လေဗာကူဆင် နည်းပြအလွန်ဆိုက သူ့ရဲ့ လီဗာပူးနေ့ရက်တွေအတွင်း အခင်မင်ရဆုံး အသင်းဖော်အကြောင်းကို ဖော်ထုတ်ရာမှာ အားလုံးထင်သလို ဂျရတ် ဟုတ်မနေခဲ့ပါဘူး။ အလွန်ဆို အရမ်းသဘောကျသူကတော့ အသံတိတ်ခေါင်းဆောင်လို့ လူသိများတဲ့ ဂျင်မီ ကာရေဂါပဲ ဖြစ်ပါတယ်။ ဂျရတ်ခေတ်မှာ ကာရေဂါဟာ အဝတ်လဲခန်းအတွင်း လုပ်ပေးရမယ့် ကိစ္စ မှန်သမျှကို ဦးဆောင်ပေးခဲ့ဖြစ်ပါတယ်။ စည်းကမ်းပိုင်း […]
ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘတ်ပေဟာ ဒီနွေမှာ စာချုပ်ကုန်မှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရင် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းကလည်း သူရောက်ရှိနိုင်တဲ့ ကလပ်အဖြစ် ဖော်ပြနေပါတယ်။ အမ်ဘတ်ပေကို ခေါ်ယူဖို့ ရေပန်းစား အသင်းတစ်သင်းကတော့ ရီးရဲလ်မက်ဒရစ် ဖြစ်ပါတယ်။ မက်ဒရစ်ကလပ်ဟာ ဘတ်ပေကို ဒီနွေမှာ ခေါ်ယူနိုင်ရေး နောက်ဆုံး […]
လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ဘယ်အစွန်လူသစ် ခေါ်ယူသွားမှာ မဟုတ်သလို ကစားသမားသစ် လက်မှတ်ထိုးတာမျိုး မြင်လာရဖို့ ခဲယဉ်းတယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ဆိုပါတယ်။ မာတစ် ဒဏ်ရာရနေခြင်း၊ ရိုဘိုနဲ့ ကိုစတက်တို့ သက်သာလာဖို့ အချိန်ယူရမှာ ဖြစ်ခြင်းတွေကြောင့် ခံစစ်ဟာ လီဗာပူးရဲ့ ဦးစားပေးတွေထဲက […]
မိုဆာလာ အာဖရိကပွဲ သွားကစားစဉ် အသင်းရဲ့ ပင်နယ်တီ တာဝန်တွေကို ဒါဝင်၊ ဆိုဘိုနဲ့ မာကာတို့ထဲက တစ်ဦးဦး တာဝန်ယူသင့်တယ်လို့ ထောက်ခံခြင်း ခံရနေပါတယ်။ သူတို့ထဲမှာ ၁၀၀% ပင်နယ်တီ အဝင် မှတ်တမ်းရှိသူက ဒါဝင်ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို အလွတ်ဖြင့် ခေါ်ယူနိုင်ကြောင်း […]
ဒီယေဂို ဂျိုတာဟာ နယူးကာဆယ်ပွဲမှာ ပွဲချိန် ၈၀ ကျော်အတွင်း နယူးကာဆယ် ဧရိယာထဲမှာ ဂိုးရယူဖို့ ကြိုးစားစဉ် ပြိုင်ဘက် ဂိုးသမားနဲ့ ထိတွေ့မှု ဖြစ်ခဲ့ပါတယ်။ ကိုယ့်ဘက် ဧရိယာထိပ်ကနေ မက်ကယ်လစ္စတာ မတင်ပေးလိုက်တဲ့ လက်ဖျားခါလောက်တဲ့ ပေးချက်ကောင်းက တစ်ဆင့် ဂျိုတာကပဲ လူကျွံ ထောင်ခြောက်ကို ဖောက်ထွက်ကာ […]
အသက် ၃၀ အရွယ် ဝါတာရု အန်ဒိုဟာ အာရှဖလားပွဲအတွက် လီဗာပူးကို ခေတ္တ စွန့်ခွာပြီး ဂျပန်အသင်းနဲ့ သွားရောက် ပူးပေါင်းပါတော့မယ်။ ရာသီစက ကလပ်ရဲ့ အလျင်စလို ခေါ်ယူမှု တစ်ခုအဖြစ် အထင်သေးခံခဲ့ရပြီး သူ့အသက်အရွယ်နဲ့ ဆိုရင် လီဗာပူးဘက်က ပရိသတ်တွေကို ချွေးသိပ်တဲ့ အပြောင်းအရွှေ့ အဖြစ်လည်း […]
နယူးကာဆယ်ပွဲမှာ ကိုယ်တိုင် ဂိုး ၂ ဂိုးသွင်းယူပြီး အသင်းဖော် ဂက်ပို ဂိုးသွင်းနိုင်ဖို့ ဖန်တီးမှု လုပ်ပေးခဲ့တဲ့ ဆာလာဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ဆာလာဟာ ပထမပိုင်းမှာ ဒီယက်စ်ကြောင့် ရလာတဲ့ ပင်နယ်တီကို အဆုံးသတ်ရာမှာ […]
အခွင့်အရေး ဖြုန်းတီးမှု ဒီပွဲကို မကြည့်လိုက်ရသူတွေကတော့ လီဗာပူးကစားသမားတွေ ဘယ်လောက်တောင် အခွင့်အရေး ဖြုန်းတီးသလဲ သိလိုက်ကြမှာ မဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာ အဆုံးသတ်ပိုင်း ကန်သွင်းဖို့ လေ့ကျင့်ကြရဲ့လား သံသယဝင်ဖို့ ကောင်းအောင်ကို နယူးကာဆယ် ဂိုးပေါက်ထဲမှာ ရှယ်ဖြုန်းခဲ့ကြပါတယ်။ ခံစစ်လိုင်းကို မြင့်ထားပြီး ဘောလုံး ဖိအားပေး ရယူပုံတွေက ကောင်းပါတယ်၊ […]
၂၀၂၄ ခုနှစ်ရဲ့ အဖွင့်ပွဲအဖြစ် နယူးကာဆယ်ကို အိမ်ကွင်းမှာ ၄-၂ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ၅ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။ မိုဆာလာ (၂ ဂိုး)၊ ကာတစ်ဂျုံး၊ ဂက်ပိုတို့ဟာ လီဗာပူးအတွက် ဂိုးသွင်းခဲ့ကြပြီး နယူးကာဆယ်အတွက် အိုင်ဆက်နဲ့ ဘော့မန်းတို့က ဂိုးသွင်းယူခဲ့ပါတယ်။ […]
လီဗာပူးအသင်းဟာ ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ကို လက်လွတ်ထားရပေမယ့် သူတို့နေရာ အင်အားဖြည့်ရေး ဇန်နဝါရီစျေးကွက်မှာ အသည်းအသန် လူထဝယ်ဖို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး။ သောကြာနေ့ မီဒီယာတွေ့ဆုံမှုမှာ ရော်ဘတ်ဆန်က အသင်းလိုက်လေ့ကျင့်ရေး ပြန်လည် ပါဝင်နိုင်ဖို့ မနီးစပ်သေးဘူးလို့ နည်းပြကလော့ပ်က အတည်ပြုပါတယ်။ ကိုစတက်ကလည်း ဒဏ်ရာကြောင့် မတ်လလောက်မှ ဘောလုံးပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။ […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!