မန်စီးတီးရဲ့ အောင်မြင်မှုအကြောင်း ပြောရာမှာ လီဗာပူးကို မမေ့တဲ့ ဂွာဒီယိုလာ

April 28, 2023 LFC2 0

မန်ချက်စတာစီးတီး နည်းပြဖြစ်သူ ဂွာဒီယိုလာက သူတို့ရဲ့အသင်းအတွက် လီဗာပူးလို ပြိုင်ဘက်မျိုး ရှိတာဟာ အတော်လေး အရေးကြီးခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ကုန်ခဲ့တဲ့ ၅ ရာသီမှာ အင်္ဂလန်လိဂ်ကို ဦးဆောင်ခဲ့တဲ့ အသင်းနှစ်သင်းအနက် မန်စီးတီးက ဒီရာသီ ဆက်လက် စိန်ခေါ်နိုင်ဆဲ အခြေအနေမှာ လီဗာပူးကတော့ ရုန်းကန်ရမှုတွေနဲ့အတူ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်လို့ […]

လာမယ့်ရာသီ လီဗာပူးရဲ့ ဂန္တဝင် နံပါတ် 7, 8, 9 ကို ဆက်ခံသွားဖွယ်ရှိတဲ့ အသင်းရဲ့ ကြယ်ပွင့်များ

April 28, 2023 LFC2 0

လီဗာပူးဟာ ရာသီကုန်ရင် စီနီယာ အများအပြားကို ထွက်ခွာခွင့် ပေးရမှာ ဖြစ်သလို ဒီနွေ ဈေးကွက်မှာ ကစားသမားသစ် များစွာကိုခေါ်ယူမှာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ကို ခေါ်ဖို့ အစီအစဉ်တွေ ဖျက်သိမ်းခဲ့တဲ့ လီဗာပူးဟာ သူ့အစား တခြားသော ကွင်းလယ်လူသစ်တွေ ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ မေဆန်မောင့်၊ နီကိုလို ဘာရယ်လာနဲ့ […]

မာနေးကို မမျှော်ကြပါနဲ့တော့ ကလော့ပ် ဖန်တီးနေတဲ့ လီဗာပူးအသစ်က စတင်လာနေပြီလို့ ရှင်းပြ

April 28, 2023 LFC2 0

လီဗာပူးဟာ မာနေးလို ကြီးမားတဲ့ အရည်အသွေးမျိုးနဲ့ ကစားသမားကို လိုအပ်နေပေမယ့် ကလော့ပ်ဟာ အတိတ်ကို ပြန်သတိရနေမှာ မဟုတ်ဘဲ အသစ်တွေကို ဖန်တီးနိုင်ဖို့ ဆက်သွားမယ့်သူလို့ ခံစစ်မှူးဟောင်း ကိုလိုတိုရေးက မှတ်ချက်ပေးလာခဲ့ပါတယ်။ မာနေးဟာ လီဗာပူးမှာ အရာအားလုံး အောင်မြင်ခဲ့ပေမယ့် သူ့ရဲ့ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့မှုဟာ မျှော်လင့်သလို ဖြစ်မလာခဲ့တာနဲ့အတူ […]

ဒီနှစ်ထဲမှာ အန်ဖီးဆိုင်ရာ တိုးချဲ့မှု အသစ်တစ်ခု ထပ်မံ စတင်သွားတော့မယ့် လီဗာပူး

April 27, 2023 LFC2 0

လီဗာပူးအသင်းဟာ ဒီနှစ်ထဲမှာ အန်ဖီးကွင်း မျက်နှာခြင်းဆိုင်က နေရာလွတ်အတွင်း တိုးချဲ့တည်ဆောက်မှု အသစ်တစ်ခု စတင်သွားတော့မှာ ဖြစ်ပါတယ်။ LFC club shop ရဲ့ မျက်နှာခြင်းဆိုင်မှာ ရှိတဲ့ နေရာလွတ်အတွင်းမှာ ကား ၃၃ စီး ရပ်နားနိုင်တဲ့ နေရာနဲ့အတူ နာမည်ရ စျေးဆိုင်၊ စားသောက်ဆိုင်တွေ ပါဝင်တဲ့ […]

လီဗာပူး စနစ်ရဲ့ ဖာမင်နို False Nine နေရာကို ဘယ်လို အစားထိုးမလဲ ကလော့ပ် ထုတ်ပြောလာ

April 24, 2023 LFC2 0

နည်းပြယာဂင်ကလော့ပ်က ဒီနွေမှာ သူ့ရဲ့ အကောင်းဆုံး အသင်းသားတစ်ဦးဖြစ်တဲ့ ဘော်ဘီ ထွက်ခွာသွားတော့မှာဖြစ်ပေမယ့် ဘရာဇီးသားနေရာ ဘယ်လို အစားထိုးနိုင်မလဲ ထုတ်ပြောခဲ့ပါတယ်။ ၂၀၁၅ မှာတည်းက လီဗာပူးကို ရောက်လာခဲ့တဲ့ ဘော်ဘီ ထွက်ခွာတော့မှာကို ဝမ်းအနည်းဆုံး လူရှိမယ်ဆိုရင် သေချာပေါက် ကလော့ပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဂျာမာန်သား နည်းပြဟာ လီဗာပူးကို […]

