၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ကလပ်တွေဟာ ပြင်ဆင်မှုတွေ စတင်လာနေပြီဖြစ်ကာ လီဗာပူးအသင်းကလည်း စီနီယာအားလုံး နီးပါး ဒီကနေ့မှာ ပြန်လည် စုစည်းထားခဲ့ပါပြီ။ မနှစ်ကရာသီဟာ ဆုဖလား လက်မဲ့ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ပါ လွဲချော်ခဲ့တာမို့ အသင်းအတွက် ကျရှုံးတဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီသစ်မှာ အသင်းဟာ ဆုဖလားတွေ ပြန်လည် […]
လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်း ကွင်းလယ်လူ ဒေါမနစ် ဆိုဘိုစလိုက်ကို စာချုပ်ပါကြေး ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူခဲ့ကာ ကလပ်သမိုင်းမှာ တန်ကြေးကြီး အပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်လာစေပါတယ်။ ဒီနွေမှာ ချယ်ဆီးမှ မေဆန်မောင့်ကို ခေါ်ယူဖို့ သတင်းကြီးခဲ့ပေမယ့် လီဗာပူးဘက်က လုံးဝ ကမ်းလှမ်းမှု မဝင်ခဲ့ပါဘူး။ အသက် […]
ဒေါ့မနစ် ဆိုဘိုစလိုက်နဲ့ ပတ်သက်ပြီး လီဗာပူးပရိသတ်တွေ သိထားဖို့ လိုအပ်လောက်မယ့် ကိစ္စအချို့ကို ဖော်ပြသွားပါမယ်။ ၁ – ဘောလုံးမိသားစု ဆိုဘိုစလိုက် မိသားစုနွယ်တွေထဲမှာတော့ ဒေါမနစ်ရဲ့ အဖေဖြစ်သူကလည်း ဘောလုံးသမားပါပဲ။ ဒါကြောင့် သားဖြစ်သူကို ပရော်ဖက်ရှင်နယ်ကောင်း ဖြစ်လာဖို့ အကောင်းဆုံး ပျိုးထောင်ပေးခဲ့ပါတယ်။ ငယ်ငယ်တည်းက ဘောလုံးကပဲ ဘဝဆိုတဲ့ […]
လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ် ရှာဖွေမှုအတွက် များစွာသော ကစားသမားတွေကို စောင့်ကြည့်ခဲ့အပြီးမှာ လိုက်ဇစ်မှ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ ဆိုဘိုစလိုက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရတော့မှာ ဖြစ်ပါတယ်။ မနေ့ညကပဲ ကွင်းလယ်လူအတွက် ယူရို သန်း ၇၀ ဖြင့် ခေါ်ယူခွင့်ကို အသက်သွင်းဖို့ လီဗာပူးနဲ့ […]
လီဗာပူးအသင်းဟာ ဆယ်တာဗီဂို ကွင်းလယ်လူ ဂါဘရီ ဗီဂါကို ခေါ်ယူမယ်လို့ သတင်းကြီးတွေ ထွက်ထားပေမယ့် အခုချိန်ထိ ကမ်းလှမ်းမှု မရှိသေးသလို လူငယ်ကြယ်ပွင့် ကာဗာရိုကို နောက်အပတ်ထဲ ဆဲလ်တစ်အသင်းထံ အငှားချတော့မှာပါ။ ဒီနွေမှာ ကွင်းလယ် ပြန်တည်ဆောက်မှု ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ယာဂင်ကလော့ပ်ဟာ စျေးကွက် အစောပိုင်းမှာ ဘရိုက်တန်မှ […]
လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ စိတ်ကျေနပ်ဖို့ ကောင်းလောက်တဲ့ ကစားသမား ခေါ်ယူမှုတွေကို မလုပ်နိုင်သေးဘဲ ကွင်းလယ်အတွက် ကယ်လစ္စတာ တစ်ဦးတည်းကိုပဲ ခေါ်ယူထားနိုင်သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ နောက်ထပ် ခေါ်ယူမယ့် ကစားသမားတွေထဲမှာ တိုက်စစ်မှူး မပါနိုင်သလို အသစ်ထပ်ရောက်လာမယ့် သူတွေဟာ ပွဲထွက် ၁၁ ဦးစာရင်းထဲ ပါနိုင်မယ် အာမခံချက် […]
မနှစ်ကရာသီ ခြေစွမ်းတွေ အရမ်း ဆိုးရွားနေစဉ်အတွင်း လီဗာပူးပရိသတ်တွေမှာ မျှော်လင့်ချက် တစ်ခုရှိပါတယ်။ အဲ့တာကတော့ နွေစျေးကွက်ကျရင် အားကောင်းတဲ့ အင်အားဖြည့်မှုတွေနဲ့အတူ လူစာရင်း ပြန်တည်ဆောက်မယ်လို့ ယုံကြည်မှုဖြစ်ပါတယ်။ အဲ့တုန်းကတော့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ် အပြင် များစွာသော ထိပ်တန်း ကြယ်ပွင့်တွေဟာ လီဗာပူးကို ရောက်လာနိုင်တယ်လို့ သတင်းကြီးခဲ့တယ်။ ဒါပေမယ့်လို့ […]
မနှစ်ကနွေမှာ လီဗာပူးကနေ ထွက်ခွာသွားတဲ့ ကစားသမားတွေထဲက အချို့က တောက်ပခဲ့ပြီး အချို့ကတော့ ရုန်းကန်ရမှုတွေ ရှိခဲ့ပါတယ်။ အသင်းသစ်တွေမှ သူတို့ရဲ့ အခြေအနေတွေကို LFCThaDin ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။ နီကိုး ဝီလီယမ် – နော်တင်ဟမ် ဖောရက် ကစားရသည့်ပွဲ – ၃၆ ပွဲ သွင်းဂိုး […]
လီဗာပူး ကစားသမားဘဝ မက်အယ်လစ္စတာရဲ့ ပထမဆုံး အင်တာဗျူးကို LFCThaDin ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။ LFC. မင်္ဂလာပါ အက်လက်ဆစ်ရေ.. လီဗာပူးဘောလုံးအသင်းက ကြိုဆိုလိုက်ပါတယ်။ ဘယ်လိုခံစားနေရလဲဗျာ? ကျေးဇူးပါဗျာ။ သိပ်ကောင်းတယ် ခံစားနေရပါတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာတာပေါ့။ လီဗာပူးကို ပြောင်းလာရတာ သိပ်ကောင်းပါတယ်။ စတင်ဖို့အတွက် မစောင့်နိုင်အောင်ပါပဲ။ LFC. […]
လီဗာပူး အကယ်ဒမီ ကစားသမား စတီဖန်ဘာ့ဆီတစ်ဟာ အရောင်တောက်ပတော့မယ့် ကျောက်ရိုင်းတုံးလေးအဖြစ် ဒီရာသီ ပထမအသင်းထံ ရောက်ရှိလာသလို တခြားသော လူငယ်ကြယ်ပွင့်တွေကလည်း အလားအလာရှိကြောင်း ပြသခဲ့ကြပါတယ်။ နောက်ရာသီမှာ ဘယ်သူတွေက စီနီယာအသင်းမှာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေ ပြသလာနိုင်မလဲ လေ့လာကြည့်ရအောင်ပါ။ မာဆယ်လို ပီတာလူဂါ အသက် – ၂၀ […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!