မန်စီးတီးပွဲ သေချာပေါက် လွဲမယ့် အသင်းသား ၄ ဦးနဲ့တကွ ပပ်လင်ဒါး ပြောလာတဲ့ ဖိုင်နယ်ပွဲကြို ဆာလာ၊ ဒါဝင်ရဲ့ အခြေအနေ

February 23, 2024 LFC2 0

တနင်္ဂနွေနေ့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲအပြင် အက်ဖ်အေဖလားပွဲ၊ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲတွေကိုတော့ အယ်လီဆန်၊ ထရန့်၊ ကာတစ်ဂျုံး၊ ဂျိုတာတို့ သေချာပေါက် လွဲချော်ပြီဖြစ်ပါတယ်။ ဆာလာ၊ ဒါဝင်တို့ကတော့ ဒီအပတ်ပွဲမှာ ပြန်ပါကောင်းပါလာနိုင်ပါတယ်။ သူတို့ရဲ့ အခြေအနေအတွက် လက်ထောက်နည်းပြ ပပ်လင်ဒါးက အခုလို ပြောပါတယ်။ “ ဒွန်၊ ဒါဝင်၊ […]

အားကစားဒါရိုက်တာသစ် အပြီးသတ် ရွေးချယ်မယ့် အချိန်ကို အတည်ပြုထားတဲ့ လီဗာပူး

February 23, 2024 LFC2 0

လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာသစ်ကို လာမယ့် ၅ ပတ်အတွင်း အတည်ပြု ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါရာထူးအတွက် စိတ်ကြိုက် လူစာရင်းတစ်ခုကို လီဗာပူးအသင်းဘက်က ရွေးချယ်ထားပြီဖြစ်ကာ ဘယ်သူ့ကို ချိတ်ဆက် ကြိုးစားမလဲကိုတော့ မတ်လအကုန်မှာ ရွေးချယ်သွားမှာဖြစ်ကြောင်း The Athletic သတင်းထောက် David Ornstein က အတည်ပြုပါတယ်။ […]

ကလော့ပ်အတွက် အားထုတ်မယ်ဆိုတဲ့ ဝါတာရု၊ ယူရိုပါလိဂ် ပြိုင်ဘက်တွေ ထွက်ပေါ်လာခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

February 23, 2024 LFC2 0

ကွင်းလယ်လူ ဝါတာရုကတော့ ကလော့ပ် ထွက်ခွာတော့မှာကို ကြားသိရတာ အရမ်း ဝမ်းနည်းမိတယ်လို့ ထုတ်ပြောပါတယ်။ သူကတော့ နည်းပြကို ဆုဖလားတွေနဲ့ နှုတ်ဆက်လိုတာကြောင့် ကြိုးစားမယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို မခေါ်ယူခင် တိုက်စစ်ပိုင်း အားဖြည့်ဖို့ ဒါဝင် နူးညက်စ်ကို အတော်လေး သဘောကျခဲ့ပေမယ့် ကွင်းလယ်ကို ဦးစားပေးလိုခဲ့ပါတယ်။ […]

လီဗာပူးပရိသတ်တွေအတွက် သတင်းကောင်း တစ်ခုကို ဝေမျှလာတဲ့ ဂျာမာန်သတင်းထောက်

February 22, 2024 LFC2 0

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေမှုကို နောက်ကွယ်မှာ ကြိုးစားနေကာ အရှိန်ရလာခဲ့ပြီဖြစ်ပါတယ်။ ဒေတာသုတေသန ဒါရိုက်တာ William Spearman နဲ့ FSG ဥက္ကဋ္ဌ Mike Gordon တို့ဟာ နည်းပြသစ် ခန့်အပ်ရေးအတွက် အလားအလာရှိသူတွေကို ရှာဖွေပြီး စာရင်းတစ်ခု လုပ်ထားကြတာပါ။ သူတို့ထဲမှာ […]

ဆာလာ၊ ဒါဝင်တို့ရဲ့ အခြေအနေကို ကလော့ပ် အရိပ်အမြွက် ပြောလာ

February 22, 2024 LFC2 0

လူတန်တောင်းနဲ့ပွဲမှာ တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာနဲ့ ဒါဝင်တို့ဟာ ပွဲနေ့ လူစာရင်းမှာပါ မပါဝင်ခဲ့ကြပါဘူး။ နှစ်ဦးလုံးဟာ ကြွက်သား ဒဏ်ရာတွေရှိနေကြတာဖြစ်ကာ လူတန်ပွဲအတွက် ကြံ့ခိုင်မှု မပြည့်ဘူးဆိုတာကို ပွဲကြိုမှာတည်းက သိထားခဲ့ကြပြီး ဖြစ်ပါတယ်။ သူတို့နေရာ အစားဝင်ခဲ့တဲ့ ဟာဗေးနဲ့ ဂက်ပိုတို့ဟာ သွင်းဂိုး ကိုယ်စီ ရခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ ဝင်ဘာလေမှာ […]

