂိုး ၁၇ ဂိုးထိ သွင်းယူထားပါတယ်။ ဒါပေမယ့်လို့ ၅ ပွဲလုံး ခံစစ်က ဂိုးပေးထားပြီး ပေးဂိုး ၉ ဂိုးထိ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!