လီဗာပူး ရုန်းကန်နေရတာ မှန်တယ် ဒါပေမယ့် ဆာလာဟာ လှောင်ပြောင်ခံရသင့်တဲ့ အချာပင် မဟုတ်ဘူး

April 23, 2023 LFC2 0

ဖောရက်စ်ပွဲမှာ ဆာလာဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ၁၈၃ ဂိုးမြောက် သွင်းဂိုးကို ရယူခဲ့ကာ ကလပ်သမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမား စာရင်းထဲ ဖောင်လာနဲ့ တန်းညီခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ နောက်ထပ် စိတ်ပျက်စရာ ပွဲစဉ် တစ်ပွဲကို ရင်ဆိုင်ရလု ဖြစ်ခဲ့ပေမယ့် ဆာလာရဲ့ ထူးချွန်တဲ့ အဆုံးသတ်မှုဟာ […]

ထရန့် ကွင်းလယ်မှာ ကစားနိုင်ရေး အရေးပါတဲ့ အသင်းဖော်ဖြစ်လာဖို့ ကလော့ပ် တာဝန်ပေးမှုကို ကိုနတေး ထုတ်ပြောလာ

April 22, 2023 LFC2 0

ပြီးခဲ့တဲ့အပတ်တွေက ထရန့်ကို ညာအစွန်ကနေ ကွင်းလယ် နံပါတ် ၆ နေရာကို ဝင်ကစားနေစေတဲ့ ကလော့ပ်ရဲ့ နည်းဗျူဟာ အပြောင်းအလဲမှာ ကိုနတေးဟာ အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ညာခြမ်းခံစစ်မှူးဟာ ထရန့် ထားခဲ့တဲ့ ညာအစွန် ခံစစ်ပိုင်းကို ပိုပြီး တာဝန်ယူပေးဖို့ ဖြစ်လာခဲ့ပါတယ်။ လီဗာပူး ခံစစ်ကလည်း ၃ […]

သီယေဂိုက သူ့ရဲ့ No look pass ဘယ်လို ပေးသလဲနဲ့ စိတ်ကြိုက် ကစားဟန်အကြောင်း ပြောပြလာ

April 17, 2023 LFC2 0

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ သီယေဂိုဟာ လက်ကျန် ရာသီအတွက် အသင်းရဲ့ ပွဲစဉ်တွေကို အဓိက ကစားသမားအဖြစ် ပြန်လည် ပါဝင်သွားတော့မှာပါ။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူဟာ ရာသီကုန်မှာတော့ အသင်းနဲ့ စာချုပ်တစ်နှစ်ကျော် ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီရာသီဟာ လီဗာပူးအတွက်ကော သီယေဂိုအတွက်ပါ ဘောလုံးရာသီကောင်း မဟုတ်ပေမယ့်လို့ […]

ချယ်ဆီးပွဲမှာ ဆာလာ၊ ထရန့်၊ ဗန်ဒိုက်ကို အနားပေးဖွယ်ရှိကြောင်း အသင်းသတင်းထောက် ထုတ်ပြောလာ

April 4, 2023 LFC2 0

ဒီကနေ့ည ချယ်ဆီးနဲ့ လီဗာပူးပွဲမှာ နည်းပြကလော့ပ်ဟာ လူစာရင်း အပြောင်းအလဲ ပြုလုပ်နိုင်တယ်လို့ အသင်းသတင်းထောက် Paul Joyce က The Times ကနေ ဖော်ပြလာပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရမှာ စိုးရိမ်စိတ်တွေကို မြင့်တက်စေခဲ့တဲ့ မန်စီးတီးကို ပက်ပက်စက်စက် ရှုံးပွဲအပြီး လီဗာပူး အဝတ်လဲခန်းဟာ နည်းပြကလော့ပ်ထံက […]

အင်္ဂါနေ့ည ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးရဲ့ ပြိုင်ဘက် ချယ်ဆီးနည်းပြက ဘယ်သူဖြစ်မလဲ

April 3, 2023 LFC2 0

လီဗာပူးအသင်းဟာ ဒီအပတ် အင်္ဂါနေ့မှာ စတမ်းဖိုဒ့်ဘရစ်ကို သွားပြီး ချယ်ဆီးအသင်းနဲ့ အမှတ်ပေးပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ချယ်ဆီးအသင်းဟာ မနက်ကပဲ နည်းပြပေါ်တာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့အသင်းဟာလည်း ဒီရာသီ လီဗာပူးအသင်းလို ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။ […]