ဂွီးမားရက်စ်ကို သဘောကျခြင်း၊ ကိုင်ဆီဒိုကို ခေါ်ယူရေး မလွယ်ကူခြင်း၊ ဒီအပတ် ပြိုင်ဘက် စပါးက နည်းပြကို ရာထူးက ထုတ်ပယ်ခြင်းနဲ့ လီဗာပူး သတင်းတိုများ

April 25, 2023 LFC2 0

ဒီအပတ်အကုန်မှာ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်ဖြစ်လာမယ့် စပါးအသင်းဟာ ယာယီနည်းပြ စတီလာနီကို ရာထူးကနေ ထုတ်ပယ်ကာ လူငယ်နည်းပြ ရိုင်ယန် မေဆန်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပါပြီ။ ချယ်ဆီးအသင်းဟာ မေဆန်မောင့်ကို အနည်းဆုံး အသင်းမှာ နောက်ထပ် ၂ ရာသီလောက် ဆက်နေပေးဖို့ စည်းရုံးနေပြီး လီဗာပူးနဲ့ အခြားသော […]

လီဗာပူး စနစ်ရဲ့ ဖာမင်နို False Nine နေရာကို ဘယ်လို အစားထိုးမလဲ ကလော့ပ် ထုတ်ပြောလာ

April 24, 2023 LFC2 0

နည်းပြယာဂင်ကလော့ပ်က ဒီနွေမှာ သူ့ရဲ့ အကောင်းဆုံး အသင်းသားတစ်ဦးဖြစ်တဲ့ ဘော်ဘီ ထွက်ခွာသွားတော့မှာဖြစ်ပေမယ့် ဘရာဇီးသားနေရာ ဘယ်လို အစားထိုးနိုင်မလဲ ထုတ်ပြောခဲ့ပါတယ်။ ၂၀၁၅ မှာတည်းက လီဗာပူးကို ရောက်လာခဲ့တဲ့ ဘော်ဘီ ထွက်ခွာတော့မှာကို ဝမ်းအနည်းဆုံး လူရှိမယ်ဆိုရင် သေချာပေါက် ကလော့ပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဂျာမာန်သား နည်းပြဟာ လီဗာပူးကို […]

လီဗာပူး ရုန်းကန်နေရတာ မှန်တယ် ဒါပေမယ့် ဆာလာဟာ လှောင်ပြောင်ခံရသင့်တဲ့ အချာပင် မဟုတ်ဘူး

April 23, 2023 LFC2 0

ဖောရက်စ်ပွဲမှာ ဆာလာဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ၁၈၃ ဂိုးမြောက် သွင်းဂိုးကို ရယူခဲ့ကာ ကလပ်သမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမား စာရင်းထဲ ဖောင်လာနဲ့ တန်းညီခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ နောက်ထပ် စိတ်ပျက်စရာ ပွဲစဉ် တစ်ပွဲကို ရင်ဆိုင်ရလု ဖြစ်ခဲ့ပေမယ့် ဆာလာရဲ့ ထူးချွန်တဲ့ အဆုံးသတ်မှုဟာ […]

ထရန့် ကွင်းလယ်မှာ ကစားနိုင်ရေး အရေးပါတဲ့ အသင်းဖော်ဖြစ်လာဖို့ ကလော့ပ် တာဝန်ပေးမှုကို ကိုနတေး ထုတ်ပြောလာ

April 22, 2023 LFC2 0

ပြီးခဲ့တဲ့အပတ်တွေက ထရန့်ကို ညာအစွန်ကနေ ကွင်းလယ် နံပါတ် ၆ နေရာကို ဝင်ကစားနေစေတဲ့ ကလော့ပ်ရဲ့ နည်းဗျူဟာ အပြောင်းအလဲမှာ ကိုနတေးဟာ အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ညာခြမ်းခံစစ်မှူးဟာ ထရန့် ထားခဲ့တဲ့ ညာအစွန် ခံစစ်ပိုင်းကို ပိုပြီး တာဝန်ယူပေးဖို့ ဖြစ်လာခဲ့ပါတယ်။ လီဗာပူး ခံစစ်ကလည်း ၃ […]

ဒီနွေ ပထမဆုံး ခေါ်ယူမှုဖြစ်ဖို့ လီဗာပူး စကားပြောနေတဲ့ ဂရာဗင်ဘက်ချ် ဆိုတာ ဘယ်လို ကစားသမားလဲ?

