ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ ၈-၀ ဖြင့် ဂိုးပြတ် အနိုင်ရပြီးတဲ့နောက် နယူးကာဆယ်ဟာ လီဗာပူးပေးတဲ့ နာကျင်မှုတွေကနေ ရုန်းထလာနိုင်ပြီလို့ နည်းပြ အန်ဒီဟောင်က ဆိုသွားပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာ နယူးကာဆယ်ဟာ စိန့်ဂျိမ်းပက်ခ်မှာ လီဗာပူးကို ဧည့်ခံကစားခဲ့စဉ် မိနစ် ၆၀ ကျော် ၁ […]
ပရိသတ်ကြိုက် တိုက်စစ်တွဲလုံး ဂက်ပိုထံက အတောက်ပဆုံး ခြေစွမ်းတွေ မမြင်ရသေးချိန်၊ မနှစ်က ဒဏ်ရာ ၂ ကြိမ်ရအပြီး ဂျိုတာကလည်း ခြေစွမ်း တည်ငြိမ်ဖို့ လိုအပ်နေတာမို့ များစွာသော လီဗာပူးပရိသတ်တွေဟာ တိုက်စစ်မှာ ဒီယက်ဇ်၊ ဒါဝင်၊ ဆာလာ အတွဲကို မြင်လိုနေကြပါတယ်။ ဒီတလောမှာ ဒါက တကယ်ဖြစ်လာနေပါတယ်။ […]
ပရီးမီးယားလိဂ် ၅ ပွဲဆက် အနိုင်အဖြစ် ဝက်စ်ဟမ်းကို အနိုင်ရခဲ့ပြီးတဲ့နောက် လီဗာပူးအသင်ဟာ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာခဲ့ပြီး ဇယားထိပ်က မန်စီးတီးနဲ့ ၂ မှတ်ပဲ ကွာဟတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲအတွက် ပရိသတ်တွေ ရွေးချယ်တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် […]
အန်ဖီးကွင်းမှာ လီဗာပူးအသင်းဟာ ဒီရာသီ ခြေကောင်းတယ်လို့ မှတ်ချက်တွေရနေတဲ့ ဝက်စ်ဟမ်းအသင်းကို ၃-၁ ဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်သွားခဲ့ပါတယ်။ နည်းပြကလော့ပ်ဟာ အလှည့်ကျ လူထုတ်မှုတွေ လုပ်နေပြီး လက်စ်ပွဲမှာ ပွဲထွက်ခဲ့တဲ့ ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ် တိုက်စစ်အတွဲကိုပဲ ထုတ်သုံးခဲ့ကာ ရွေးချယ်နိုင်တဲ့ထဲက အတောင့်တင်းဆုံး […]
လီဗာပူး ကစားသမားဘဝ ပထမဆုံးသော assist ရခဲ့တာအတွက် မာကာက ပျော်ရွှင်နေပါတယ်။ ကွင်းလယ်လူ မာကာဟာ ဆိုဘိုစလိုင်လို မဟုတ်ဘဲ လီဗာပူး ကစားသမားဘဝ အစကို ရုန်းကန်နေရသူပါ။ ဒုတိယမြောက် ပွဲမှာတင် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသလို သူဟာ စိတ်ကြိုက်နေရာ မကစားရဘဲ အသင်းရဲ့ လိုအပ်ချက်အရ six […]
ကွင်းလယ်လူ ဟာဗေးကတော့ အသင်း အဝတ်လဲခန်းဟာ မနှစ်ကနဲ့မတူဘဲ ဆာလောင်မှုတွေ၊ နိုင်လိုစိတ်တွေ ပြင်းထန်နေကြောင်း ဖွင့်ဟသွားပါတယ်။ လီဗာပူးအသင်းဟာ သီယေဂို၊ မာတစ်တို့နဲ့ စာချုပ်ကိစ္စ စကားပြောမှု လုပ်ခဲ့ကြောင်း သတင်းတွေ ထွက်နေပါတယ်။ တိုးတက်တဲ့ အဆင့်မျိုး မရှိသေးပေမယ့်လို့ ၂၀၂၄ မှာ စာချုပ်ကုန်မယ့် သူတို့ နှစ်ဦးကို […]
မနက်ဖြန်ညမှာတော့ လီဗာပူးအသင်းဟာ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Team news ဒဏ်ရာ သက်သာစ ထရန့်ဟာ ဒီပွဲမှာ ပွဲထွက်လူစာရင်းကနေ မပါနိုင်လောက်သေးဘူးလို့ ခန့်မှန်းရပါတယ်။ သီယေဂိုလည်း ဒီပွဲ ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။ ဘာ့ဆဲတစ်၊ အီဘူးတို့ကို ပွဲကစားချိန် အပြည့် […]
ဒီအပတ်မှာ လီဗာပူး vs ဝက်စ်ဟမ်းပွဲက ပွဲကောင်းဖြစ်လာမယ်လို့ ဝါရင့် နည်းပြဟောင်း ဟယ်ရီရက်နက်က သုံးသပ်လိုက်ပါတယ်။ နှစ်သင်းလုံးဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရနေပြီး ကြားရက်တုန်းက ယူရိုပါလိဂ် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားထားကြတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်း ခြေတက်နေသလို လီဗာပူးအသင်းကလည်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ စတင် […]
မနက်ဖြန် ည ၇ နာရီခွဲအတွင်း အန်ဖီးကွင်းမှာ လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းကို ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။ ဒီရာသီ ခြေစွမ်းကောင်းနေကြသလို အမှတ်ပေးဇယား အထက်ပိုင်းမှာ ရှိနေကြတဲ့ ကလပ် ၂ သင်း ထိပ်တိုက်တွေ့မယ့် ဒီပွဲစဉ်အတွက် ဘီဘီစီမှ ခရစ်ဆက်တန်က အခုလို ခန့်မှန်းသွားပါတယ်။ […]
နည်းပြကလော့ပ်က တိုက်စစ်မှူး ဒါဝင်ကို ပုံမှန် ပွဲထွက်ခွင့် မပေးသေးပေမယ့် တိုက်စစ်သမားတွေဟာ ဂိုးသွင်းနိုင်ရေး အခွင့်အရေး မရမှ စိတ်ပူရမှာဖြစ်ပြီး ဒါဝင် အခွင့်အရေးတွေ ရနေသေးတာမို့ စိတ်မပူပါဘူးလို့ ဆိုပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီ ပထမပိုင်းမှာ ၅ ဂိုး ပေးရပြီး ၅ ဂိုးသွင်းထားပါတယ်။ ဒုတိယပိုင်းမှာတော့ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!