ပြီးခဲ့တဲ့ အပတ်မှာ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့ ရှုံးပွဲ ကိုယ်စီ တွေ့လိုက်ခြင်းဟာ ရာသီသိမ်း ပွဲစဉ်တွေမှာ ထိပ်ဆုံး ၄ သင်းထဲ ဘယ်အသင်းတွေ ဝင်နိုင်မလဲ အတွက် စိတ်ဝင်စားစရာတွေ ဖြစ်လာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ဖို့ အခွင့်အရေးကို ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ အသင်း မဟုတ်ပါဘူး။ […]
လီဗာပူးအသင်းက မက်အယ်လစ္စတာကို ခေါ်ယူဖို့ ကြိုးစားနေပြီး အရေးသာနေပြီဆိုတဲ့ သတင်းတွေ ထွက်လာတဲ့နောက် ယူနိုက်တက် ခံစစ်သမားဟောင်း ဂယ်ရီနဗီးက လူမှုကွန်ယက်ပေါ်ကနေ လှောင်ပြောင်ခဲ့ပါတယ်။ လက်ရှိ ဘရိုက်တန်မှာ ကစားနေတဲ့ မက်အယ်လစ္စတာဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သူပါ။ သူဟာ ဒီရာသီ ဘရိုက်တန်တို့ရဲ့ ဥရောပ မျှော်လင့်ချက်အတွက် […]
လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ဖြုတ်ချခဲ့တဲ့ လီဗာပူးဟာ ၄ နှစ်ပြည့်တဲ့ နေ့မှာတော့ စပိန်ကို အတူတကွ ခရီးထွက်ပြီး အနားယူတာက တိုက်ဆိုင်မှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လာလီဂါကလပ်ကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲဟာ အန်ဖီးသမိုင်းမှာ အကျော်ကြားဆုံး ညတွေထဲ ပါဝင်ခဲ့ပါတယ်။ နူးကမ့်ထံ […]
ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ လီဗာပူးအသင်းဟာ အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ ၁ မှတ်အကွာ အဆင့် ၃ နေရာက နယူးကာဆယ်နဲ့ ၃ မှတ်အကွာ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းက ၁ ပွဲပိုကစားထားတာဖြစ်ပြီး ဘောလုံးရာသီ သိမ်းဖို့က […]
ကွင်းလယ်ပြဿနာကို မီးမောင်းထိုးပြလိုက်တဲ့ ဂက်ပို နယ်သာလန်သားဟာ သူ့ရဲ့ မကြာသေးတဲ့ လီဗာပူးကစားသမားဘဝအတွင်း မတူညီတဲ့ နေရာတစ်ခုကို ပြောင်းလဲကစားဖို့ ထပ်မံ တောင်းဆိုခံခဲ့ရပါတယ်။ ဘယ်တောင်ပံ၊ ညာတောင်ပံ၊ အထောင်တိုက်စစ်မှူး အနေနဲ့ပါ ကစားခဲ့ဖူးပြီးဖြစ်တဲ့ ဂက်ပိုဟာ အခုတဖန် ကွင်းလယ်ညာခြမ်းမှာ ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။ သူ့အရပ်အမောင်းကြောင့် တည်ကန်ဘောတွေ ခုခံကာကွယ်ရာမှာ […]
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ နယူးကာဆယ်ကော မန်ချက်စတာ ယူနိုက်တက်ပါ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်း နောက်ဆုံး ၃ ပွဲလုံး အနိုင်ရရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အတွက် ဆိုရင် ၎င်းအသင်းတွေက အနည်းဆုံး ၂ ပွဲစီ ထပ်ရှုံးဖို့ လိုအပ်နေသေးတာပါ။ ၂၀၁၇ ကနေစပြီး ဆာလာဟာ […]
ဂျေမီ ရက်နက်က လီဗာပူးနဲ့ သတင်းကြီးနေတဲ့ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ်စတာရဲ့ ကောင်းကွက်ကို ဖော်ထုတ် ချီးကျူးမှုတစ်ခု ပြုလုပ်လာခဲ့ပြီ။ မက်အယ်လစ်စတာဟာ ဒီနွေမှာ လီဗာပူးအသင်း ခေါ်ယူမယ့် အဓိက ပစ်မှတ်အဖြစ် သတင်းကြီးနေတာပါ။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာ အသားကျနေတဲ့ ကစားသမားဖြစ်ပြီး […]
ယာဂင်ကလော့ပ် အနေနဲ့ ကွင်းလယ်မှာ ထရန့်ကို အမြဲတမ်း အသုံးပြုမယ် ဆိုရင် လီဗာပူးအတွက် ပေါင်သန်း ၁၀၀ လောက် အကုန်အကျ သက်သာစေနိုင်တယ်လို့ ဂျေမီကာရေဂါက ဆိုပါတယ်။ ထရန့်ဟာ ညာအစွန်နဲ့ ကွင်းလယ်အတွင်းလူ နေရာတွေကို တွဲဘက်ကစားရတဲ့ နေရာအသစ်မှာ ကစားပြီးကတည်းက ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသနေတာဖြစ်ပြီး […]
လီဗာပူးအသင်းဟာ ဂျာမာန် ဝါရင့် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဂျော့ရှမတ်ကီကို အားကစားဒါရိုက်တာ ရာထူးအတွက် စကားပြောနေပြီလို့ The Athletic မှ James Pearce က ဖော်ပြလာပါတယ်။ အသက် ၅၉ နှစ်အရွယ် ဂျာမာန်သားဟာ ဂျူလီယန်ဝတ်နေရာ အစားထိုးဖို့ လီဗာပူးအသင်း အံ့ဩသင့်ဖွယ် ချိန်ဆက်လာခဲ့သူပါ။ […]
ဘရန့်ဖိုဒ့်ပွဲကို အနိုင်ရပြီးတဲ့နောက် လီဗာပူးအသင်းဟာ ဒီရာသီမှာ အမှတ်ပေးပွဲ ၃ ပွဲပဲ ကစားဖို့ ကျန်ရှိတော့မှာဖြစ်ပါတယ်။ မနှစ်တုန်းက ဒီလို အချိန်မှာ ၃ ရက်တစ်ပွဲနဲ့ မောပန်းခဲ့တဲ့အသင်းဟာ အခုချိန်မှာတော့ တစ်ပတ်အပြည့် အနားယူပြီးမှ လက်စတာတို့ရဲ့ ကင်းပါဝင် ကွင်းထံ သွားရောက် ရင်ဆိုင်ရမှာပါ။ လက်စတာက ဒီရာသီမှာ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!