NEWS: ဆာလာ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးဖို့ ဆော်ဒီ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်ကို ရောက်ရှိလာ

September 4, 2023 LFC2 0

ဆော်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ဆာလာရဲ့ အပြောင်းအရွှေ့ ကိစ္စ လီဗာပူး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ စနေနေ့ကပဲ လန်ဒန်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ လန်ဒန်မှာရှိတဲ့ လီဗာပူးအသင်း ရုံးခန်းမှာ ကလပ် စီအီးအို ဘီလီဟိုဂန်၊ ကလပ် ဥက္ကဋ္ဌ မိုက်ဂေါ်ဒန်တို့နဲ့ ဆော်ဒီ တာဝန်ရှိသူတွေဟာ ဆာလာအတွက် ထိပ်တိုက် […]

ထရန့်ကို အမြဲတမ်း ဝေဖန်နေကျ သုံးသပ်သူက ညာအစွန်လူရဲ့ ဗီလာပွဲ စွမ်းဆောင်ရည်ကြောင့် လက်ခုပ်ပါ တီးမိတယ်လို့ ချီးကျူး

September 4, 2023 LFC2 0

၈၀ ခုနှစ်တွေက အောင်မြင်တဲ့ လီဗာပူးအသင်းမှာ ခံစစ်နဲ့ ကွင်းလယ်လူအဖြစ် ကစားခဲ့တဲ့ စတိဗ် နီကိုးက တနင်္ဂနွေနေ့ကပွဲမှာ ထရန့်ရဲ့ ထူးချွန်တဲ့ ပေးပို့ချက်ကို နှစ်သက် ကျေနပ်နေပါတယ်။ လီဗာပူးရဲ့ ကွင်းလယ်ကနေ ပေးပို့မှုတွေကို တာဝန်ယူခဲ့တဲ့ ထရန့်ဟာ ဆိုဘိုစလိုင်ရဲ့ အဖွင့်ဂိုးအတွက် ထောင့်ကန်ဘော ကန်တင်ပေးခဲ့သူ ဖြစ်ပါတယ်။ […]

လီဗာပူး ၃-၀ အက်စတွန်ဗီလာ ပွဲအပြီး ဆာလာ၊ ထရန့်နဲ့ ကလော့ပ်တို့ ပိုင်ဆိုင်သွားတဲ့ မှတ်တမ်းသစ်များ

September 4, 2023 LFC2 0

Post-Match ဆာလာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ဒါမှမဟုတ် ဂိုးထောက်ပံ့မှုကို ၁၀ ပွဲဆက် လုပ်နိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။ ဒါမျိုး နောက်ဆုံး လုပ်ထားတာကလည်း သူပဲဖြစ်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လကနေ ဒီဇင်ဘာလအထိ ၁၅ ပွဲဆက်တိုက် လုပ်ပြခဲ့တာပါ။ နည်းပြကလော့ပ်ဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀၀ […]

အသင်းမှာ ဆက်နေလိုတဲ့ ဆာလာ၊ ထရန့်ရဲ့ ဒဏ်ရာ အခြေအနေ၊ ပြင်သစ်အတွက် ကစားပေးနိုင်မှာ မဟုတ်တဲ့ အီဘူးနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

September 4, 2023 LFC2 0

အက်စတွန်ဗီလာကို ၃-၀ နဲ့ အနိုင်ရတဲ့နောက် ဒီရာသီ ပထမဆုံး နိုင်ငံတကာ သီတင်းပတ်ထဲ ဝင်မယ့် အချိန်မှာ လီဗာပူးအသင်းဟာ ထိပ်ဆုံး ၄ သင်း စာရင်းထဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ထရန့်ရဲ့ ဒဏ်ရာဟာ တံကောက်ကြောဖြစ်ပေမယ့် အရမ်း မစိုးရိမ်ရဘူးလို့ နည်းပြကလော့ပ်က ပြောပါတယ်။ ထရန့်ကလည်း သူ့ဒဏ်ရာကို […]

ဆိုဘို ဆက်လက် တောက်ပဆဲဖြစ်ပြီး သွင်းဂိုး ဆာလောင်နေဆဲ ဆာလာ၊ တာထွက်ကောင်းနေမှုနဲ့ အက်စတွန်ဗီလာ ပွဲအပြီး ပြောစရာများ

September 4, 2023 LFC2 0

ဆိုဘိုစတား လီဗာပူးကစားသမားဘဝ အကောင်းဆုံး စတင်မှုကို ရနေတဲ့ ဆိုဘိုဟာ ဒီပွဲမှာတော့ မှတ်ကျောက်တင်ခံခဲ့ရပါပြီ။ သူရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို စတင် ရရှိသွားပြီဖြစ်ပါတယ်။ လှုပ်အားနှုန်း၊ မဆုတ်မနစ် ကစားနိုင်စွမ်းကြောင့် အထင်ကြီးခံနေရတဲ့ ဆိုဘိုဟာ ဒီရာသီ ကွင်းလယ်ကနေ ဂိုးသွင်းပေးနိုင်ကြောင်း ပြသခဲ့ပါတယ်။ ကလော့ပ်က […]

