ဗန်ဒိုက်ကို စိန်ခေါ်ခြင်းနဲ့အတူ လီဗာပူးပရိသတ်တွေကို ကတိတစ်ခု ပေးလိုက်တဲ့ ချိန်ဘာလိန်

May 21, 2023 LFC2 0

မနေ့က လီဗာပူးပရိသတ်တွေ နှုတ်ဆက်ခဲ့တဲ့ စီနီယာ ၄ ဦးထဲက တစ်ဦးဖြစ်တဲ့ ချိန်ဘာလိန်ကတော့ အသင်းကို အမြဲတမ်း သတိရနေမှာပါလို့ ထုတ်ပြောခဲ့ပါတယ်။ လာမယ့်ရာသီ ချိန်ဘာလိန် ဘယ်အသင်းကို ရောက်မယ်ဆိုတာ မသိရသေးပေမယ့်လို့ သူက ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ များပါတယ်။ ဒါကြောင့် လီဗာပူးရဲ့ ပြိုင်ဘက် အသင်းတစ်သင်းအတွက် […]

ချန်ပီယံလိဂ် မဝင်လို့ စိတ်ဓါတ်မကျတဲ့ ကလော့ပ်က ယူရိုပါလိဂ်ကို လီဗာပူးရဲ့ ပြိုင်ပွဲဖြစ်အောင် လုပ်ကြမယ်လို့ နှိုးဆော်

May 21, 2023 LFC2 0

မနေ့က အက်စ်တွန်ဗီလာနဲ့ တစ်ဂိုးစီ သရေကျပြီးတဲ့နောက် လီဗာပူးနည်းပြ ကလော့ပ်က ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲ ကျရှုံးမှုကို ဝန်ခံခဲ့ပြီး အသင်းဟာ နောက်ရာသီ ယူရိုပါလိဂ် ကစားရမှာကို မကျေမနပ် ဖြစ်မနေပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ အန်ဖီးမှာ ၂မှတ် ဆုံးရှုံးလိုက်ရပြီးနောက် လီဗာပူးဟာ ဆောက်သမ်တန်နဲ့ ရာသီနောက်ဆုံးပွဲကို အနိုင်ယူပြီး လက်ကျန် […]

လီဗာပူးရဲ့ စနစ် အပြောင်းအလဲမှာ ထရန့် နံပါတ် ၆ နေရာ ဝင်ယူလာခြင်းကို ဆွေးနွေးသွားတဲ့ ဂွာဒီယိုလာ

May 21, 2023 LFC2 0

ပက်ဂွာဒီယိုလာဟာ ထရန့် အလက်ဇန္ဒား-အာနိုးကို နေရာပြောင်းလဲပေးလိုက်တာ အပါအဝင် လီဗာပူးကို ၁၀ ပွဲဆက် ရှုံးပွဲမရှိအောင် ပြန်လည် ဖန်တီးနိုင်ခဲ့တဲ့ ယာဂင်ကလော့ပ်ရဲ့ နည်းဗျူဟာအပြောင်းအလဲကို ချီးကျူးခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ကလော့ပ်ဟာ အာဆင်နယ်နဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း ထရန့်ကို ကွင်းလယ်နေရာတွေမှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ ပြောင်းလဲလိုက်တဲ့ စနစ်အရ လီဗာပူးဟာ […]

လီဗာပူးပွဲကြောင့် ပရီးမီးယားလိဂ် ချန်ပီယံနေရာနဲ့ လမ်းလွဲခဲ့ရတာလို့ ဖွင့်ပြောလာတဲ့ အာတီတာ

May 21, 2023 LFC2 0

မနေ့ညကပွဲမှာ အာဆင်နယ်ဟာ လီဗာပူးတိုက်စစ်မှူးဟောင်း အဝန်နီယီရဲ့ သွင်းဂိုးနဲ့ ဖောရက်စ်ကို အရေးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ခွင့်ပြုခဲ့ရပြီ ဖြစ်ပါတယ်။ တန်းဆင်းဇုန် တိုက်ပွဲအတွက် ရုန်းကန်နေရတဲ့ ဖောရက်စ်ဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ယူသွားခဲ့တယ်။ ဒီရလဒ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ […]

ဖာမင်နိုတို့ နှုတ်ဆက်ပွဲ၊ အယ်လစ္စတာ ကတိပေးခြင်း၊ ယူရိုပါလိဂ် ဝင်ဖို့ သေချာနေခြင်းနဲ့ လီဗာပူး သတင်းများ

May 21, 2023 LFC2 0

ဂျန့်တိုက်စစ်မှူး အော်ဘန်က ” ကျနော် ပရီးမီးယားလိဂ်ကို ပြောင်းချင်တယ်။ လီဗာပူး၊ မန်စီးတီး၊ ယူနိုက်တက်တို့ပေါ့။ အာဆင်နယ်ကိုတော့ မပြောင်းချင်ပါဘူး။ သူတို့က ဆုဖလား အနိုင်ရမှာ မဟုတ်ဘူး။ ကျနော်က ဆုဖလားတွေ စိန်ခေါ်မယ့် အသင်းကို ပြောင်းချင်တာ ” လို့ ထုတ်ပြောလာပါတယ်။ ဘောလုံး ရာသီကုန်တာနဲ့ […]

