ဒီနေ့ည ၁၀ နာရီမှာ လီဗာပူးအသင်းဟာ နယူးကာဆယ်အသင်း အိမ်ကွင်းထံသွားပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဆော်ဒီသတင်းဌာနတွေကတော့ ဒီကနေ့ နယူးကာဆယ်နဲ့ပွဲဟာ လီဗာပူးအတွက် မိုဆာလာ ကစားပေးမယ့် နောက်ဆုံးပွဲပဲ ဖြစ်ပါတယ်လို့ ထုတ်ပြောနေကြပါတယ်။ အီဘူး မပါနိုင်တာကြောင့် သူ့နေရာမှာ ဂိုးမက်စ် ဒါမှမဟုတ် မာတစ် ဝင်ကစားမှာဖြစ်ပြီး […]
လီဗာပူးအသင်းဟာ မနက်ဖြန်ည ၁၀ နာရီ စိန့်ဂျိမ်းပက်ခ်ကို သွားပြီး နယူးကာဆယ်ဖြင့် ယှဉ်ပြိုင်ရပါမယ်။ မနှစ်ကရာသီမှာ နယူးကာဆယ်ကို နှစ်ကျော့လုံး အနိုင်ရခဲ့ပေမယ့် အန်ဒီဟောင်ရဲ့ အသင်းဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်သွားတဲ့ထိ တိုးတက်လာသလို ဒီရာသီမှာ ပိုတောင့်တင်းတဲ့ အသင်းတောင် ဖြစ်လာနေပါတယ်။ Team news […]
ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်းဖြစ်တဲ့ နယူးကာဆယ်နဲ့ အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။ ဆော်ဒီပိုင်ရှင်တွေနဲ့ နည်းပြအတ်ဒီဟောင် လက်ထက်မှာ နယူးကာဆယ်ဟာ အတော်လေး တောင့်တင်းတဲ့ လူစာရင်းပိုင်ဆိုင်နေတာပါ။ သူတို့အသင်းအပေါ် လူပြောနည်းပေမယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူစာရင်း တစ်ခုက နယူးကာဆယ်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီအပတ်ပွဲမှာ […]
နယူးကာဆယ်ပွဲမှာ အန်ဒို ပွဲထွက်ခွင့်ရမယ် အာမခံချက် မရှိပါဘူး။ ကလပ်နဲ့ ၃ ရက်ပဲ ပူးပေါင်းရသေးတဲ့ ကစားသမားတစ်ဦးကို ချက်ခြင်း ပွဲထွက်ခွင့်ပေးနိုင်မှတော့ ဘာလို့များ အသင်းလိုက် စုဖွဲ့မှုကို နှစ်ရှည် လေ့ကျင့်နေဦးမှာလဲလို့ ကလော့ပ်က ဆိုပါတယ်။ ပဲလေစ့်ဘက်က ဒိုကူရေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၇၀ […]
လီဗာပူးအသင်းဟာ ဒီနွေစျေးကွက် စတင်ခဲ့ကတည်းက ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် ခေါ်ယူမယ်လို့ လေသံပစ်လာခဲ့တာပါ။ စနစ်သစ်မှာ ရော်ဘတ်ဆန်ဟာ ရုန်းကန်နေရပြီး ဘုန်းမောက်ကို ရင်ဆိုင်ကစားတဲ့ ပွဲမှာတော့ ဘယ်အစွန်လူဟာ ခံစစ်မှူးနေရာမှာ တိုးတက်တဲ့ ခြေစွမ်းတွေ ပြသလာခဲ့ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်ပွဲကြိုမှာ အီဘူး ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့နောက် ခံစစ်မှူးသစ် ရလိုကြောင်း […]
မနှစ်က ရာသီကုန်ခါနီးမှာ ထရန့်ကို ကစားကွက်သစ်အတွင်း ပြောင်းလဲ နေရာချဖို့ ကလော့ပ်နဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက ထုတ်ပြောလာပါတယ်။ ယခင် အစွန်-တောင်ပံလူတွေအဖြစ် တိုက်စစ်ကို လိုက်ပါခွင့်ရထားကြသူ နှစ်ဦးဟာ ကစားကွက်ပုံစံသစ်မှာ ကွဲပြားတဲ့ တာဝန်ယူမှုတွေ ရှိလာတာပါ။ ရော်ဘတ်ဆန်က ခံစစ်မှူး ဆန်ဆန် ကစားနေရပြီး ထရန့်က […]
ဒီအပတ် နယူးကာဆယ်ပွဲကြိုမှာ နည်းပြကလော့ပ်က ဒီတလော သတင်းကြီးနေတဲ့ ဆာလာ အပြောင်းအရွှေ့ ကိစ္စ ထုတ်ပြောခဲ့သလို ခံစစ်သမားသစ် လိုချင်ကြောင်းပါ ပြောလာခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ဘက်က သူတို့လိဂ်ရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ ဆာလာကို အလေးအနက် လိုချင်နေတာပါ။ အာရပ်ကမ္ဘာကနေ ပေါ်ထွက်လာတဲ့ ဆာလာဟာ ၎င်းတို့ ဒေသတွင်းမှာ အကောင်းဆုံး […]
ဆော်ဒီပရိုကလပ် Al Ittihad အသင်းဟာ လီဗာပူး တိုက်စစ်မှူး ဆာလာကို ဒီနွေမှာတင် ခေါ်ယူလိုကြောင်း သူတို့ရဲ့ သဘောထားကို ထုတ်ပြလာခဲ့ပါပြီ။ လက်ရှိ အခြေအနေမှာ ဆာလာရဲ့ အပြောင်းအရွှေ့ ကိစ္စ မဖြစ်လာဘူးလို့ သေချာပေါက် ပြောနိုင်တဲ့ အခြေအနေမျိုး မရှိသေးပါဘူး။ အသက် ၃၁ နှစ်အရွယ် […]
စျေးကွက် မပိတ်ခင်မှာ လီဗာပူးက ကွင်းလယ်လူ တစ်ဦး အဆင်ပြေခဲ့ရင် နောက်ထပ် ခေါ်ယူမှုအဖြစ် ခံစစ်မှူး တစ်ဦး ခေါ်ယူမယ်လို့ သတင်းထောက်တွေက ယုံကြည်နေကြပါတယ်။ လေဗာကူဆင်အသင်းမှ အသက် ၂၁ နှစ်အရွယ် အီကွေဒေါ လက်ရွေးစင် ပီရို ဟင်ကာပီဟာ ပရီးမီးယားလိဂ်ထံ ပြောင်းလာလိုနေပြီး သူ့ကို ခေါ်ယူမယ်ဆိုရင် […]
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ်တွေမှ လူငယ် ကြယ်ပွင့် နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်စတာအသင်းမှ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူ ထရေး နိုင်ယိုနီကို ခေါ်ယူနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်တယ်။ မနှစ်ကရာသီ ယူ-၁၈ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပုံမှန် ပါဝင်ကစားထားတဲ့ လူငယ်လေးဟာ လီဗာပူး […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!