ဒါဝင် တောင်းဆိုသံတွေ ညံနေတဲ့ အက်စတွန်ဗီလာပွဲအတွက် ဖြစ်လာနိုင်ဖွယ် ပွဲထွက် ၁၁ ဦး

September 3, 2023 LFC2 0

ဒီကနေ့ညတော့ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲအဖြစ် အန်ဖီးကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Team news သီယာဂို လေ့ကျင့်ရေးမှာ ဒဏ်ရာ ပြန်ရသွားပါတယ်။ ကာတစ်ဂျုံး လေ့ကျင့်ရေး အပြည့် ပြန်ဝင်ခဲ့ပါတယ်။ ပြင်သစ် လူစာရင်းမှာ ရွေးချယ်ခံထားရပေမယ့် […]

ဒါဝင်ကို ပွဲထုတ်ဖို့ တိုက်တွန်းကြခြင်း၊ ဂရာဗင်ဘက်ချ် ခေါ်ယူခြင်းကို အပြစ်တင်တဲ့ ကာရေဂါ၊ ကလော့ပ်ရဲ့ တောင်းဆိုမှုနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

September 3, 2023 LFC2 0

ဒီကနေ့ အက်စတွန်ဗီလာပွဲမှာ ဒါဝင်ကို ပွဲထွက်ခွင့်ပေးပြီး နယူးကာဆယ်ပွဲမှာ ရခဲ့တဲ့ ယုံကြည်မှုကို အခြေခိုင်အောင် လုပ်ခွင့်ပေးဖို့ အသင်းပရိသတ်တွေက ဆန္ဒပြုနေကြပါတယ်။ ဆာလာအတွက် ပေါင် သန်း ၂၀၀ ရရင် လီဗာပူးက ရောင်းမှာဖြစ်ပြီး ဆာကာကို ပေါင် သန်း ၁၅၀ လောက်သုံးပြီး ပြန်ခေါ်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ […]

NEWS: ဒီကနေ့မှာ ဂရာဗင်ဘက်ချ် လေ့ကျင့်ရေးဝင်မည်၊ တနင်္ဂနွေနေ့ အက်စတွန်ဗီလာပွဲ ပါနိုင်မည် မဟုတ်

September 2, 2023 LFC2 0

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လီဗာပူးအသင်း လက်မှတ်ထိုး ခေါ်ယူခဲ့တဲ့ ဂရာဗင်ဘက်ချ်ဟာ ဒီကနေ့မှာ အသင်းနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ရေး ဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူ့ကို သောကြာနေ့တုန်းက မှတ်ပုံတင်ဖို့ရာ အချိန်မရခဲ့တာကြောင့် ဒီအပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် အက်စတွန်ဗီလာပွဲမှာ ပွဲထွက်နိုင်မှာ မဟုတ်ပါဘူး။ ဂရာဗင်ဘက်ချ်ဟာ လက်ရွေးစင် […]

ကွင်းလယ်တန်း အသစ်နဲ့အတူ ဖန်တီးဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့ ပလန်တွေအား နည်းပြကလော့ပ် ဖွင့်ချလာ

September 2, 2023 LFC2 0

လီဗာပူးအသင်းရဲ့ ကွင်းလယ်ကြောင်း တစ်ခုလုံးဟာ မနှစ်ကနဲ့မတူညီဘဲ အပြောင်းအလဲ ဖြစ်လာတဲ့နောက် ကွင်းလယ်တန်း အသစ်ထံကနေ ဘာတွေ မျှော်လင့်ထားလဲလို့ နည်းပြကလော့ပ်ကို မေးမြန်းခဲ့ပါတယ်။ လီဗာပူးကွင်းလယ်မှာ ဟန်ဒါဆန်၊ ဖာဘင်ညို၊ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်နဲ့ အငှားခေါ်ယူထားတဲ့ အာသာတို့ ထွက်ခွာသွားပါတယ်။ သူတို့နေရာမှာ မာကာ၊ ဆိုဘို၊ ဂရာဗင်ဘက်ချ်နဲ့ […]

ဆာလာ၊ ဆော်ဒီနဲ့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နောက်ဆုံးရ အခြေအနေ

September 2, 2023 LFC2 0

မနေ့က အင်္ဂလန်စျေးကွက် နောက်ဆုံးရက်မှာ Al-Ittihad အသင်းရဲ့ ဆာလာအတွက် ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှုကို လီဗာပူးဘက်က ပယ်ချခဲ့ပေမယ့်လို့ ဆော်ဒီကလပ်ဟာ ပေါင် သန်း ၂၀၀ ဖြင့် ထပ်လာဖွယ် ရှိနေကြောင်း The Telegraph က ဒီမနက်မှာ ဖော်ပြပါတယ်။ […]