ကလော့ပ် မရှိတော့ရင် လီဗာပူးက ယူနိုက်တက်ရဲ့ ပြိုင်ဘက်ကို မဟုတ်ဘူး ဆိုလာတဲ့ ယူနိုက်တက် ကစားသမားဟောင်း

February 22, 2024 LFC2 0

ဒီနွေမှာ လီဗာပူးအသင်းကနေ ယာဂင်ကလော့ပ် ထွက်ခွာမယ့် ကိစ္စဟာ အသင်းအတွက် အထိနာတဲ့ သတင်းဆိုးဖြစ်သလို ပြိုင်ဘက်တွေအတွက်တော့ သတင်းကောင်း တစ်ခုလည်း ဖြစ်လာပါတယ်။ ဒီလထဲမှာပဲ အဓိက ရှယ်ယာရှင်တစ်ဦးအဖြစ် ဆာဂျင်ရက်ကလစ်ကို ဘုတ်အဖွဲ့ထဲ ထည့်နိုင်ခဲ့ပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အတွက်ကတော့ ကလော့ပ် မရှိတော့ချိန်မှာ လီဗာပူးကို ကျော်တက်နိုင်မယ်လို့ ယုံကြည်ချက်တွေ […]

လူတန်ပွဲမှ အကောင်းဆုံး ကစားသမား၊ ၁၀ ဂိုး အထက်သွင်းတဲ့ အသင်းသား ၅ ဦး၊ ထရန့်ကို စိန်ခေါ်လာတဲ့ ရိုဘိုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

February 22, 2024 LFC2 0

လူတန်တောင်းကို ၄-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ဒုတိယနေရာမှ မန်စီးတီးကို ၄ မှတ်၊ တတိယနေရာက အာဆင်နယ်ကို ၅ မှတ် အမှတ်ဖြတ်လာနိုင်ပါပြီ။ လီဗာပူးအသင်းဟာ ဥရောပ ထိပ်ဆုံး လိဂ် ၅ ခုအတွင်း ပထမဆုံးအဖြစ် သွင်းဂိုး ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ […]

လူတန်တောင်းကို အနိုင်ကစားဖို့ သူ့ရဲ့ ကတိစကားကို ချိုးဖောက်ခဲ့ရပါကြောင်း ယာဂင်ကလော့ပ် ဝန်ခံ

February 22, 2024 LFC2 0

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လူတန်ကို ၄-၁ နဲ့ အနိုင်ရတဲ့ပွဲအတွင်း အသင်းသားတွေ မိုးကြိုးမုန်တိုင်းတွေလို မွှေနှောက်ကစားရေး တွန်းအားပေးဖို့ သူ့ရဲ့ ကတိကို ချိုးဖျက်ခဲ့ရပါတယ်။ ပွဲအစ ၁၂ မိနစ်မှာ အတော်လေးကောင်းတဲ့ တိုက်စစ်စုဖွဲ့ပုံကနေ လူတန်က ဦးဆောင်ဂိုး ရယူခဲ့တာပါ။ ပထမပိုင်း ၄၅ မိနစ်လုံး လီဗာပူးအသင်း […]

ရှုံးပွဲအပြီး ဒေါသကြီးတဲ့ အန်ဖီးလူအုပ်ကြီးက မယုံနိုင်စရာကောင်းကြောင်းနဲ့ လီဗာပူးကို ယှဉ်ကစားရတာ အသက်ရှုကြပ်တယ်လို့ လူတန်တောင်း မန်နေဂျာ ဝန်ခံ

February 22, 2024 LFC2 0

အန်ဖီးကွင်းမှာ လီဗာပူးကို ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီး ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့နောက် လူတန်တောင်းနည်းပြက မယုံနိုင်စရာ အားပေးမှု၊ အသက်ရှုကြပ်လောက်တဲ့ ဖိအားပေး ကစားဟန် စတဲ့ စကားလုံးတွေဖြင့် ချီးကျူးမှု လုပ်သွားခဲ့ပါတယ်။ အန်ဖီးကွင်းဟာ တန်းဆင်းဇုန်က ကလပ်တွေကို ရင်ဆိုင်ရာမှာ ဒီလောက်ထိ ပြင်းပြ ထက်သန်တာမျိုး မြင်ရလေ့ […]

NEWS: ဘိုင်ယန်မြူးနစ် နည်းပြရာထူးကို လက်ခံသွားမှာ မဟုတ်တဲ့ နည်းပြကလော့ပ်

February 21, 2024 LFC2 0

ဒီရာသီ ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ်မှာ ရုန်းကန်နေရတဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ရာသီကုန်မှာ နည်းပြသောမက်စ် တူချယ်နဲ့ လမ်းခွဲဖို့ နှစ်ဘက် သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။ နွေမှာ နည်းပြသစ် ခန့်အပ်သွားမယ့် ဘိုင်ယန်ဟာ လေဗာကူဆင်နည်းပြ အလွန်ဆိုအပြင် လီဗာပူးကနေ ထွက်ခွာမယ့် ယာဂင်ကလော့ပ်ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်လာခဲ့တာပါ။ ဂျာမာန်သား နည်းပြကြီးရဲ့ […]