ဟန်ဂေရီက ရှေးလူကြီးတွေကြား သီအိုရီ တစ်ခုရှိပါတယ်။ ခြေထောက် သေးသေးလေးတွေ ရှိတဲ့ ကစားသမားတွေက ကောင်းချီးပေးခံရတတ်ပြီး ဘောလုံးသမားအဖြစ် ပိုအောင်မြင်နိုင်မယ့် အခွင့်အရေး ရှိပါတယ်တဲ့။ ဟန်ဂေရီ ဘောလုံးသမိုင်းမှာ ဂန္တဝင်တစ်ဦးဖြစ်တဲ့ Ferenc Puskas ဟာ ကမ္ဘာမြေရဲ့ ဆွဲငင်အားကနေ ရုန်းထကစားဖို့ရာ သေးငယ်တဲ့ ခြေထောက်လေးတွေ ရှိပါတယ်။ […]
အထနှေးတဲ့ လီဗာပူး ပထမပိုင်း ၁၀ မိနစ်အတွင်း အသင်းကစားပုံက အတော်လေး အခြေအနေ ဆိုးနေပါတယ်။ စက္ကန့် ၆၀ မှာတင် ဂိုးပေးရပြီး လူကျွံနေတာကြောင့် ကံကောင်းခဲ့ပေမယ့် ပွဲချိန် ၃ မိနစ်မှာပဲ ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ပွဲချိန် ၈ မိနစ်မှာ ဂိုးထပ်ပေးရမယ့် အမှားမျိုး […]
စကိုင်းစပေါ့ရဲ့ Monday Night Football ပရိုဂရမ်မှာ ကာရေဂါက ရှက်ဖို့ကောင်းတဲ့ လီဗာပူးရဲ့ အပြောင်းအရွှေ့ ကြိုးစားမှုတွေကို အခုလို ဆွေးနွေးသွားပါတယ်။ ကာရေဂါက “ တကယ်ကို ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့တာပဲ။ တကယ့် ဟာသပဲ၊ ရှက်ဖို့လည်း ကောင်းတယ်။ ချယ်ဆီးတို့ ကွင်းလယ်လူ ၂ ဦးလုံးကို […]
တိုက်စစ် တင်ကစားခြင်း လီဗာပူးအသင်းမှာ လုံလောက်တဲ့ ကွင်းလယ်လူ မရှိတာကြောင့် နည်းပြအဖွဲ့က တိုက်စစ်ကို တင်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂက်ပိုလို တိုက်စစ်မှူးကို ကွင်းလယ် နံပါတ် ၈ နေရာမှာ ထားပြီး မက်ကယ်လစ္စတာ၊ ဆိုဘိုတို့ဖြင့် တွဲပေးခဲ့တာပါ။ ရာသီကြိုပွဲတွေကို ကောင်းကောင်းကြည့်ခဲ့သူတွေကတော့ ဒီတွဲဘက်မှုကို အံ့ဩမှာ မဟုတ်ပါဘူး။ […]
ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းပေးပြီး ခေါ်ယူဖို့ကို ပြင်ဆင်ထားပြီဖြစ်ပါတယ်။ ၎င်းတို့ဟာ လီဗာပူးပေးထားပြီး ဘရိုက်တန်ဘက်က လက်ခံထားတဲ့ ပေါင် ၁၁၁ သန်းထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု ပေးရမှာဖြစ်ပါတယ်။ သောကြာနေ့က လီဗာပူးအသင်း သဘောတူညီမှုရပြီးနောက် ၂၄ နာရီကြာ ညိနှိုင်းမှုကနေ ချယ်ဆီးအသင်းဟာ […]
ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ လီဗာပူးရဲ့ အခြေအနေ အားလုံးအပေါ် လွှမ်းမိုးထားခဲ့ပါတယ်။ ဒါပေမယ့် ကလပ်ရဲ့ အရှိတရားဟာ ဒီအပတ်မှာ စတင်ပါတော့မယ်။ တနင်္ဂနွေနေ့မှာ ကလော့ပ်ရဲ့ အသင်းဟာ အရေးပါတဲ့ ဘောလုံးရာသီတွေထဲက တစ်ခုကို စတင် ကျော်ဖြတ်မှာ […]
ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် လီဗာပူးနဲ့ ဘရိုက်တန် သဘောတူညီမှု ရသွားခြင်းကို အတော်လေး အရှိုက်ထိသွားခဲ့ပါတယ်။ အပြောင်းအရွှေ့ မဖြစ်ရေး ဘရို်က်တန်ထံ ကမ်းလှမ်းမှု ထပ်ဝင်နိုင်ဖို့ ကိုင်ဆီဒိုရဲ့ အေးဂျင့်အဖွဲ့ဖြစ်တဲ့ Futbol Division ထံ ချက်ခြင်း ဆက်သွယ်ခဲ့တယ်။ အေးဂျင့်အဖွဲ့ကလည်း အပြောင်းအရွှေ့ လက်မခံဖို့ ကိုင်ဆီဒိုကို တားဆီးခဲ့ကာ […]
လီဗာပူးသတင်းထောက်တွေထဲမှာ ပရိသတ်တွေဘက်က လက်ခံပြီး လူလေးစားခံ သတင်းထောက် တစ်ဦးရှိပါတယ်။ အဲ့သတင်းထောက်က ထူးထူးခြားခြားပဲ အမျိုးသမီးဖြစ်ပါတယ်။ သူမကို Melissa Reddy လို့ ခေါ်ပါတယ်။ Melissa Reddy ဟာ Echo မှာ James Pearce လုပ်နေတည်းကကို လီဗာပူးပရိသတ်တွေကြား လူသိများပါတယ်။ ဒါပေမယ့် […]
လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ သမိုင်းမှာ ပြောစမှတ်တွင်မယ့် ညတစ်ညကို ကျော်ဖြတ်ခဲ့အပြီးမှာ ဗြိတိန်စံချိန်တင်ကြေး ပေါင် သန်း ၁၁၀ ဖြင့် ကိုင်ဆီဒိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ဟာ အခုချိန်ထိ အီကွေဒေါ ကွင်းလယ်လူနဲ့ စကားမပြောရသေးပါဘူး။ အချိန်သိပ်မရတာကြောင့် ကလပ်ဟာ ကိုင်ဆီဒိုနဲ့ […]
လီဗာပူးအသင်းရဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲဖြစ်တဲ့ Darmstadt နဲ့ပွဲဟာ ၃-၁ ရလဒ်ဖြင့် ပြီးစီးခဲ့ပါတယ်။ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့ ဂိုးတွေ သွင်းခဲ့ကြကာ လူစားလဲမှုတွေနဲ့အတူ လူစုံထုတ်ခဲ့ပါတယ်။ ဒီပွဲမှာ ပြောစရာလေး နည်းနည်းရှိပါတယ်။ တိုက်စစ်က မြိုင်မြိုင် ခံစစ်က လျော့ရဲရဲ ပထမပိုင်းမှာ ၈ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!