ဂျိုတာနဲ့ ဂိုးမက်စ်တို့ လေ့ကျင့်ရေး ဆက်လက် လွဲချော်နေကြပြီး ကွင်းလယ်လူ ကာတစ်ဂျုံးကလည်း လာမယ့် ၂ ပွဲမှာလည်း ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ကမ်းလှမ်းခံရမှုဖြစ်ပါစေ ဒါဝင် နူးညက်စ်ကို ဇန်နဝါရီမှာ ထွက်ခွင့်မပေးဖို့ လီဗာပူးဘက်က ဆုံးဖြတ်ထားပါပြီ။ အန်ဒိုနဲ့ ခီယေဆာတို့ကိုလည်း ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ […]
ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ အာဆင်နယ်က လက်လျော့သွားမှာ မဟုတ်ဘဲ လီဗာပူးကို ကျော်ဖြတ်နိုင်ရေးအတွက် အဆုံးထိ အားထုတ်မယ်လို့ အာတီတာက သတိပေးလာပါတယ်။ အဆင့် ၁ နဲ့ ၂ နေရာက အသင်းတွေဟာ ရမှတ် ၆ မှတ် ကွာဟနေတာဖြစ်ကာ လီဗာပူးအသင်းဘက်က ပွဲကျန် ၁ ပွဲကစားရဖို့ […]
လိုင်လီကို အနိုင်ရတဲ့ပွဲမှာ လီဗာပူးအသင်းဟာ အမှားမခံတဲ့ ပုံစံဖြင့် စိတ်ရှည်ရှည်ထား ကစားခဲ့ခြင်းကို အထင်မကြီးသူတွေ ရှိနေပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းဟာ တိုက်စစ်ဖွင့်ကစားတဲ့ပွဲတွေ အများအပြားရှိခဲ့ပေမယ့် ရှုံးထွက်တက်ရောက်နိုင်ဖို့ နီးစပ်နေတဲ့ လိုင်လီပွဲမှာ စိတ်ရှည်ရှည်ထားပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ကစားခဲ့ပါတယ်။ တူညီတဲ့ ဟန်မျိုးကို အစ်ဝစ်ချ်ပွဲမှာလည်း သုံးလာမယ်ဆိုရင် ပြဿနာတတ်မယ်လို့ ယူဆသူတွေ […]
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ လုပ်ခပေးချေမှုဟာ အဲ့မတိုင်ခင် ဘောလုံးရာသီကထက် ပေါင် ၁၄ သန်း မြင့်တက်လာခြင်းဟာ အဓိပ္ပာယ်မရှိဘူးလို့ အသံထွက်လာနေပါတယ်။ မနှစ်ကနွေမှာ ကလပ်ရဲ့ လုပ်ခမြင့် ကစားသမား ၆ ဦး ထွက်ခွာသွားပြီး သူတို့နေရာ လူသစ် ၄ ဦး ဝင်ရောက်လာတာပါ။ ဒီကာလတွေအတွင်း […]
ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲ နောက်ဆုံးပွဲ မကန်ရသေးခင်ကို လီဗာပူးအသင်းဟာ ဆုကြေး ယူရို ၉၈ သန်း ဝန်းကျင်ဖြင့် အများဆုံး ရရှိနေပါပြီ။ ချန်ပီယံလိဂ်ဟာ အဆင့်နဲ့ နိုင်ပွဲအလိုက် ဆုကြေးတွေပေးနေရာမှာ လီဗာပူးက ၇ ပွဲလုံး နိုင်ထားပြီး ဇယားထိပ် ရောက်နေတာပါ။ ဒီရာသီ ချန်ပီယံလိဂ်မှာ ဘောလုံး […]
ကမ္ဘာလုံးဆိုင်ရာ အနေအထားမှာ လီဗာပူးအသင်းရဲ့ ကျော်ကြားမှုတွေဟာ တိုးတက်လာနေကြောင်း နောက်ဆုံးထွက်ပေါ်လာတဲ့ မှတ်တမ်းတွေက ဖော်ပြလာပါတယ်။ Nielsen ဘက်က ကောက်ယူထားတဲ့ စာရင်းမှာတော့ အင်္ဂလန်ကလပ်တွေထဲမှာ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေဟာ လူကြည့်အများဆုံး ဖြစ်လာနေပြီး ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၉ ပွဲအတွက်တင် ရုပ်သံကြည့်ရှုသူတွေဟာ 133.8 သန်း […]
လိုင်လီကို အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လူ ကာတစ်ဂျုံးဟာ လီဗာပူးပရိသတ်တွေကို တောင်ပန်းမှု ပြုလုပ်ခဲ့ရပါတယ်။ မကြာသေးခင်က TNT Sports နဲ့ လုပ်တဲ့ အင်တာဗျူးမှာ ကာတစ်ဂျုံးက မိုဆာလာနဲ့ ဟာဇက်ကြား နှိုင်းယှဉ်ပြိုင်ဆိုင်ကြတာကို သိပေမယ့် သူအတွက်ကတော့ ဟာဇက်က ပိုကောင်းတဲ့ ကစားသမားလို့ ပြောဆိုခဲ့တာပါ။ လူငယ် […]
တောင်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသတွေမှာ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေဟာ လူကြိုက်အများဆုံးဖြစ်လာနေပြီး ဒီရာသီ ပထမဆုံး အမှတ်ပေးပွဲ ၉ ပွဲအတွက်တင် ရုပ်သံပရိသတ် ၁၃၃.၈ သန်းထိရှိနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပရိသတ်တွေ အင်အားတိုးလာနေတဲ့ လီဗာပူးအသင်းဟာ မနှစ်ကတုန်းကလည်း ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲအတွက် ရုပ်သံကနေ […]
လီဗာပူးအသင်းက ချန်ပီယံလိဂ်မှာ လိုင်လီကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း မိုဆာလာဟာ ဂိုးပေါက် ပြန်တွေ့ခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့ သွင်းဂိုး ၅၀ မြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ထူးထူးခြားခြားအဖြစ် ဘရန့်ဖိုဒ့်ပွဲမှာ အနိုင်ဂိုး ၂ ဂိုး သွင်းခဲ့ပြီး လိုင်လီပွဲမှာ ဂိုးမရခဲ့တဲ့ ဒါဝင်အပေါ် […]
လိုင်လီအသင်းကို ၂-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ထိပ်ဆုံး ၂ သင်းထဲက ၁ သင်းအဖြစ် သေချာခဲ့ပြီဖြစ်ကာ ဘာစီလိုနာကို ၃ မှတ်ဖြတ်ထားပါတယ်။ သွင်းဂိုး ၁ ဂိုး သွင်းယူခဲ့တဲ့ မိုဆာလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၅၀ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!