ဖာဘင်ညိုဟာ ဆော်ဒီလိဂ်ထံ အပြီးသတ် ပြောင်းရွှေ့သွားပြီဖြစ်ကာ ၅ နှစ်အတွင်း အသင်းအတွက် ကူညီပေးခဲ့တာတွေအပေါ် ကျေးဇူးတင်ကြောင်း ကလပ်ဘက်က ထုတ်ပြန်သွားပါတယ်။ ဖာဘင်ညိုက ရင်ထဲက ဆန္ဒအတိုင်း လှိုက်လှိုက်လဲလဲဖြင့် လီဗာပူးကို ချစ်ပါကြောင်း ပြောချင်ပါတယ်လို့ နှုတ်ဆက်သွားပါတယ်။ လီဗီ ကိုးဝဲလ်ဟာ ချယ်ဆီးမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီး ၂၀၂၉ […]
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေမှ အလားအလာရှိ ဆယ်ကျော်သက် ကစားသမားတွေကို လိုက်လံ ချိတ်ဆက်နေခဲ့ပြီး ကွင်းလယ်လူသစ် နောက်ထပ် တစ်ဦးနဲ့ ခံစစ်မှူးသစ်တို့ကို ရဖွယ် ရှိနေပါတယ်။ လီဗာပူးဘက်က ဘာ့ဆီတစ်လို ကြယ်ပွင့်မျိုး ထပ်မံ ရရှိရေးအတွက် အခြားသော အကယ်ဒမီကျောင်းတွေမှ အလားအလာရှိသူတွေကို လိုက်လံ ရှာဖွေ ခေါ်ယူနေတာ […]
လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ဒီအပတ် အစမှာတင် အမြန်ဆုံး စတင်တော့မှာ ဖြစ်ပါတယ်။ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ ထွက်ခွာသွားတဲ့နောက် ကွင်းလယ်အတွက် အသင်းရဲ့ ဦးစားပေး ပစ်မှတ်ဟာ လာဗီယာ ဖြစ်လာခဲ့ပါပြီ။ အရင်အပတ်ကပဲ ပထမအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင် […]
အသင်းရဲ့ တိုက်စစ်မှာ ပွဲကစားခွင့်ရဖို့ဆိုရင် ခံစစ်ပိုင်း တာဝန်တွေကို ရယူနိုင်ရပါမယ်လို့ နည်းပြကလော့ပ်က လက်စတာပွဲအပြီး ပြောဆိုလာပါတယ်။ အသင်းတိုက်စစ်မှာ ဆာလာ၊ ဒါဝင်၊ ဂျိုတာ၊ ဂက်ပိုနဲ့ ဒီယက်ဇ်တို့ ရှိနေသလို ဗန်ဒုတ်လို လူငယ် ကြယ်ပွင့်လည်း အခွင့်အရေးကို စောင့်ဆိုင်းနေတာပါ။ သူ့ရဲ့ အသင်းမှာ ဘယ်တိုက်စစ်အတွဲကို နေရာပေးမလဲ […]
ဘောလုံးရာသီက ရေရှည် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရာသီအဖွင့် ကာလတွေမှာတော့ ကွင်းလယ် နံပါတ် ၆ နေရာကို ကာတစ်ဂျုံး တာဝန်ယူရမယ်လို့ သတင်းတွေ ကျယ်ပြန့်နေပါတယ်။ တိုက်စစ် ၃ ယောက်တန်းမှာ ပါလိုရင် ပိုပြီး ခြေစွမ်းပြကြလို့ ကလော့ပ်က သတိပေးလိုက်ပါတယ်။ အသင်းမှာ တိုက်စစ်သမား ၅ ဦးထိရှိပြီး […]
ဒါဝင်၊ ကလက်၊ ဂျိုတာ၊ ဗန်ဒုတ်တို့ ဂိုးသွင်းခဲ့တဲ့ လီဗာပူး ၄-၀ လက်စတာပွဲမှ ထူးခြားချက် အချို့ကို ဖော်ပြပါမယ်။ ဒီနေ့ပွဲမှာ ပွဲလက်မှတ် စျေးကြီးမှုကြောင့် တက်ရောက် ကြည့်ရှုတဲ့ ပရိသတ် နည်းပါးခဲ့ပြီး ကြားရက် ဗုဒ္ဓဟူးနေ့မှာတော့ ကွင်းပြည့်မယ် မျှော်လင့်ရပါတယ်။ ကွင်းလယ်အတွင်းလူက ကားတစ်လား? ပွဲကြိုမှာ […]
ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ ထွက်ခွာသွားတဲ့နောက် လစ်လပ်နေတဲ့ ကွင်းလယ် နံပါတ် ၆ နေရာမှာ ထရန့်ကို သုံးမှာ မဟုတ်ကြောင်း ကလော့ပ်က သဲလွန်စ ပေးလာပါတယ်။ ဂျာမနီ ရာသီကြိုပွဲစဉ်အဖြစ် Karlsruher, Furth တို့ဖြင့် ယှဉ်ပြိုင်စဉ်မှာ သီယာဂို၊ ဘာ့ဆီတစ်၊ မော်တန်တို့ ဒဏ်ရာတွေကြောင့် မပါနိုင်ခဲ့တာမို့ […]
ပြင်သစ်သတင်းဌာနတွေက လီဗာပူးအသင်းဟာ အမ်ဘာပေကို တစ်ရာသီ အငှားဖြင့် ခေါ်ယူဖို့ ကြိုးစားနေကြောင်း ဖော်ပြမှုတွေ ရှိလာပါတယ်။ လီဗာပူး အသိုင်းအဝိုင်းကတော့ အမ်ဘာပေက ကွင်းလယ် ခံစစ်မှာ ကစားနိုင်လို့လား ဆိုပြီး ဟားတိုက်ခဲ့ကြပါတယ်။ ကွင်းလယ် ပြန်တည်ဆောက်ရေးဟာ အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး ဖြေရှင်းစရာ နည်းလမ်းတွေကို ရှာဖွေရမယ်လို့ နည်းပြကလော့ပ်က […]
ဂျော်ဒန် ဟန်ဒါဆန် ထွက်ခွင့်တောင်းတဲ့ ကိစ္စဟာ သူ့ကို အံ့အားသင့်စေခဲ့ကြောင်းနဲ့ အပျက်အပျက်နဲ့ နှာခေါင်းသွေး မထွက်လိုတာကြောင့် ထွက်ခွင့်ပေးခဲ့တယ်လို့ နည်းပြကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူဟာ တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀၀ ရမယ့် ဆော်ဒီကလပ် Al Ettifaq အသင်းထံ ၃ […]
လက်စတာပွဲကြို စင်္ကာပူမှာလုပ်တဲ့ မီဒီယာတွေ့ဆုံမှုမှာတော့ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဘယ်သူဖြစ်လာမလဲ ဆိုတာက အရေးကြီးတဲ့ မေးခွန်းဖြစ်လာခဲ့ပါတယ်။ ဟန်ဒါဆန် ထွက်ခွာသွားသလို မီလ်နာကလည်း အလွတ်ဖြင့် ပြောင်းသွားတဲ့နောက် လီဗာပူးအသင်းဟာ ခေါင်းဆောင် ၂ ဦးနေရာ အစားထိုးရတော့မှာပါ။ အသင်းခေါင်းဆောင် နေရာအတွက် ကလော့ပ်က တိုက်ရိုက်ရွေးချယ်ပြီး အဝတ်လဲခန်းကို အသိပေးမှာ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!