လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ဟေး၊ ဂျာရိုစ့်၊ မော်တန်၊ နယ်လို၊ နိုင်ယွန်နီတို့ကိုလည်း ထည့်သွင်းလိုက်ပါတယ်။ ကလပ်ဘက်က လေ့ကျင့်ပေးထားတဲ့ အကယ်ဒမီထွက် လိုအပ်ချက်အရ လူငယ်တွေကိုပါ ထည့်သွင်းထားတာပါ။ တိုက်စစ်သမား ဒီယက်ဇ်ကို သက်တမ်းတိုးဖို့ လီဗာပူးဘက်က စီစဉ်နေကြောင်း သတင်းထွက်နေပါတယ်။ အခုထိတော့ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်ကိစ္စ […]
ယာဂင်ကလော့ပ် နေရာ ဆက်ခံသူ နယ်သာလန်သား နည်းပြ အာနယ် ဆလော့ဟာ တူညီတဲ့ လူစာရင်းကိုမှ နေရာချပုံ အပြောင်းအလဲနဲ့အတူ ကောင်းမွန်တဲ့ စနစ် တစ်ခုကို ခပ်မြန်မြန် ရှာဖွေထားနိုင်ပါတယ်။ အာနယ် ဆလော့ဟာ နည်းပြကြီးကလော့ပ် ထားခဲ့တဲ့ လူစာရင်းကိုပဲ အဓိက ကိုင်တွယ်ရာမှာ အပြောင်းအလဲ အချို့ […]
ဒီနွေအပြောင်းအရွှေ့မှာ ဘာစီလိုနာထံက ကမ်းလှမ်းမှုရမယ်လို့ သတင်းကြီးတွေ ရှိခဲ့တဲ့ လူးဝစ် ဒီယက်ဇ်ကို လီဗာပူးဘက်က စာချုပ်သစ်ပေးဖို့ စီစဉ်နေကြောင်း အသံထွက်လာပါတယ်။ နွေစျေးကွက်အတွင်း ကစားသမားရဲ့ အေးဂျင့်ဟာ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာနဲ့ တွေ့ဆုံခဲ့ကြောင်းကို ကိုလံဘီယာသတင်းစာတွေက ဖော်ထုတ်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် အေးဂျင့်ဖြစ်သူက ဒီယက်ဇ်ကို လီဗာပူးကနေ ခေါ်ထုတ်လိုရင် […]
နိုင်ငံခြားသတင်းဆိုဒ်တွေရဲ့ ပွဲရှာထားတဲ့ caption ကစာကို ဖတ်မိပြီး ဂရာဗင်ဘက်ချ်ကို ကိုးမန်း သဘောမကျဘူးလို့ ဒီမနက် နံနက်ခင်း သတင်းတိုအတွင်း မှားပြီး ဖော်ပြမိခဲ့ပါတယ်။ ကိုးမန်းရဲ့ အင်တာဗျူးကို ပြန်ရှာဖတ်ကြည့်တော့မှ ဒတ်ချ်နည်းပြ ပြောဆိုတာက အဲ့လို သဘောထား မဟုတ်တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သတင်း အပြည့်အစုံကို […]
လီဗာပူးအသင်းနဲ့ ဆာလာတို့ဟာ မီဒီယာထက်ကနေပဲ အားစမ်းနေကြပြီး အသင်းဘက်ကတော့ အသက် ၃၃ နှစ်ရောက်တော့မယ့် တိုက်စစ်သမားကို ၁ နှစ် ဒါမှမဟုတ် ၂ နှစ် သက်တမ်းတိုးတာမျိုး လုပ်လိုကြောင်း လေသံပြန်လွှင့်နေပါတယ်။ လီဗာပူးအသင်းဟာ အသက် ၃၀ အထက် ကစားသမားတွေကို ကာလရှည် စာချုပ်မပေးတော့တဲ့ ပေါ်လစီရှိထားကာ […]
စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွင်း မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ကို ပူးတွဲဦးဆောင်နေတဲ့ လီဗာပူးဟာ ဖလားစိန်ခေါ်နိုင်မယ့် အသင်းအဖြစ် မြင်လို့ရပါကြောင်း ကစားသမားဟောင်းတွေက ဆွေးနွေးလာပါတယ်။ ရုပ်သံအစီအစဉ်မှာ သုံးသပ်သူတွေအဖြစ် အတူ တက်ရောက်ခဲ့တဲ့ အိုဝင်နဲ့ ပေါစခိုးတို့က လီဗာပူးဟာ လျော့တွက်ထားဖို့ မသင့်တဲ့ အသင်းဖြစ်ကြောင်း အခုလိုတွေ ပြောလာကြတာပါ။ မိုင်ကယ်အိုဝင်က ” […]
လီဗာပူးအသင်းဟာ ဂျူဗင်တပ်ကနေ တိုက်စစ်သမား ခီယေဆာကို ခေါ်ယူထားပေမယ့် ခပ်မြန်မြန် ပွဲနေ့ လူစာရင်းထဲ ထည့်သွင်းဖွယ် မရှိသေးပါဘူး။ စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာ လူစာရင်းက ထုတ်ပေးဖို့ တိုက်စစ်သမားရဲ့ တောင်းဆိုမှုကိုလည်း အီတလီနည်းပြက လက်ခံသွားခဲ့တယ်။ ဒါက ကစားသမားအတွက် အကောင်းဆုံးဖြစ်မယ့် ကိစ္စလို့ အီတလီနည်းပြက မီဒီယာကနေ ထုတ်ပြောပါတယ်။ […]
ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စဟာ အပြောလွယ်သလောက် ဖြေရှင်းဖို့ ခက်ခဲဦးမယ့် ကိစ္စအဖြစ် သတင်းထောက် အွန်စတိုင်းက ပြောလာပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဘက်က ဖြေရှင်းနိုင်ရေး အားထုတ်မှာပါလို့ သူက ပြောပါတယ်။ အခြားတသင်းထောက်ဖြစ်တဲ့ David Lynch ကတော့ ဆာလာကိုယ်တိုင်က ဆက်နေလိုကြောင်း သဘောထား ပြသခြင်းက […]
အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၃-၀ ဖြင့် အနိုင်ရခဲ့စဉ် ဂိုးထပ်သွင်းနိုင်မယ့် အနေအထားမှာ ဆိုဘိုစလိုင်ရဲ့ အပြုအမှုက ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ ဂယ်ရီနဗီးက ဒေါသကြီးစွာဖြင့် ဝေဖန်လိုက်ပါတယ်။ ဒုတိယပိုင်းအတွင်း ပင်နယ်တီဧရိယာအတွင်း ရှင်းလင်းလှတဲ့ အနီးကပ် အခြေအနေမှာ ဆိုဘိုစလိုင်က လွယ်လွယ်ကူကူ ပိတ်သွင်းရမယ့်အစား အတွေးများပြီး ဘောလုံးကို ပြန်ခေါက်ခဲ့ရာက […]
အိုးထရတ်ဖိုဒ့်က ယူနိုက်တက် ၀-၃ လီဗာပူးပွဲကို ဗြိတိန်က အားကစားကလောင်ရှင်တွေ ဘယ်လိုတွေ မှတ်ချက်ပေးကြလဲ LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်ကြရအောင်ပါ။ ယူနိုက်တက်က အရှက်ခွဲခံလိုက်ရတာ၊ ဒါက ၇-၀ နဲ့ ရှုံးတဲ့ပွဲလိုပါပဲ [The Telegraph] လီဗာပူးအသင်း အရှက်ခွဲတာကို ယူနိုက်တက်ကို ခံစားခဲ့ရတာပါ။ ၂၀၂၃ မတ်လတုန်းက […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!