လီဗာပူးအသင်းဟာ ကလပ်ရဲ့ ဦးစားပေး မန်နေဂျာတွေကို နောက်ကွယ်ကနေ နောက်ကြောင်းလိုက်တာတွေကို လုပ်ဆောင်နေပါပြီ။ အခုချိန်ထိတော့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ရဲ့ ပါဝင်မှု မရှိသေးပါဘူး။ လေဗာကူဆင် စီအီးအိုကတော့ အလွန်ဆိုကို စာချုပ်ပါအတိုင်း ၂၀၂၆ အထိ သူတို့အသင်းမှာ ဆွဲထားရေး ကြိုးစားမယ့် သဘောထားတွေ ပြသလာပါတယ်။ ဂျေဒန်ဒန့်စ်၊ တိုင်ယွန်နီ၊ […]
အန်ဖီးကွင်းအတွင်း မက်ကယ်လစ္စတာနဲ့ ဒိုကူတို့ ဖြစ်ရပ်မှာ ဒိုင်လူကြီး အိုလီဗာနဲ့ VAR ဒိုင်တွေ ဘယ်လို ဆုံးဖြတ်ခဲ့ကြလဲ အသံဖိုင် ထွက်ပေါ်လာပါတယ်။ ပင်နယ်တီ ဧရိယာထဲမှာ ဒိုကူ ဘောလုံးရှင်းထုတ်ဖို့ လုပ်ဆောင်ရင်း ခြေထောက်ဟာ လိုတာထက် ပိုမြောက်နေခဲ့တာပါ။ အတွင်းထဲကို ပြေးဝင်လာတဲ့ မက်ကယ်လစ္စတာနဲ့ မရှောင်နိုင်ကြဘဲ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။ […]
လီဗာပူးအသင်းဟာ ကလပ်ရဲ့ အားကစားဒါရိုက်တာသစ်အဖြစ် ရစ်ချက်ဟုချ်ကို ခန့်အပ်ကြောင်း ဒီကနေ့မှာပဲ ကြေညာသွားမှာဖြစ်ပါတယ်။ ရာသီကုန်မှာ ယာဂင်ကလော့ပ်နဲ့ ဂျော့ရှမတ်ကီတို့ ထွက်ခွာမှာဖြစ်လို့ လီဗာပူးအသင်းက အရေးကြီး ရာထူးနေရာတွေကို ပြန်လည် အင်အားဖြည့်လာနေတာပါ။ ဘုန်းမောက်အသင်း နည်းစနစ်ဒါရိုက်တာဟောင်းဟာ ဂျော့ရှမတ်ကီရဲ့ ရာထူးကို ဆက်ခံကာ ဒေတာအဖွဲ့နဲ့ လက်တွဲ အလုပ်လုပ်ရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းပိုင်ရှင်တွေဟာ […]
၂၀၂၄ နွေအပြောင်းအရွှေ့ စျေးကွက်မှာ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ်ကို ဦးစားပေး ပစ်မှတ်အဖြစ် ရွေးချယ်မှာက လူတိုင်းသိတဲ့ သတင်းဖြစ်လာနေပါတယ်။ လီဗာပူးအသင်း ချိန်ရွယ်ထားတဲ့ ကစားသမားတွေကို မှန်းဆမှုတွေ များပြားပေမယ့် ဒီတစ်ကြိမ်မှာတော့ အေးဂျင့်တွေကတစ်ဆင့် အသင်းရဲ့ ကင်းထောက်မှုတွေကြောင့်ပဲ နာမည်စာရင်း အချို့ စတင် ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အသင်းရဲ့ ထိပ်တန်းပစ်မှတ် […]
လီဗာပူးအသင်းနဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ကြား အပြီးသတ် ကိစ္စတွေ လုပ်ဆောင်မှု ပြီးမြောက်ခဲ့ပြီဖြစ်ကာ မကြာခင် တရားဝင် ကြေညာလာပါတော့မယ်။ ဒဏ်ရာ ပြဿနာ အချို့ ရှိနေတဲ့ ဒီယက်ဇ်ဟာ စပိန်ပွဲကြို ကိုလံဘီယာ လေ့ကျင့်ရေးမှာ အသင်းသားတွေနဲ့အတူ ပူးပေါင်းနိုင်ခဲ့ပါတယ်။ ဂျိုတာဟာ အက်ဆာလေ့ကျင့်ရေးမှာ အပျော့စား အပြေးအခုန် လေ့ကျင့်ရေးတွေ […]
လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်ကတော့ သူဟာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်ခဲ့ပေမယ့် ငြင်းဆန်ခဲ့တဲ့ ကိစ္စကို ထုတ်ပြောလာခဲ့ပါတယ်။ မော်ရင်ညိုရဲ့ ချယ်ဆီးဟာ ၂၀၀၅ ဝန်းကျင်မှာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးလာခဲ့ပြီး ထိုစဉ်တုန်းက အင်္ဂလန်အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ ဂျရတ်နဲ့ လမ်းပတ်ကို တွဲပေးဖို့ ပေါ်တူဂီသားနည်းပြက အားထုတ်ခဲ့တာဖြစ်ပါတယ်။ ဂျရတ်ကတော့ […]
တိုက်စစ်မှူး ဒါဝင် နူးညက်စ်ဟာ နိုင်ငံတကာ သီတင်းပတ်မှာ ကစားရမယ့် ဥရုဂွေးအသင်း ပွဲစဉ်တွေကနေ နှုတ်ထွက်လိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲအပြီးမှာ ဒါဝင်ဟာ တံကောက်ကြောမှာ မသက်မသာ ခံစားနေရတယ်လို့ သိထားရပြီး စွန့်စားမှု မလုပ်လိုကြတာကြောင့် အခုလို နှုတ်ထွက်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ နောက်ဆုံး […]
လီဗာပူးအသင်းပိုင်ရှင်တွေဟာ မိုက်ကယ်အတ်ဝပ်ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် မကြာခင်မှာ ကလပ်ရဲ့ အရေးကြီး ရာထူးနေရာအတွက် အကဲဖြတ်မှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ လီဗာပူးပိုင်ရှင်တွေဟာ FSG အဖွဲ့ရဲ့ ဘောလုံးဆိုင်ရာ နည်းစနစ်ဒါရိုက်တာနဲ့ လီဗာပူးအသင်းအတွက် အားကစားဒါရိုက်တာ ရာထူးတွေကိုလည်း အားဖြည့်သွားမှာပါ။ အရေးပါတဲ့ ရာထူးအဖြစ် မန်နေဂျာနေရာအတွက်တော့ လီဗာပူးဟာ ဥရောပ ထိပ်သီးတွေနဲ့အပြိုင် […]
နည်းပြကလော့ပ်ကတော့ လီဗာပူး၊ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မှုဟာ အင်္ဂလန်ဒါဘီအဖြစ် ထင်ရှားပေမယ့် သူလက်ထက်မှာတော့ အခြားအသင်းနဲ့ပဲ ဖလားလုရတယ်လို့ ထုတ်ပြောလာပါတယ်။ ဒီကနေ့ညမှာတော့ နည်းပြကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲအဖြစ် အိုးထရတ်ဖိုဒ့်မှာပဲ ဒီနှစ်သင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ရှိနေပါသေးတယ်။ […]
ဒီနေ့ည အက်ဖ်အေဖလားပွဲမှာ ယူနိုက်တက်ဘက်က ကာဆီမီရို မပါနိုင်ဘဲ မေဆန်မောင့်တော့ ပါဝင်နိုင်မယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရတဲ့ အက်ဖ်အေဖလားပွဲတွေကို အနိုင်မရတာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က အင်္ဂလန်ကို သူရောက်လာချိန်မှာ ယူနိုက်တက်ကို ပြိုင်ဆိုင်ဖို့ထက် အခြားသော ဖလားစိန်ခေါ်ဘက် အနီးကပ် […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!