NEWS: လီဗာပူးကို ပြောင်းလာမယ်လို့ အယ်လစ္စတာ ကတိပြု၊ ပေါင် ၆၅ သန်းထက် နည်းမည်။

May 20, 2023 LFC2 0

တရားဝင် ကိစ္စတွေ မပြီးမြောက်သေးပေမယ့်လို့ လာမယ့်ရာသီ လီဗာပူးကို ပြောင်းလာဖို့ အယ်လစ္စတာ သဘောတူလိုက်ပြီလို့ အာဂျင်တီးနား နာမည်ကြီး သတင်းဌာန TyC Sports က ဖော်ပြလာပါပြီ။ လီဗာပူးဘက်က ဘရိုက်တန်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နီးနီး ပေးမယ်လို့ ၎င်းသတင်းက ဖော်ပြပေမယ့်လို့ […]

ဂက်ပိုရဲ့ သွင်းဂိုးကို ဘာကြောင့် ပယ်ဖျက်ခဲ့သလဲ ပရီးမီးယားလိဂ်ဘက်က ဖြေရှင်းချက်

May 20, 2023 LFC2 0

အက်စတွန်ဗီလာနဲ့ပွဲအတွင်း ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဂက်ပိုရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် ကွင်းလယ်ဒိုင် ဂျွန်ဘရွတ်ခ်က ပယ်ချခဲ့ပါတယ်။ ဗီလာ နောက်ခံလူကနေ ပြန်စင်ထွက်လာတဲ့ ဘောလုံးကို ဂက်ပိုက ပိတ်သွင်းခဲ့တာ ဖြစ်ပေမယ့် VAR စစ်ဆေးမှုကို ကွင်းလယ်ဒိုင် သွားကြည့်အပြီးမှာ လူကျွံတယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ပရီးမီးယားလိဂ်ဘက်ကတော့ လူကျွံဘောအဖြစ် ဆုံးဖြတ်ရတာ […]

မြေကြီး ကန်မိလို့ ဒဏ်ရာ ရခြင်း အပါအဝင် ကိတ်တာရဲ့ ထူးထူးဆန်းဆန်း ပွဲလွဲချော်မှု (၅) ခု

May 20, 2023 LFC2 0

နာဘီကိတ်တာဟာ လီဗာပူးကစားသမားဘဝ ၅ ရာသီအတွင်းမှာ ဒဏ်ရာ ပြဿနာပေါင်း များစွာ ရင်ဆိုင်ခဲ့ရပြီး ၁၂၉ ပွဲ ကစားခဲ့ကာ ၈၄ ပွဲအတွက်ကိုတော့ ကြံ့ခိုင်မှုကြောင့် မကစားနိုင်ခဲ့ပါဘူး။ လီဗာပူး ကစားသမားဘဝ သူရခဲ့တဲ့ ကြံ့ခိုင်မှု ပြဿနာတွေထဲက တကယ်ကို မှတ်မှတ်ရရ ဖြစ်လောက်တဲ့ ကိစ္စတွေကို ဖော်ပြသွားပါမယ်။ […]

ဒီနွေ လူသစ် ခေါ်ယူမှုတွေထဲမှာ ခံစစ်မှူးသစ်ပါ ပါဝင်လာနိုင်ကြောင်း ကလော့ပ် အရိပ်အမြွက်ပေးလာ

May 20, 2023 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ကလပ်ကို အလုံးစုံ ပြန်လည် တည်ဆောက်မှု မဟုတ်ပေမယ့် အကြီးစား အင်အားဖြည့်မှုတွေ ပါဝင်လာပါလိမ့်မယ်။ သတင်းတွေအရ ကွင်းလယ်ပိုင်းကို အင်အားဖြည့်မယ်လို့ သိထားရသလို အရန်ဂိုးသမား ခေါ်ယူမှု ရှိမယ်လို့လည်း အသံထွက်နေတာပါ။ မန်နေဂျာကလော့ပ်ကတော့ ဖာမင်နို၊ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ကို နှုတ်ဆက်ခြင်းနဲ့အတူ စာမျက်နှာသစ်ကို […]

လီဗာပူး ကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲ ဖြစ်လာမယ့် ဗီလာပွဲအတွက် ဘော်ဘီရဲ့ ရင်တွင်းစကား

May 20, 2023 LFC2 0

ဒီကနေ့မှာ လီဗာပူးရဲ့ ဂန္တဝင်အဖြစ် နှုတ်ဆက်ပွဲတစ်ပွဲ ရရှိသွားမယ့် ဖာမင်နိုက အသင်းနဲ့အတူ အောင်မြင်ခဲ့တာတွေကို ချန်ခဲ့ပြီး ထွက်သွားရမှာကို အတော်လေး ခံစားနေရပါတယ်။ ကလော့ပ် လက်ထက် လီဗာပူးခေတ်တစ်ခုကို ဦးဆောင်ခဲ့တဲ့ ဖာမင်နိုဟာ ဘောလုံးကမ္ဘာမှာလည်း လူချစ်များတဲ့သူပါ။ False Nine တို့ရဲ့ စံပြ ကစားသမားအဖြစ် ထင်ရှားတဲ့ […]