April 20, 2023 LFC2 0

လီဗာပူးဟာ မကြာသေးမီက ရက်တွေအတွင်း ရိုင်ယန် ဂရာဗင်ဘက်ချ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို အရှိန်မြှင့်တင်လာခဲ့တာပါ။ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူက ဘယ်လို ကစားသမားလဲ? သူက ဘယ်လိုနည်းနဲ့ အသင်းမှာ ဝင်ဆံ့နိုင်မလဲ? နည်းနည်းလောက်တော့ လေ့လာကြည့်ရအောင်ပါ။ ကလပ်ဟာ ပေါင် ၂၅ သန်းတန် ကစားသမားရဲ့ ဖခင်နဲ့ အေးဂျင့်ဖြစ်သူတို့နဲ့အတူ […]

အယ်လစ်စတာ၊ ဂရာဗင်ဘက်ချ် ကိုယ်စားလှယ်တွေနဲ့ လီဗာပူးကြား အစည်းအဝေး စတင်နေပါပြီ

April 18, 2023 LFC2 0

လီဗာပူးရဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့ဟာ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ်စတာ၊ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ အဆင့်မြင့် အစည်းအဝေးတွေ စတင်နေပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ အပြောင်းအရွှေ့ ကိစ္စတွေကို တိုးတိတ်စွာ လုပ်ဆောင်လေ့ရှိပေမယ့် ဒီတလောမှာတော့ သတင်းတွေကို မထိန်းသိမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကလည်း […]

သီယေဂိုက သူ့ရဲ့ No look pass ဘယ်လို ပေးသလဲနဲ့ စိတ်ကြိုက် ကစားဟန်အကြောင်း ပြောပြလာ

April 17, 2023 LFC2 0

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ သီယေဂိုဟာ လက်ကျန် ရာသီအတွက် အသင်းရဲ့ ပွဲစဉ်တွေကို အဓိက ကစားသမားအဖြစ် ပြန်လည် ပါဝင်သွားတော့မှာပါ။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူဟာ ရာသီကုန်မှာတော့ အသင်းနဲ့ စာချုပ်တစ်နှစ်ကျော် ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီရာသီဟာ လီဗာပူးအတွက်ကော သီယေဂိုအတွက်ပါ ဘောလုံးရာသီကောင်း မဟုတ်ပေမယ့်လို့ […]

ဘယ်လင်ဟမ်ကို မခေါ်နိုင်တော့ဘူး ဟုတ်ပြီ ဒီတော့ လီဗာပူးက ဘယ်သူ့ကို ခေါ်ဖို့ ရည်ရွယ်လာခဲ့သလဲ

April 13, 2023 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူရေး ကြိုးစားတော့မှာ မဟုတ်ပါဘူး။ တယ်လီဂရပ်မှ လီဗာပူး သတင်းထောက် Chris Bascombe ဖော်ပြတဲ့ အချက် ၃ ချက်ကို ကနဦး သိထားဖို့ လိုပါတယ်။ ၁) အင်္ဂလန်လက်ရွေးစင်ဟာ ဒီနွေမှာ ဒေါ့မွန်ကနေ ထွက်ခွာမယ်လို့ သေချာကြီး ဆုံးဖြတ်ထားတာ […]

ညံ့ဖျင်းမှုတွေအတွက် အဖြေလား? လီဗာပူးတို့ စွမ်းဆောင်ရည် ကောင်းဖို့ဆိုရင် မီးစာ လိုအပ်နေပါတယ်

April 10, 2023 LFC2 0

မနေ့ညကပွဲမှာ လီဗာပူးအသင်းက အာဆင်နယ်ကို ရင်ဆိုင်ကစားပြီး ၂-၂ ရလဒ် ရယူနိုင်ခဲ့သလို ကလော့ပ်ရဲ့ အကောင်းဆုံး အသင်းနဲ့ အညံ့ဆုံး အသင်းကို တစ်ပြိုင်နက် မြင်ခဲ့ရပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းဟာ အိမ်ကွင်းပုံစံ မဆိုးလှပါဘူး။ ထိပ်ဆုံး ၄ သင်း ထဲ ဝင်နိုင်ရေး နိုင်ပွဲတစ်ပွဲ လိုအပ်နေချိန် […]

လီဗာပူးအသင်းဘက်က နွေအပြောင်းအရွှေ့အတွက် အယ်လစ္စတာကို ချိတ်ဆက်နေဖွယ်ရှိ

April 6, 2023 LFC2 0

ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာကို ပရီးမီးယားလိဂ်ကလပ် ၃ သင်းက ချိတ်ဆက်နေကြောင်းကို ဒီမနက်ကပဲ တောင်အမေရိက သတင်းထောက်က စတင်ဖော်ပြလာပါတယ်။ ဒီကာလတွေအတွင်း လီဗာပူးရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ သက်ဆိုင်ရာ တောင်အမေရိက သတင်းထောက်တွေကနေ အမြဲစတင်လာတတ်တာကို သတိပြုစရာ ဖြစ်ပါတယ်။ အခု အယ်လစ္စတာ သတင်းကိုလည်း လူသိများတဲ့ […]